လူ ၇၀ကျော်သေဆုံးခဲ့သည့် အောင်စိုးမိုးကျော်ရေယာဉ်ကို ခရီးသည် ၃၆ဦးသာ တင်ဆောင်ခွင့်ပြုထား တရားဝင်စာရင်းများအရ လူ ၇၀ကျော်သေဆုံးခဲ့သည့် အောင်စိုးမိုးကျော်ရေယာဉ်သည် ခရီးသည် ၃၆ဦးသာ တင်ဆောင် ခွင့်ပြုထားကြောင်း ရေယာဉ်နစ်မြုပ်မှု စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်က ပြောသည်။ ‘‘ ဒီရေယာဉ်ကို ၃၆ယောက် သာ စီးနင်းဖို့ သတ်မှတ်ထားတာ ပါ။ သုံးလအတွင်း လွန်းတင်စစ်ဆေးဖို့ မှတ်ချက် ပေးထားတဲ့အတွက် ယာယီအသိအမှတ်ပြုလက် မှတ်ပဲထုတ်ပေးထားတယ်’’ဟု ဦးသောင်းကြိုင်ကပြောသည်။ ကနီမြို့နယ် မိကျောင်းတွင်း ကျေးရွာအနီး ချင်းတွင်းမြစ် ကြောင်းတွင် ဟုမ္မလင်း-မုံရွာခရီးသည်တင် အမြန်ရေယာဉ် နစ်မြုပ် မှုဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ရှင်းလင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၂၂ရက် နံနက် ၁၂နာရီ၌ မုံရွာခရိုင် အုပ်ချုပ်ရေးမှူးရုံး အတွင်းရှိ မြသလ္လာခန်းမ၌ကျင်းပစဉ် ဦးသောင်းကြိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ ‘‘ကယ်ဆယ်ရရှိတဲ့ ခရီးသည် က ၁၅၉ဦးတွေ့ရှိ၊ အလောင်း ၆၈လောင်း၊ လက်ဝယ်မရရှိဘဲ သတင်းအရ ငါးလောင်းနဲ့ဆိုရင် စုစုပေါင်း ၇၃လောင်းဆိုတော့ရေ ယာဉ်ပေါ်လိုက်ပါလာသူ ၂၃၂ဦး ရှိပါတယ်။ ရေယာဉ်ပေါ်မှာပါလာ တဲ့သူတွေထဲမှာ ပျောက်ဆုံးနေတဲ့ သူ ၈၀ခန့်ထဲမှာ ဆယ်ယူရရှိတာ က ၇၃ဦးဆိုတော့ အလောင်းမရ ဘဲ ပျောက်ဆုံးနေသူက ခုနစ်ဦး ခန့်ပဲရှိတယ်’’ဟု စစ်ကိုင်းတိုင်းဒေ သကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက် မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန် ကြီးဦးသန်းညွန့်ဝင်းက ပြောသည်။ အဆိုပါရေယာဉ်၏ မှတ်ပုံ တင်အမည်မှာ ရွှေသီဟဖြစ်ပြီး မူလပိုင်ရှင်မှာ ဦးစန်းဝင်းဖြစ် ကြောင်း၊ အောင်စိုးမိုးကျော်အ မည်နှင့် မှတ်ပုံတင်ထားခြင်းမရှိဘဲ မူလပိုင်ရှင်ဦးစန်းဝင်းဆီမှ တရားမဝင်ဝယ်ယူထားပြီး အမည်ပြောင်းလဲထားကြောင်း၊ မူလမှတ်ပုံတင်ထားသည့် ရွှေသီဟနှင့် လက်ရှိ အမည်တပ်ထားသော အောင်စိုးမိုးကျော်ရေယာဉ်မှာ တစ်စီးတည်းဖြစ်ကြောင်း ဦးသန်းညွန့်ဝင်းက ရှင်းလင်းပြောကြားခဲ့သည်။ ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသော အောင်စိုးမိုး ကျော်ရေယာဉ်သည် အောက်တို ဘာ ၁၅ရက်နံနက် ၅နာရီခန့်တွင် ကနီမြို့နယ် မိကျောင်းတွင်းကျေး ရွာအနီး ချင်းတွင်းမြစ်အတွင်း၌ ကျောက်ဆောင်ကို ရှောင်တိမ်း ရာမှ အရှိန်လွန်တိမ်းမှောက်ခဲ့ပြီးခရီးသည် ၁၅၉ဦးအား အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သည်။ ခရီးသည် ၇၃ဦး၏ ရုပ်အလောင်းများကို ဆယ်ယူရရှိခဲ့ပြီး ခရီးသည် ခုနစ်ဦးခန့် ပျောက်ဆုံးလျက်ရှိကြောင်း ဝန်ကြီးဦးသန်းညွန့်ဝင်းက ပြောသည်။ နိုင်ငံတော်သမ္မတ၏ ကြေ ညာချက်တွင် ရေယာဉ်နစ်မြုပ်မှု ဖြစ်စဉ်ဖြစ်ပွားမှုအပေါ် စနစ်တ ကျစစ်ဆေးပြီး တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်းဖော်ပြချက်နှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုး ရအဖွဲ့က မည်သို့အရေးယူဆောင် ရွက်မှုများရှိကြောင်း ရေယာဉ်အသင်းတာဝန်ရှိသူတစ်ဦးက မေး မြန်းခဲ့သည်။ အဆိုပါ မေးခွန်းနှင့်ပတ် သက်၍ ‘‘သမ္မတကြီးရဲ့ထုတ်ပြန် ကြေညာချက်မှာတာဝန်ရှိတဲ့အဖွဲ့ အစည်းတွေကို အရေးယူမယ်ဆို ရင် ဝန်ကြီးအနေနဲ့ လက်ခံပါ တယ်’’ဟု ဝန်ကြီးဦးသန်းညွန့်ဝင်းကပြောကြားခဲ့သည်။ ရေယာဉ်နစ်မြုပ်မှုဖြစ်စဉ်တွင် စုံစမ်းစစ်ဆေးတွေ့ရှိချက် များအပေါ် ပြည်ထောင်စုအစိုးရ အဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရအ ဖွဲ့ထံသို့ အမြန်ဆုံးတင်ပြမည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
Source : http://ift.tt/2eu6iJn
via IFTTT
No comments:
Post a Comment