Friday, October 21, 2016

7Day News Journal

ငွေလဲနှုန်းတည်ငြိမ်ရေး ငွေစက္ကူရိုက်ထုတ်မှု လျှော့ချရန် လိုအပ်ဟုဆို အစိုးရသစ်အနေဖြင့် ဗဟိုဘဏ်က ငွေစက္ကူရိုက်ထုတ် မှုများ လျှော့ချပြီး ငွေလဲနှုန်းတည် ငြိမ်အောင် လျင်မြန်စွာ ပြုလုပ်ရန် လိုအပ်ကြောင်း အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ကမ္ဘာ့ဘဏ်၏ စီးပွားရေးဆိုင်ရာ အရာရှိချုပ် မစ္စတာ Sudhir Shett က ပြောသည်။ အမေရိကန်ဒေါ်လာတန်ဖိုး သည် ရက်ပိုင်းအတွင်း အတက် အကျမြန်ခြင်းကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအတွက် အတားအဆီး ဖြစ်နေကြောင်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။ ‘‘ကာလတိုအတွက် အရေး တကြီးပြုပြင်ရမှာ ငွေလဲနှုန်းတည် ငြိမ်မှုပဲ။ ဗဟိုဘဏ်အနေနဲ့က လည်း ငွေလဲနှုန်းတည်ငြိမ်ဖို့ကို ငွေရိုက်ထုတ်မှုတွေ လျှော့ချသင့် တယ်’’ဟု မစ္စတာ Sudhir Shett က ပြောသည်။ ပြည်တွင်းငွေလဲနှုန်းသည် အောက်တိုဘာလဆန်းပိုင်းရက် များတွင် တစ်ဒေါ်လာလျှင် ကျပ် ၁,၂၉၀ မှ ၁,၂၅၉ ကျပ်သို့ ကျ ဆင်းသွားပြီး အောက်တိုဘာ ၂၀ ရက်တွင် ၁,၂၉၁ ကျပ်အထိ ပြန် လည်မြင့်တက်လာသည်။ ပြည်ပ စျေးကွက်တွင် အမေရိကန်ဒေါ် လာ စျေးနှုန်း မြင့်တက်သကဲ့သို့ ဗဟိုဘဏ်က သတ်မှတ်ထားသည့် ရည်ညွှန်း ငွေလဲနှုန်းမှာလည်း တစ်ဒေါ်လာလျှင် ၁,၂၇၂ ကျပ်သို့ မြင့်တက်လာသည်။ အစိုးရသစ်လက်ထက်တွင် ငွေလဲနှုန်းတည်ငြိမ်အောင်မထိန်း နိုင်ခြင်းကြောင့် နိုင်ငံခြားလုပ်ငန်း ရှင်အချို့က ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် အစီအစဉ်များ ခေတ္တရပ် ထားပြီး စောင့်ကြည့် လေ့လာမှု များရှိကြောင်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင် အချို့က ပြောသည်။
Source : http://ift.tt/2e6ohSq
via IFTTT

No comments:

Post a Comment