Sunday, October 16, 2016


မန်ချက်စတာ ယူနိုက်တက်နှင့် လီဗာပူးလ် ပွဲတွင် ဒိုင်လူကြီး အန်တိုနီတေလာ အနေနှင့် စွမ်းဆောင်ရည်ကောင်း ပြသရန် ခက်ခဲမည်ဟု မော်ရင်ညို ပြော အင်္ဂလန်ဒါဘီအဖြစ် တင်စားကြရတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ ပွဲစဉ်ကို ကိုင်တွယ်ဖို့ တာဝန် ပေးခံထားရတဲ့ ဒိုင်လူကြီး အန်တိုနီတေလာ အနေနဲ့ ယင်းပွဲစဉ်ကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ မန်ယူနည်းပြ မော်ရင်ညိုက ပြောကြားလိုက်ပါတယ်။ အန်တိုနီတေလာဟာ မန်ချက်စတာမြို့သား တစ်ဦးဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးနဲ့ ၆ မိုင်ကျော်ကျော်သာ ဝေးတဲ့နေရာမှာ နေထိုင်သူ ဖြစ်ပါတယ်။ ဒါကြောင့် တနင်္လာနေ့ ညမှာ ကစားမယ့် မန်ယူ - လီဗာပူးလ်ပွဲစဉ်ကို ကိုင်တွယ်ဖို့ အန်တိုနီတေလာလို မန်ချက်စတာမြို့သား ဒိုင်လူကြီး တစ်ဦးကို တာဝန် ပေးအပ်တာနဲ့ ပတ်သက်ပြီး လီဗာပူးလ် ပရိသတ်တွေက ဆန့်ကျင် ကန့်ကွက်လျက် ရှိပါတယ်။ မစ္စတာ တေလာဟာ ကျွမ်းကျင်တဲ့ ဒိုင်လူကြီးကောင်း တစ်ယောက်ဖြစ်ပေမယ့် မန်ယူနဲ့ လီဗာပူးလ် ပွဲစဉ်မတိုင်မီမှာ သူ့အပေါ် ရည်ရွယ်ချက်ရှိရှိ ဖိအားပေးမှုတွေ ရှိနေတာကြောင့် ပွဲစဉ်အတွင်းမှာ ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ မော်ရင်ညိုက ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မော်ရင်ညိုက သူ့အနေနဲ့ ယခင်တုန်းက ဒိုင်လူကြီးတွေနဲ့ ပတ်သက်ပြီး ဝေဖန် ပြောကြားမှုတွေကြောင့် အရေး ယူခံခဲ့ရတဲ့ သင်ခန်းစာတွေ ရှိထားတဲ့အတွက် အဲဒီအကြောင်းနဲ့ ပတ်သက်လို့ သူ့ရဲ့အမြင်ကို အကျယ်တဝံ့ပြောမှာ မဟုတ်ဘူးလို့လည်း ပြောကြား သွားခဲ့ပါသေးတယ်။ Ref : Daily Mail
Source : https://goo.gl/3Nv5hM
via IFTTT

No comments:

Post a Comment