ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ်(၃၅) အား စီရင်ချက် (အမိန့်) ချမှတ် နေပြည်တော် အောက်တိုဘာ ၂၁ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးသက်ထွန်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ) က ပဲခူးတိုင်း ဒေသကြီး ကျောက်ကြီး မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစည်သူလွင် (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ) ရရှိသော ခိုင်လုံမဲ၊ ပယ်မဲများအား ပြန်လည် စိစစ်ရေတွက် ပေးပါရန်နှင့် လျှောက်ထားခံရသူ ရရှိသော မဲများတွင် တရားမဲ့ ပြုကျင့်မှုကြောင့် ရရှိသော မဲများမပါရှိ ခဲ့သော် ခိုင်လုံမဲ အများဆုံးရရှိသူ လျှောက်ထားသူအား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် ကန့်ကွက်လွှာ တင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ်(၃၅/၂၀၁၅)ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ လက်ခံခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးထွန်းခင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးတင်မြင့်နှင့် ဦးမောင်မောင်လေးမြင့်တို့ ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၃)က ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၁ ရက်တွင် လျှောက်ထားသူ ဦးသက်ထွန်းသည် တောင်းဆိုသည့် သက်သာခွင့်ကို ရထိုက်သည်မဟုတ်၍ လျှောက်ထားသူ၏ ရွေးကောက်ပွဲကန့်ကွက် လျှောက်ထားလွှာအမှုအား စရိတ်နှင့်တကွ ပလပ်ကြောင်းဆုံးဖြတ်ပြီး အမှုစရိတ်ငွေကျပ် နှစ်သိန်း တိတိကို လျှောက်ထားသူမှ လျှောက်ထားခံရသူအား ပေးစေသည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံး များမှ ဆုံးဖြတ်ချက် (အမိန့်)ချမှတ်ပြီးသော ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုပေါင်းမှာ အောက်တိုဘာ ၂၁ ရက်အထိ ၃၉ မှု ရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်း တွင် ထည့်သွင်းကြေညာခဲ့သော အမှုပေါင်းမှာ ၂၇ မှု ရှိပြီးဖြစ် ကြောင်း သတင်းရရှိသည်။
Source : http://ift.tt/2epZbzO
via IFTTT
No comments:
Post a Comment