ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ရွေးကောက်ပွဲအပြီး လေးရက်အကြာတွင် ထုတ်ပြန်ရန် လျာထားဟုဆို ကြားဖြတ်ရွေးကောက် ပွဲအနိုင်ရ လွှတ်တော်ကိုယ်စား လှယ်များ၏ အမည်စာရင်းများကို ရွေးကောက်ပွဲကျင်းပပြီး လေး ရက်အတွင်း ထုတ်ပြန်ပေးရန် လျာထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်လိုက်သည်။ လာမည့်နှစ် ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲအတွက် ရွေးကောက်ပွဲ လျာထားလုပ်ငန်းစဉ် အချိန်စာ ရင်းကို အောက်တိုဘာ ၁၈ ရက် က ထုတ်ပြန်ရာတွင် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို ၂၀၁၇ ဧပြီ ၂ ရက်မှ ၅ရက်အထိ ကြေညာပေးမည်ဟု ပါရှိသည်။ ပြီးခဲ့သည့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေ ထွေအရွေးကောက်ပွဲ ရလဒ်များ ကိုလည်း ရွေးကောက်ပွဲကျင်းပပြီး သည့် တစ်ပတ်အတွင်း ယခင် ရွေးကောက်ပွဲ ကော်မရှင်များက ထုတ်ပြန်ကြေညာပေးမှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ ရွေး ကောက်ပွဲ လျာထားလုပ်ငန်းစဉ်ကို ထုတ်ပြန်ပေးခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း နိုင်ငံရေး ပါတီများက ဆိုသည်။ ‘‘အရင်ကလည်း ရွေး ကောက်ပွဲရလဒ်တွေကို ခပ်မြန် မြန် ထုတ်ပေးတာပဲ။ ဒီတစ်ခါ ထူးခြားတာကတော့ လုပ်ငန်းစဉ် လျာထားကို ထုတ်ပြန်ပေးလိုက် တာ။ အရင်က တစ်ခုပြီးမှ တစ်ခု ထုတ်ပြန်ပေးတာ။ အခုလို လုပ် ငန်းစဉ်ကြီးတစ်ခုလုံးရဲ့ လျာထား ချက်ကို ထုတ်ပြန်ပေးတာ မရှိခဲ့ဘူး’’ ဟု အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF)အထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော်က ပြောသည်။ အဆိုပါရွေးကောက်ပွဲ လျာ ထားလုပ်ငန်းစဉ် အချိန်စာရင်း အရ မဲဆွယ်စည်းရုံးခွင့်ကာလကို ၂၀၁၇ ဇန်နဝါရီ ၃၀ မှ မတ်လ၃၀ အထိ နှစ်လသတ်မှတ်ပေးထား သည်။ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနိုင်မည့် ယခုနှစ် နိုဝင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ သတ်မှတ်ထားကာ အမည်စာရင်း တင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ တင်သွင်းလွှာများကို ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက် အထိ စိစစ်မည်ဟု ရွေးကောက်ပွဲ လျာထား လုပ်ငန်းစဉ်အချိန်စာရင်းတွင် ပါရှိသည်။ စိစစ်ပြီး ရွေးကောက်ပွဲဝင် ပြိုင်ခွင့်ရသည့် လွှတ်တော်ကိုယ် စားလှယ်လောင်းများ၏ အမည် စာရင်းကို ၂၀၁၇ ဇန်နဝါရီ ၂ ရက်တွင် ကြေညာမည်ဖြစ်ကာ ပြည်ပရောက် မဲဆန္ဒရှင်များမှ ကြိုတင်မဲလက်မှတ်ဖြင့် ဆန္ဒမဲ ပေးနိုင်ရန် ပုံစံ(၁၅)များကို သက် ဆိုင်ရာ သံရုံးများသို့ ယခုနှစ် နိုဝင် ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၅ ရက် အထိ ပေးပို့ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်က အဆိုပါအချိန်စာရင်း၌ ဖော်ပြ ထားသည်။ လက်ရှိ လွှတ်တော်တွင်းရှိ လစ်လပ်နေရာများအတွက် ကြား ဖြတ်ရွေးကောက်ပွဲကို လာမည့် နှစ် ဧပြီ ၁ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က အောက် တိုဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့ပြီး လစ်လပ်မဲဆန္ဒနယ် ၁၈ နေရာ ကျင်းပမည်ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲ တွင် လစ်လပ်နေရာ ၁၈ နေရာရှိ ရာ လစ်လပ်မဲဆန္ဒနယ်များရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခု မှ မြို့နယ် ၂၁ မြို့နယ်တို့၌ ကျင်းပမည်ဖြစ်သည်။ လစ်လပ်မဲဆန္ဒနယ် ၁၈ နေရာတွင် ပြည်သူ့လွှတ်တော် အတွက် ကိုးနေရာ၊ အမျိုးသား လွှတ်တော်အတွက် သုံးနေရာ၊ ပြည်နယ်လွှတ်တော်အတွက် ခြောက်နေရာတို့ဖြစ်ကြသည်။
Source : http://ift.tt/2ecqRHU
via IFTTT
No comments:
Post a Comment