Monday, October 17, 2016

ထိုင်းဘုရင့်သမီးတော်သီရိဒုံကို ရင်နင့်စေသော ခမည်းတော်ဘုရင်ကြီး၏ ပေးစာ - DVB

ထိုင်းဘုရင့်သမီးတော်သီရိဒုံကို ရင်နင့်စေသော ခမည်းတော်ဘုရင်ကြီး၏ ပေးစာ အဲဒီစာဟာ အများပြည်သူအတွက် အကျိုးရှိစေခြင်းငှာ မင်းသမီးကိုယ်တိုင် ကောက်နုတ်ဖြန့်၀ေထားပြီး စာရဲ့အဆုံးမှာလည်း ဖတ်ပြီးတော့ ရင်ဆို့တယ်လို့ ဖော်ပြထားပါတယ်။ စာပါအကြောင်းအရာကို မြန်မာလို ဆီလျော်အောင် ဘာသာပြန်လိုက်ပါတယ်။ ဖေဖေ့သမီး ဒီမြေပေါ်မှာ အရာတိုင်းဟာ အမြဲဒွန်တွဲပြီး ဖြစ်လာတယ်။ မှောင်မည်းခြင်းနဲ့ လင်းထိန်ခြင်း လိမ္မာခြင်းနဲ့ မိုက်မဲခြင်း မိိမိနှစ်သက်ရာကို ရွေးချယ်ရစတမ်းဆိုရင် လူတိုင်းဟာ အလင်းရောင်ကိုသာ နှစ်သက်မယ်။ ကောင်းမွန်သောအရာကိုသာ နှစ်သက်မယ်။ ဒါပေမယ့် ကိုယ်နှစ်သက်တဲ့အရာကို ရချင်မှရမယ်။ အဲဒီ လင်းထိန်သောနေရာ သို့မဟုတ် ကောင်းမွန်သောနေရာကို ရောက်ဖို့ဆိုရင် နည်းလမ်းရှိပါတယ်။ အဲဒါကတော့ သူတပါးကို ချစ်ခင်ခြင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတပါးရဲ့ ချစ်ခင်မှုကို ရခဲ့ရင် ပြဿနာတိုင်းကို ဖြေရှင်းနိုင်လိမ့်မယ်။ ဒီကမ္ဘာမှာ ချမ်းသာသုခတွေနဲ့ပဲ ရှိစေချင်တယ်ဆိုရင် ငြိမ်းချမ်းမှုပဲ ရှိစေလိုတယ်ဆိုရင် လူတွေရဲ့ ချစ်ခင်မှုကို ရရှိမှဖြစ်မယ်။ သမီးကို ဖေဖေ ဒီလို ပြောချင်တယ်။ ၁။ အတိတ်မှာပဲ ဖြစ််စေ၊ ပစ္စုပ္ပန်မှာပဲ ဖြစ်စေ၊ အနာဂတ်မှာပဲ ဖြစ်စေ သူတပါးကို ကိုယ်နဲ့ အတူတူ မွေးဖွားလာသူ၊ ကိုယ်နဲ့အတူတူအိုမယ့်သူ၊ ကိုယ်နဲ့အတူ နာမယ့်သူ၊ ကိုယ်နဲ့အတူ သေမယ့်သူချည်းပဲလို့ သဘောထားပါ။ ၂။ လောကကြီးကို အကောင်းမြင်ပါ။ အဲဒီထက်ပိုကောင်းအောင် မြင်ပါ။။ ပြဿနာကို ဆီလျော်မှန်ကန်စွာ ဖြေရှင်းနိုင်ဖို့ လောကကို အမှန်တရားနဲ့ ရှုမြင်ပါ ၃။ ထီးတည်းနေတတ်အောင် နေပါ။ ဆိုလိုတာက စိတ်ကို ရောင့်ရဲမှုနဲ့ အခြေခံတာ၊ ရှိသလောက်နဲဲ့ ရသလောက်နဲ့ ရောင့်ရဲတင်းတိမ်တာ၊ စွဲလမ်းမှုမရှိတာ၊ ရှိလည်း ကောင်းတယ်၊ မရှိရင်လည်း ရတယ်လို့ သဘောထားပါ၊ ကိုယ့်အခြေအနေနဲ့ကိုယ် တင်းတိမ်မှု ရှိပါ။ – လောဘကြီးလို့ နောက်ပိုင်းဒုက္ခရောက်သွားရတဲ့ ဖားပြုတ်လို မဖြစ်ရဘူး (တရံသော အခါ ဖားပြုပ်သားအမိက နွားတကောင်ကို တွေ့သတဲ့၊ ဖားပြုပ်လေးက ‘နွားကအကြီးကြီးပဲ မေမေလို့ ကြီးလိုက်တာ’လို့ ချီူကျူးလိုက်တော့ ဖားပြုပ်မကလည်း ငါလည်းကြီးအောင် လုပ်တတ်တယ် ဆိုပြီး သူ့ကိုယ်ကို ဖောင်းလိုက်တယ်၊ ဒီလောက်လား၊ ဒီလောက်လား ဆိုပြီး ထပ်ကာထပ်ကာ ဖောင်းလိုက်တော့ ဗိုက်ကွဲသွားတဲ့ ပုံပြင်ကို ဥပမာပေး) – အလုပ်ကို နိုင်သလောက်ပဲ လုပ်ပါ၊ မနိုင်တဲ့၀န်ကို မထမ်းပါနဲ့။ – မိမိအခြေအနေနဲ့ လိုက်လျောညီထွေတဲ့ အသက်မွေး၀မ်းကျောင်းမှုမျိုးကိုသာ လုပ်ပါ။ ၄။ စိတ်ကို တည်တံ့အောင်ထားပါ။ ပျင်းရိခြင်းရဲ့ ပြစ်ဒဏ်နဲ့ ကြိုးစားခြင်းရဲ့ ဆုလာဘ်တွေ ကို မြင်တတ်ပါစေ ၊ မမျှော်လင့်တဲ့အရာတွေ ကြုံဆုံလာရခဲ့ရင်လည်း ပူပင်၀မ်းနည်းမနေဘဲ အခြွေအရံရှိခြင်း အခြွေအရံမဲ့ခြင်း၊ သုခဖြစ်ခြင်း ဒုက္ခဖြစ်ခြင်း၊ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း၊ လာဘ်ရှိခြင်း လာဘ်ပိတ်ခြင်း၊ ရာထူးတက်ခြင်း၊ ရာထူးကျခြင်း ဆိုတဲ့ လောကဓံတရားကို အောက်မေ့ပြီး ရှိပါစေတော့လို့ သဘောထားလိုက်ပါ ။ ဖေဖေ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၆ ရက် ။
Source : http://ift.tt/2edKMDR
via IFTTT

No comments:

Post a Comment