Monday, October 17, 2016


ဘရာဇီးအကျဉ်းထောင်တွင်း ဂိုဏ်းဖွဲ့ရန်ပွဲ အကျဉ်းသား ၂၅ ဦးသေဆုံး အောက်တိုဘာ ၁၇ ဘရာဇီးနိုင်ငံမြောက်ပိုင်းက အကျဉ်းသားတွေ ပြည့်ကျပ်နေတဲ့ အကျဉ်းထောင်တစ်ခုမှာ ပြိုင်ဘက်ဂိုဏ်း နှစ်ဂိုဏ်းကြား ခိုက်ရန်ဖြစ်ပွား ခဲ့တာကြောင့် အကျဉ်းသား ၂၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။ သေဆုံးသူတွေထဲက ၇ ဦးဟာ ခေါင်းဖြတ် သတ်ခံခဲ့ရတာဖြစ်ပြီး ၆ ဦးကအရှင်လတ်လတ် မီးရှို့သတ်ခံခဲ့ရတာဖြစ် တယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ရိုရိုင်မာပြည်နယ်ရဲ့မြို့တော် ဘိုအာဗစ္စတာက ထောင်တွင်းခိုက်ရန်ပွဲဟာ ဧည့်တွေ့ချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဓားစာခံအဖြစ်ခေါ်ဆောင်သွားခံရတဲ့ ဧည့်သည် ၁၀၀ခန့် ပြန်လွတ်လာခဲ့ပြီး အဓိကရုဏ်းလည်း ပြီးဆုံးသွားခဲ့တယ် လို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ပြိုင်ဘက်အုပ်စုအဖွဲ့သားတွေကိုထားတဲ့ အကျဉ်းထောင်နေရာကို တခြားအုပ်စုက အကျဉ်းသားတွေ ချိုးဖောက် ဝင်ရောက်ခဲ့ချိန်မှာ အခုလို အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဗိုလ်မှူး ဖော်ကနာဖာရဲရား ကပြောပြပါတယ်။ အကျဉ်းသားတွေမှာ တုတ်၊ဓားတွေ ပါရှိတယ် လို့လည်း မျက်မြင် တွေ့သူတစ်ဦးက ပြောပါတယ်။ လူ ၇၄၀ သာဆန့်တဲ့ အကျဉ်းထောင်ထဲမှာ လက်ရှိမှာ အကျဉ်းသား ၁,၄၀၀ ခန့်ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဘရာဇီးဟာ ကမ္ဘာပေါ်မှာ အကျဉ်းသားဦးရေ စတုတ္ထမြောက် အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ အကျဉ်းသား ၆၀၀,၀၀၀ ခန့် ရှိပါတယ်။ [Ref:BBC;17 October 2016] မအေးသီမွန်
Source : http://ift.tt/2efIIzL
via IFTTT

No comments:

Post a Comment