Sunday, October 23, 2016

7Day News Journal

အမေရိကန်စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားခဲ့ခြင်းကြောင့် ရလာမည့် အကျိုးကျေးဇူးများကို စီးပွားရေးလုပ်ငန်းရှင်ကြီးများက ကိုယ်ကျိုးအတွက် သုံးမည်လား၊ နိုင်ငံအတွက် သုံးမည်လားဆို ခြင်းကို ပြည်သူများက စောင့် ကြည့်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က အသိပေးပြော ကြားသည်။ ‘‘စီးပွားရေး ပိတ်ဆို့မှုတွေ ဖယ်ရှားပေးနိုင်တယ်။ ဒီအခွင့် ကောင်းကို အများအတွက်ယူစေ ချင်တယ်။ တစ်နိုင်ငံလုံးကစောင့် ကြည့်နေတယ်။ စီးပွားရေးပိတ်ဆို့ မှု ဖယ်ရှားလိုက်လို့ ရလာမယ့် အ ကျိုးကျေးဇူးတွေကို စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက နိုင်ငံအ တွက် သုံးမှာလား၊ ကိုယ်ကျိုးအ တွက် သုံးမှာလားဆိုတာ အားလုံး က စောင့်ကြည့်နေတယ်လို့ ကျွန်မ သတိပေးလိုက်ပါရစေ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ ဖွံ့ဖြိုးမှု မိတ်ဆက်တွေ့ဆုံပွဲ၌ ပြောကြားသည်။ အမေရိကန်အစိုးရကမြန်မာ အပေါ် စီးပွားရေးအရ ပိတ်ဆို့ အ ရေးယူမှုများကို အောက်တိုဘာ ၇ ရက်တွင် ဖယ်ရှားကြောင်း ကြေ ညာပြီး ၁၆ ရက်အကြာ၌ စီးပွား ရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေ သောပြည်ပလုပ်ငန်းရှင်များ၊ ဖွံ့ ဖြိုးရေးအတွက် အကူအညီပေး နေသော အဖွဲ့အစည်းများမှ တာ ဝန်ရှိသူများ တက်ရောက်သော အခမ်းအနားတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။ ကန်စီးပွားရေး ပိတ်ဆို့မှုမှ လွတ်မြောက်ခဲ့သူ ၁၄ဝ ကျော်ရှိပြီး စစ်ဗိိုလ်ချုပ် ဟောင်းများ၊ စစ်တပ်ပိုင်လုပ်ငန်း များ၊ ခရိုနီလုပ်ငန်းရှင်အများစု ပါဝင်ခဲ့သည်ကိုတွေ့ရသည်။ ထို့အပြင် အစိုးရသက်တမ်း ခြောက်လအတွင်းနိုင်ငံ့စီးပွားရေး တိုးတက်မှုမရှိကြောင်းကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ပထမဆုံးအကြိမ်ဝန်ခံပြော ကြားသည်။ ‘‘ကျွန်မတို့အစိုးရသက်တမ်း ပထမခြောက်လအတွင်းမှာ မျှော် မှန်းသလောက် စီးပွားရေးဘက် မှာ လျင်မြန်စွာတိုးတက်နိုင်မှု မရှိ ဘူးဆိုတာ ဝန်ခံပါတယ်’’ဟု နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ ဖွံ့ဖြိုးမှု မိတ်ဆက် တွေ့ဆုံပွဲအခမ်းအနား တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ စီးပွားရေးဖွံ့ဖြိုးမှုမရှိခြင်း သည် အကြောင်းရင်းများစွာရှိနိုင် သော်လည်း အားလုံးဝိုင်းဝန်းကူ ညီမှုဖြင့် ကျော်လွှားနိုင်မည်ဟု ၎င်းက ဆက်လက်ပြောသည်။ ‘‘ကျွန်မတို့လုပ်ငန်းရှင်တွေ ဟာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် အောင် လုပ်ပေးနိုင်တဲ့နေရာမှာ ရှိနေပါတယ်’’ ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။ အစိုးရသစ် စတင်တာဝန်ယူ စဥ်ကတည်းက ယခုကဲ့သို့ အခမ်း အနားမျိုး ကျင်းပမည်ကို ပြော ကြားထားကြောင်း၊ နိုင်ငံရေးစနစ် သစ်ပြောင်းချိန်တွင် စီးပွားရေး စနစ်ပြောင်းရကြောင်း၊ စီးပွားရေး စနစ်ပြောင်းလဲမှုကြောင့် စီးပွား ရေးသမားများ စိုးရိမ်ပူပန်မှု မဖြစ် စေရန် တွေ့ဆုံခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရခြင်းရည်ရွယ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။ ‘‘အတိတ်ဆိုတာ ကိုယ့်ကို ချည်နှောင်ထားဖို့မဟုတ်ဘူး။တစ် ချိန်တစ်ခါက ကိုယ့်အတွက်ပဲ လုပ်တဲ့ ပုဂ္ဂိုလ်တွေက နောင်တစ် ချိန် အများအတွက်မလုပ်နိုင်ဘူး လား’’ဟု ဒေါ်အောင်ဆန်းစုကြည် က မေးခွန်းထုတ်သည်။ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုအတွက် အရေးအကြီးဆုံး အချက်သည် နိုင်ငံသူ နိုင်ငံသား များကို အရည်အချင်းမြှင့်တင်နိုင် ရေးဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။ ထို့အပြင် စီးပွားရေးဖွံ့ဖြိုးမှု အတွက် တရားဥပဒေစိုးမိုးမှု အ ရေးကြီးသည်ဟု ပြောကြားသည်။ ‘‘တရားဥပဒေစိုးမိုးရေး ဆို တာ ဥပဒေနဲ့ ဘောင်ခတ်ထား တာမဟုတ်ဘူးဆိုတာ နားလည် ဖို့လိုတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်ကပြောကြားသည်။ တွေ့ဆုံပွဲ အပိတ်မိန့်ခွန်း တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားပေးသည့် အခွင့်အရေး နှင့်ပတ်သက်၍ လုပ်ငန်းရှင်များ အား သတိပေးပြောကြားသည်။ အောက်တိုဘာ ၂၂ ရက်က နေပြည်တော်ရှိ မြန်မာကွန်ဗင်း ရှင်း စင်တာတွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ကုန် သည်များနှင့် စက်မှုလက်မှု လုပ် ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦး ဝင်းအောင်၊ မြန်မာနိုင်ငံ ဘဏ် များအသင်းဥက္ကဋ္ဌ ဦးခင်မောင် အေး၊ ကမေ္ဘာဇဘဏ် အမှုဆောင် ဒါရိုက်တာ ဒေါ်နန်းလိုင်းခမ်း၊ ဂျပန်နိုင်ငံအခြေစိုက် မြန်မာနိုင်ငံ တွင် ဘဏ်ခွဲဖွင့်လှစ်ထားသည့် ဆူမီတိုမိုမစ်ဇူအီဘဏ်မှ တာဝန် ရှိသူတစ်ဦးနှင့် သံတမန်အဖွဲ့ နာ ယက မြန်မာနိုင်ငံဆိုင်ရာ စင်ကာ ပူသံအမတ်တို့က စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ အ ကြံပြုဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ မက်စ်မြန်မာ ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်၊မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်၊ ထွန်းဖောင်ဒေးရှင်း ဘဏ်ဥက္ကဋ္ဌ ဦးသိန်းထွန်း စသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများအ ပါအဝင် အခွန်အများဆုံးထမ်း ဆောင်သည့်လုပ်ငန်းရှင် ၁၅ဝ ကျော်တက်ရောက်သည်။ ထို့အ ပြင် အခမ်းအနားသို့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင်၊ ဦးတေဇ၏ သား ပြည့်ဖြိုးတေဇတို့လည်း တက်ရောက်ခဲ့သည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဦးကျော်ဝင်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်ပတ်သက် ၍ ရှင်းပြသည်။ ရင်းနှီးမြှုပ်နှံမှုများ ကို ပြည်သူပိုင်မသိမ်းကြောင်း လည်း အာမခံကြောင်း ကတိပေး ပြောကြားသည်။ စိုက်ပျိုးရေးကဏ္ဍတွင် တန် ဖိုးမြင့်ပို့ကုန်များ ထုတ်လုပ်နိုင် ရန်၊ နိုင်ငံခြားဘဏ်များ ထပ်မံ ခွင့်ပြုမည့် အစီအစဥ်၊ အသေးစား အလတ်စားလုပ်ငန်းများ အပေါင် ပစ္စည်းမလိုဘဲ ငွေချေးနိုင်မည့် အစီအစဥ်၊ ဟွန်ဒီ တရားမဝင် ငွေ လွှဲစနစ်ကို တရားဝင်ခွင့်ပြုပေး မည့်အစီအစဥ်များကိုလည်း ဦး ကျော်ဝင်းက အကျဥ်းချုပ်ပြော ကြားသည်။ ထို့အပြင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုမရှိခြင်းသည် အစိုးရ အပြောင်းအလဲတွင် ဖြစ်တတ် သည့် အခြေအနေမျိုးဖြစ်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မရှိခြင်းနှင့်ပတ်သက်၍ လွှတ် တော်ကိုယ်စားလှယ်ဟောင်းတစ် ဦးဖြစ်ခဲ့သည့် ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေက ‘‘ပြောင်းလဲ တာက အပေါ်ပိုင်းပဲပြောင်းလဲ တာပါ။ အောက်ခြေက အရင်အ တိုင်းပဲ။ လက်ရှိ အောက်ခြေက လူတွေ လုပ်နေနေတာတွေမှာ ပို ခက်ခဲအောင်၊ ပိုအာဏာရှိအောင် လုပ်နေတာတွေရှိတယ်။ အဲဒီ ကိစ္စတွေက အခုအချိန်အထိ အရိုးစွဲနေတော့ မပျောက်သေး ဘူး’’ဟု ပြောသည်။ အောက်ခြေဝန်ထမ်းများ အဂတိလိုက်စားပါက အစိုးရအ ဖွဲ့၊ ပြည်ထောင်စုဝန်ကြီးများ အား အသိပေး တိုင်ကြားနိုင် ကြောင်း၊ တိုင်ကြားရာတွင် အ မည်၊ မှတ်ပုံတင် နံပါတ်တို့ကို ထည့်သွင်းပြီး တိုင်ကြားနိုင် ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်က ပြောကြားသည်။ ‘‘ဒီနေ့က လုပ်ငန်းရှင်တွေ အားလုံးရဲ့စိတ်ထဲက စိုးရိမ်မှုတွေ ကိုလျော့ပါးသွားစေပါတယ်’’ဟု မြန်မာနိုင်ငံံ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။ အစိုးရသစ်လက်ထက် တွင် လုပ်ငန်းရှင်များနှင့် အစိုးရအဖွဲ့ ဝင်များအကြား နွေးထွေးသော ဆက်ဆံမှုကို ပြန်လည်ရရှိလာ မည်ဟု ၎င်းကဆိုသည်။ နိုင်ငံ့ထိပ်တန်းလုပ်ငန်းရှင် များသည် အတိိတ်ကာလက လုပ် ဆောင်ချက်များကြောင့် အစိုးရ သစ်လက်ထက်တွင် စိုးရိမ်စိတ် များရှိနေကြောင်း ဦးဝင်းကြိုင်က ပြောကြားသည်။
Source : http://ift.tt/2ejBH1k
via IFTTT

No comments:

Post a Comment