Monday, October 17, 2016

ဘင်္ဂါလီကျေးရွာများတွင် ယမန်နေ့ညက ဆူညံအော်ဟစ်မှုကြောင့် ဒေသခံများ စိုးရိမ် - DVB

ဘင်္ဂါလီကျေးရွာများတွင် ယမန်နေ့ညက ဆူညံ အော်ဟစ်မှုကြောင့် ဒေသခံများ စိုးရိမ် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဘင်္ဂါလီ ကျေးရွာတွေမှာ မနေ့ညက ဆူညံအော်ဟစ်သံတွေ ဖြစ်ပွားပြီး ဒေသခံတိုင်းရင်းသားတွေကတော့ စိုးရိမ်ပူပန်နေကြရတယ်လို့ ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။ “ဘင်္ဂါလီရွာတွေက ရုတ်ရုတ်ဖြစ်တယ်လို့ပြောတယ်။ အဓိကကတော့ သူတို့က အကြမ်းဖက်ဖို့အတွက်ကို လှုံ့ဆော်တာပဲဖြစ်တယ်လို့ ယူဆလို့ရတယ်။ ဘူးသီးတောင်နဲ့ဆိုရင် အဲဒီဖြစ်တဲ့နေရာက ၇ မိုင်လောက်၀ေးမယ်လို့ ကျနော်တို့ ခန့်မှန်းလို့ရပါတယ်။ ဘူးသီးတောင်က တော့ လောလောဆယ် ဘာမှာတော့ မဖြစ်သေးဘူး။ ဒါပေမယ့် လောလောဆယ် အဲဒီဘင်္ဂါလီရွာတွေနဲ့နီးတဲ့ တိုင်းရင်းသားရွာတွေက ကျနော်တို့ ရခိုင် တိုင်းရင်းသားတွေက စိုးရိမ်နေတဲ့ အခြေအနေတော့ ရှိနေတယ်။ ကျနော်တို့ဆီကို ဖုန်းအမြဲတမ်း လှမ်းဆက်နေတယ်။” ဆက်လက်ဖတ်ရှုရန်
Source : http://ift.tt/2dhzdyK
via IFTTT

No comments:

Post a Comment