ဆိုင်ကယ်အိတ်ဇောများ သိမ်းယူပြီး လမ်းကြိတ်စက်ဖြင့်ဖျက်ဆီး စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် ဒေသခံပြည်သူများ အား အသံဆူညံမှုဖြစ်စေသည့် ဆိုင်ကယ်အိတ်ဇော ၁၈၀ ကိုလမ်း ကြိတ်စက်ဖြင့် ဖျက်ဆီးလိုက် ကြောင်း ကသာမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးမှူးက ပြောသည်။ ကသာမြို့နယ် ကျောက်တိုင်ကွင်းတွင် အောက်တိုဘာ ၁၅ ရက်က ဖျက်ဆီးလိုက်ပြီး ဒေသတွင်း အုပ်ချုပ်ရေးပိုင်းနှင့် ဒေသခံများ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဖျက်ဆီးခြင်း ဖြစ်ကြောင်း ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောသည်။ ‘‘စည်းကမ်းမဲ့ယာဉ်တွေကို စီ မံချက်နဲ့ ဖမ်းခဲ့ပြီး ဆိုင်ကယ်တွေ ကိုတော့ တန်ဖိုးလည်း ကြီးတယ်။ ပိုင်ရှင်တွေလည်း ထိခိုက်မှာစိုးလို့ မဖျက်ဘူး။ အိတ်ဇောတွေကို တော့ ဖြုတ်ပြီး မြေဖို့ကားနဲ့ ကြိတ် ဖျက်ဆီးလိုက်တာ။ နောက်ထပ် မလုပ်နိုင်အောင်’’ဟု ဦးဝင်း အောင်က ပြောသည်။ ဖျက်ဆီးလိုက်သော ဆိုင် ကယ်အိတ်ဇောစုစုပေါင်း ၁၈၀ ခုမှာ ၂၀၁၅ မှ ၂၀၁၆ အောက်တိုဘာ လလယ်အထိ ဖမ်းဆီးခဲ့သည့်ဆိုင် ကယ်များမှ ဖြုတ်သိမ်းခဲ့ခြင်းဖြစ် ပြီး အရေးယူမှုများ ဆက်လက်ပြု လုပ်မည်ဖြစ်ကြောင်း ကသာမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကသာမြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများက စည်းကမ်းမဲ့ ဆိုင်ကယ်များအား ဖမ်းဆီးကာ ယခုကဲ့သို့ အရေးယူဖျက်ဆီးမှုကို ဒေသခံများက ကြိုဆိုနေကြသည်။
Source : http://ift.tt/2dTg3wX
via IFTTT
No comments:
Post a Comment