ဆီးချိုရောဂါကို ထိန်းသိမ်းပေးမယ့် အသုပ် (၃) မျိုး (ဆီးချိုရှိတဲ့ မိတ်ဆွေတွေအတွက် မျှဝေပေးပါအုံး) အသုပ်တိုင်း ကျန်းမာရေးနဲ့ မညီညွတ်ပါ။ တချို့အသုပ်တွေဆိုရင် မမြင်ရတဲ့ သကြားနဲ့ အဆီဓာတ်များစွာ ပါဝင်ကြပါတယ်။ ဒါပေမယ့် ဒီအသုပ် (၃) ခုကတော့ အရသာရှိ၊ အာသာပြေစေပြီး ဆီးချိုရောဂါ ထိန်းချုပ်ရာမှာ အကောင်းဆုံးဖြစ်ပါတယ်။ (၁) ဟင်းနုနွယ်သုပ် ပါဝင်ပစ္စည်းများ ဟင်းနုနွယ်ရွက် (၁) အောင်စခန့် နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူ (၂) မြွှာ ကြက်သွန်ဖြူ ငရုတ်ကောင်းမှုန့် ဖက်လက်ရည်ဇွန်းဖြင့် (၁/၄) ပုံ ဆား ဘက်ဖက်ရည်ဇွန်း ၁/၈ ပုံ သံလွင်ဆီ ထမင်းစားဇွန်း (၁) ဇွန်းနဲ့ တစ်ဝက် ဝိုင်ဖြူ ထမင်စားဇွန်း (၁) ဇွန်း မုန်ညင်းစေ့ လက်ဖက်ရည်ဇွန်း တစ်ဝက် လမ်းညွှန်ချက် ကြက်သွန်နီနဲ့ ဟင်းနုနွယ်ကလွဲပြီး ပါဝင်ပစ္စည်းအားလုံးကို ပန်းကန်တစ်ခုမှာ ရောစပ်ပြီး ကောင်းကောင်းရောနယ် ပေးရပါမယ် ၂။ ဟင်းနုနွယ်နဲ့ ကြက်သွန်နီ ပေါင်းထည့် ၃။ လှန်လှောနယ်ပေးပါ (၂) ဆလတ်ရွက်နဲ့ သခွားသီးသုပ် ပါဝင်ပစ္စည်းများ သခွားသီး ၂၀၀ ဂရမ် ဆလတ်ရွက် ၉၀ ဂရမ် သံလွင် ၁၀ ဂရမ် သံလွင်ဆီ ရှာလကာရည် ဆား လမ်းညွှန်ချက်များ ၁။ ဆလတ်ရွက်ကို ပြင်ဆင်ပြီး သခွားသီးကို အခွံခွာ လှီးပေးရပါမယ်။ ပြီးနောက် ရေသေချာဆေးပေးပါ။ ၂။ ပါဝင်ပစ္စည်းအားလုံးကို ပန်းကန်တစ်ခုမှာ ပေါင်းထည့်ပါ။ ၃။ ခံတွင်းတွေ့စေဖို့အတွက် ရှာလကာရည်၊ ဆား၊ ဆီ ထည့်ပေးပါ။ (၃) သခွားသီးသုပ် ပါဝင်ပစ္စည်းများ သခွားသီးအကြီး (၁) လုံး သို့မဟုတ် အလတ် (၂) လုံး လှော်ပြီးသား နှမ်းစေ့ ထမင်းစားဇွန်း (၂) ဇွန်း ပူစီနံ လက်ဖက်ရည်ဇွန်း (၁) ဇွန်း ဆား လက်ဖက်ရည်ဇွန်းဖြင့် ၁/၄ ပုံ ဆန်ရှာလကာရည် ခွက်ဖြင့် ၁/၄ ပုံ လမ်းညွှန်ချက်များ ၁။ သခွားသီးခွံတွေ အကုန်လှီးထုတ်ပါ။ ပြီးတော့ သခွားသီးကို အလယ်ကနေ အရှည်လိုက် လှီးပြီး ဇွန်းဖြင့် အစေ့တွေ ဖယ်ထုတ်ပေးပါ။ ၂။ ဓားနဲ့ ပါးပါးလေး လှီးပြီး အရည်တွေ အသာလေး ညှစ်ထုတ်ပေးရပါမယ်။ ၃။ ဆား၊ ပူစီနာ နဲ့ ရှာလကာရည်ကို ပန်းကန်အလယ်လတ်ဆိုဒ် တစ်ခုမှာ ရောစပ်ပြီး ပျော်ဝင်အောင် မွှေပေးပါ။ နောက် သခွားသီးနဲ့ နှမ်းစေ့ ရောထည့်ပါ။ ၄။ ကောင်းစွာ ရောသမမွှေပြီးတာနဲ့ ချက်ချင်း သုံးဆောင်နိုင်ပါပြီ။
Source : http://ift.tt/2dN3SQR
via IFTTT
No comments:
Post a Comment