Monday, October 17, 2016


မြန်မာပြည်က အိန္ဒိယ စီမံကိန်းများ၏ ပြဿနာ ဆယ်စုနှစ် ၅ ခုကျော်ကာလအတွင်း မြန်မာနိုင်ငံ၏ ပထမဆုံးသော အရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင် အနေဖြင့် သမ္မတ ဦးထင်ကျော် အိန္ဒိယနိုင်ငံသို့ ဩဂုတ်လအတွင်း သွားရောက်လည်ပတ်ခဲ့ခြင်းက ၂ နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတွင် ၂ဘက်လုံးက ဦးတည်ချက်ထားကြောင်း တွေ့မြင်ခဲ့ရသည်။ “အကြမ်းဖက်ဝါဒ၏ အန္တရာယ်နှင့် နည်းလမ်း အမျိုးမျိုးဖြင့် လှုပ်ရှားလျက်ရှိသည့် သောင်းကျန်းမှု အားလုံးတို့ကို တိုက်ဖျက်ရန်” နှင့် “တနိုင်ငံကို ရန်လို တိုက်ခိုက်ရန် အခြားတနိုင်ငံ၏ နယ်မြေအား အသုံးပြုခွင့် မည်သည့် သောင်းကျန်းသူ အုပ်စုကိုမျှ ခွင့်မပြုရေး ဆက်လက် ကျင့်သုံးရန်” စသည့် ကတိက၀တ်များကို ထပ်မံ အတည်ပြုခဲ့သလို သဘောတူညီချက် ၄ ခုကို လက်မှတ်ရေးထိုး နိုင်ခဲ့သည်။ ၎င်း ၄ ခုထဲမှ ၂ ခုမှာ နှောင့်နှေးနေခဲ့သည့် အိန္ဒိယ-မြန်မာ-ထိုင်း (IMT) အ၀ေးပြေးလမ်းမ ပြီးစီးရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ဆက်လက်ဖတ်ရှုရန်
Source : https://goo.gl/IRIOXg
via IFTTT

No comments:

Post a Comment