အမျိုးသမီးများ ရထားစီရင်း အလှ မပြင်ကြရန် ဂျပန်ရထား ကုမ္ပဏီတစ်ခုက လှုံ့ဆော် ဒီနေ့ခေတ်လို လူတိုင်း အချိန်လု ပြေးလွှားနေရတဲ့ခေတ်မှာ ဖွံ့ဖြိုးတိုးတက်ပြီးသား နိုင်ငံတွေမှာ အမျိုးသမီးတွေ အလုပ်သွားဖို့အတွက် ရထားစီးရင်းနဲ့မှ အလှပြင်နေကြတာမျိုးဟာ မြင်နေ တွေ့နေကျ မြင်ကွင်းမျိုး ဖြစ်လို့နေပါပြီ။ လူတိုင်းအတွက် မြင်တွေ့နေကျ မြင်ကွင်းမျိုး ဖြစ်ပေမယ့် ဒီလို အမျိုးသမီးတွေ ရထားပေါ်မှာ အလှပြင်တာကို မသင့်လျော်တဲ့ ကိစ္စလို့ မြင်သူတွေလည်း ရှိပါတယ်။ ဂျပန်ရထား ကုမ္ပဏီ တစ်ခုဆိုရင် အမျိုးသမီးတွေ အနေနဲ့ ရထားစီးရင်းနဲ့ အလှမပြ ကြဖို့ ပညာပေး ဗီဒီယိုဖိုင် တစ်ခု ရိုက်ကူးဖြန့်ချိပြီးတော့တောင် တိုက်တွန်း လှုံ့ဆော်ခဲ့ပါတယ်။ အဲဒီလို အမျိုးသမီးတွေကို ရထားစီးရင်း အလှမပြင်ဖို့ တိုက်တွန်း လှုံ့ဆော်တဲ့ ဗီဒီယို ရိုက်ကူး ပြသခဲ့တာကတော့ Tokyu Corp ရထားကုမ္ပဏီပဲ ဖြစ်ပါတယ်။ ယင်းဗီဒီယိုဟာ စက္ကန့် ၃၀ ကြာမြင့်ပြီး “မြို့ထဲက အမျိုးသမီးတွေ အားလုံး လှကြပါတယ်။ ဒါပေမဲ့ သူတို့ကို ဒီလို မြင်ရတာကတော့ ရုပ်ဆိုးတယ်”ဆိုတဲ့ စာတမ်းနဲ့ စတင်ထားကာ ဂျပန်အမျိုးသမီး သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဆာဝါ နီမူရာက ပါဝင် သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။
Source : https://goo.gl/spjtkx
via IFTTT
No comments:
Post a Comment