Friday, October 28, 2016

MOI Webportal Myanmar

အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ၃ ဦး ထပ်မံဖမ်းဆီးရမိ နေပြည်တော် အောက်တိုဘာ ၂၈ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စာကိုင်းကျေးရွာအတွင်း သတင်းအရ တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့၀င်များ ပါ၀င်သော ပူးပေါင်းအဖွဲ့ဖြင့် ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် ပိတ်ဆို့ရှင်းလင်းရာ အကြမ်းဖက်စီးနင်း တိုက်ခိုက်ရာတွင် ပါ၀င်သူများဖြစ်သည့် စာကို်င်းကျေးရွာနေ ဟာမီတူဆောင်း(ဘ) အနူဟလာမ်နှင့် နိုတူ လာမိန်(ဘ) ဆူတာနာမတ် တို့ ၂ ဦးအား ထပ်မံဖမ်းဆီးရ မိခဲ့သည်။ ထို့ပြင် ယနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်ကလည်း သတင်းအရ ရသေ့တောင် မြို့နယ် ကိုးတန်ကောက် ကျေးရွာအတွင်း ပူးပေါင်းအဖွဲဲ့ဖြင့် ၀င်ရောက်ရှင်းလင်းရှာဖွေ ခဲ့ရာ အကြမ်းဖက် စီးနင်းတိုက်ခိုက်ရာတွင် ပါ၀င်သူ အာယုဒ်(ဘ) ကာလီဟူဆောင်းကို ၎င်း၏ နေအိမ်၌ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပအဒေအရ အရေးယူဆောင် ရွက်နိုင်ရေး ကျောင်းတောင် ရဲကင်း စခန်းနှင့် အင်းဒင်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း သိရသည်။ အလားတူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနယ်မြေများ အတွင်းသို့ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ထပ်မံ၀င်ရောက်မှု မရှိစေရေးအတွက် နတ်မြစ် အတွင်း တပ်မတော်(ရေ)မှ တပ်မတော်သားများက တိုက်ကင်းလှည့်လည် ဆောင်ရွက်စဉ် အောက် တိုဘာ ၂၇ ရက် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် တံချောင်းနှင့် ထန်းချောင်းကြား ရေလယ် ကျွန်း အနီး၌ တစ်ဖက်နိုင်ငံသို့ ရေကူးသွားနေသည့် မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုး အမျိုးသား ၃ ဦးကို တွေ့ရှိသဖြင့် ခေါ်ယူရာ ထွက်ပြေးရန် ကြိုးစားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ မောင်တော မြို့နယ်၊ လိပ်ရကျေးရွာ(အလယ်)နေ အာဘူးရှားမား (ဘ) အဒူလာလီ၊ အာလီဇော်ဟက်(ဘ) အီစမိုင်းနှင့် ရှာခွန်သာလီ(ဘ) အာဆီဇော်ဟပ် တို့ ၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိ မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုး ၃ ဦးအား လိုအပ်သလို အရေးယူ ဆောင် ရွက်နိုင်ရေးအတွက် မောင်တောမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း ပေးခဲ့ကြောင်း သတင်း ရရှိသည်။ (မြ၀တီ)
Source : http://ift.tt/2eZma1h
via IFTTT

No comments:

Post a Comment