Monday, October 17, 2016

တိုင်းရင်းသားများ နေရပ်မစွန့်ရန် ကာကွယ်ရေးဝန်ကြီးပြော (သတင်း၊ ရုပ်သံ)

တိုင်းရင်းသားများ နေရပ်မစွန့်ရန် ပြည်ထဲရေးဝန်ကြီး ပြော (သတင်း၊ ရုပ်သံ) ဒေသခံ တိုင်းရင်းသားများ နေရပ်စွန့်ခွာသွားပါက အခြားသူများ ဝင်လာမည် ဖြစ်သည့်အတွက် နေရပ်စွန့်ခွာ မသွားရန် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက မီဒီယာများနှင့် ယနေ့ (အောက်တိုဘာ ၁၇ ရက်) တွင် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။ "ဒီနယ်မြေမှာရှိတဲ့ တိုင်းရင်းသားတွေ နေရပ်ကို မစွန့်ခွာပါနဲ့။ တို့ကာကွယ်ပေးမယ်။ တို့ရဲတွေက ကာကွယ်ပေးရမယ်။ တပ်မတော်က ကာကွယ်ပေးရမလား။ ဒီနယ်မြေကနေ တို့တိုင်းရင်းသားတွေက စွန့်ခွာသွားရင် ဒီနယ်မြေကို ကျန်တဲ့သူတွေ ဝင်လာလိမ့်မယ်။ မဝင်စေ့ချင်ဘူး” ဟု ၎င်းက ပြောကြားသည်။ လူကို လူနှင့်သာ ပြန်ကာရမည်ဟုလည်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောဆိုသည်။ အကြမ်းဖက်သမားများထံ လက်နက်များ ပါသွားသည်နှင့် ပတ်သက်၍လည်း မိမိလူမျိုးကို ကာကွယ်ရန် တာဝန်ရှိသည့်အတွက် လက်နက်များ ပြန်မရမချင်း အလျှော့ပေးမည် မဟုတ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ထပ်မံ ပြောကြားလိုက်ပါတယ်။ "ဒီလက်နက်တွေ မရလို့တော့ မဖြစ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တို့လူမျိုးအတွက် ကာကွယ်ဖို့ တာဝန်ရှိတယ်။ အဲဒါကြောင့် ဒီလက်နက်တွေ မရမချင်းတော့ လျှော့ပေးမှာ မဟုတ်ဘူး။ ပြန်ပြီးတော့ ရှင်းရမယ်။ ရှာရမယ်။ ဒီလိုမှ မလုပ်ရင်တော့ တို့တာဝန်မကျေဘူး" ဟု ဝန်ကြီးက ပြောသည်။
Source : https://goo.gl/jeAoim
via IFTTT

No comments:

Post a Comment