Wednesday, October 19, 2016


ရုပ်ရှင် အကြိုခံစားခြင်း - Priceless - ဒီနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာ လူကုန်ကူးမှုအကြောင်း ဖြစ်ရပ်မှန် အကြောင်းအရာကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ အမေရိကန် သည်းထိတ်ရင်ဖို ဒရာမာဇာတ်ကားသစ်လေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ဂျိမ်းစ်စတီဗင်ဟာ ဇနီးဖြစ်သူ မဆုံးခင်အထိ သမီးလေးနဲ့ အတူ ပျော်ရွှင်စရာ မိသားစုလေး ရှိခဲ့ပေမယ့် ဇနီးဆုံးချိန်မှာ သမီးလေးကို ထိန်းသိမ်း စောင့်ရှောက်ခွင့်ပါ ဆုံးရှုံးခဲ့တဲ့အတွက် ဘဝဟာ အဓိပ္ပာယ်မဲ့သွားသလို ဖြစ်ခဲ့ပါတယ်။ ဝမ်းနည်းစိတ်ထိခိုက်မှု၊ ဒေါသထွက်မှု၊ အထီးကျန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂျိမ်းစ်ဟာ အလုပ်အကိုင် မည်မည်ရရလည်းမရှိဘဲ စိတ်လေနေတဲ့အလျောက် သမီးလေး ထိန်းသိမ်း စောင့်ရှောက်ခွင့် အတွက်လည်း ငွေလိုနေတာကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ထရပ်ကား မောင်းပေးရတဲ့ အလုပ်ကို ငွေရဖို့တစ်ခုတည်းကြည့်ပြီး လက်ခံခဲ့ပါတယ်။ ကားထဲမှာ ဘာပါမှန်းမသိဘဲ သွားနေရင်းနဲ့ သူလုပ်နေတဲ့ အလုပ်ဟာ လူကုန်ကူးမှုနဲ့ ဆက်နွှယ်နေတယ်ဆိုတာ တဖြည်းဖြည်း သိလာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမောင်းပို့နေတဲ့ ကားထဲမှာ မိန်းကလေးနှစ်ယောက် ပါနေလို့ပဲဖြစ်ပါတယ်။ ဂျိမ်းစ်ကာ ကြောက်ရွံ့ထိတ်လန့်နေတဲ့ ညီအစ်မနှစ်ယောက်ကို တွေ့ခဲ့ပြီးနောက် ကူညီ ကယ်ဆယ်ခဲ့ရာကနေ ကြိုမသိနိုင်တဲ့ အန္တရာယ်က စောင့်ကြိုနေတာကြုံခဲ့ရပါတော့တယ်။ အဲဒါကတော့ မိန်းကလေးနှစ်ယောက်ကို လူကုန်ကူးတဲ့သူတွေနဲ့ ထိပ်တိုက်တွေ့ တာပဲဖြစ်ပါတယ်။ ရိုးသားတဲ့ မိန်းကလေးနှစ် ယောက်ရဲ့ ဘဝကို ဂျိမ်းစ်တစ် ယောက် ဘယ်လို အကူအညီပေး မှာလဲ။ ပို့ခိုင်းတဲ့အတိုင်း လူကုန်ကူးမှု မဖြစ်မြောက် တော့တဲ့အခါ မှာ ဘယ်လိုပြဿနာတွေ၊ အန္တ ရာယ်တွေနဲ့ ရင်ဆိုင်ရမှာလဲ ဆိုတာ ဆက်ကြည့်လိုက်ပါဦး။ ဖြစ်ရပ်မှန် အကြောင်းအရာကို အခြေခံဇာတ်အိမ် တည်ထားတဲ့အတွက် ပရိသတ်တွေ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ခု ဖြစ်မယ်ထင်ပါ တယ်။ ဒီဇာတ်ကားမှာ ပါဝင်ထား သူတွေကတော့ ဂျိုးလ်စမောလ် ဘုန်း၊ ဘီရန်ကာဆန်တော့စ်၊ အမ်ဘာမစ်သန်ဒါ၊ ဂျင်မ်ပါရက် စသူတွေပဲ ဖြစ်ပါတယ်။
Source : http://ift.tt/2ejKmwG
via IFTTT

No comments:

Post a Comment