သေနတ်ဖြင့် ပစ်ခတ်ခံရ ခြင်းကြောင့် သေဆုံးခဲ့သည့်အငှား ယာဥ်မောင်း ဦးနေဝင်း၏ကျန်ရစ် ခဲ့သော ကလေးငယ်သုံးဦးအ တွက် ဘဏ်စာရင်းဖြင့် ထောက် ပံ့ငွေလက်ခံခဲ့ရာ ၁၆ နာရီအတွင်း ကျပ် ၃၂၃ သိန်းရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီကျော်က အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံ ပေးတရားလွှတ်တော်ရှေ့နေ ဦး ကိုနီ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အထွက်တွင် လုပ်ကြံခံရ ပြီးနောက် သေနတ်သမားတရားခံ ကြည်လင်းကို ဝိုင်းဝန်းဖမ်းဆီးစဥ် သေဆုံးခဲ့သော အငှားယာဥ် မောင်း၏ ကျန်ရစ်သောမိသားစု အတွက် စေတနာရှင်များက ကူ ညီထောက်ပံ့နေကြသည်။ ဖေ့စ်ဘွတ်ခ်တွင် လူသိများ ပြားသည့် အရည်ကြို၊ ကိုမောင် မောင်အေးနှင့် ပရဟတိလူငယ် အကျိုးဆောင်ရှစ်ဦးတို့သည် ဦး နေဝင်းသေဆုံးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်ညက ဧရာဝတီဘဏ်တွင် ဘဏ်စာရင်းဖွင့်လှစ်ခဲ့ပြီး ဦးနေဝင်း၏ ကလေးငယ်သုံးဦးအတွက် ထောက်ပံ့ငွေ လက်ခံခဲ့ခြင်းဖြစ်သည်။ ‘‘မနေ့ည ၁ဝ နာရီလောက် က ဘဏ်အကောင့်စဖွင့်ခဲ့တာ ဒီ နေ့ နေ့လယ် ၂ နာရီလောက်မှာ စာရင်းစစ်ကြည့်တော့ ၃၂၃ သိန်း ဝင်နေပြီ။ ဆက်ဝင်နေတာတွေ လည်းရှိတယ်။ ပြည်ပကနေ ငွေ လွှဲနေတာလည်းရှိတယ်။ ပြည် တွင်းကရတဲ့ငွေက ပိုများပါတယ်။ အများဆုံးကတော့ ဧရာဝတီ ဘဏ်ဖောင်ဒေးရှင်းက သိန်း ၁ဝဝ လှူခဲ့တာပါပဲ။ လှူဒါန်းခဲ့သူ စုစုပေါင်းကတော့ ၁၉၅ ယောက် ရှိပါတယ်’’ဟု အရည်ကြိုက ပြော သည်။ ဦးနေဝင်းကလေးငယ်များ အတွက် ရေရှည်အကျိုးရှိစေမည့် ကိစ္စရပ်များ၌ အသုံးပြုရန် ရည် ရွယ်၍ ထောက်ပံ့ငွေများကိုလက် ခံနေခြင်းဖြစ်ပြီး ၁ဝ ရက်ခန့်ကြာ မြင့်ပါက ထောက်ပံ့ငွေလက်ခံ နေသည့် ဘဏ်စာရင်းကို ဖျက် သိမ်းသွားမည်ဟု ဆိုသည်။ ‘‘ကျွန်တော်တို့အချိန်တစ်ခု မှာ လူစုံပြီဆိုတာနဲ့ ဒီပိုက်ဆံတွေ ကို ထုတ်ပါမယ်။ ပိုက်ဆံကို ရော့ အင့်ဆိုပြီးပေးသွားမှာလည်း မ ဟုတ်ပါဘူး။ ကလေးငယ်တွေ အ သက်ကြီးသွားတဲ့အထိ အထောက် အပံ့တစ်ခုလည်း ဖြစ်စေချင်ပါ တယ်။ ဒီအတွက် လုပ်နေတဲ့ ဖောင်ဒေးရှင်းတစ်ခုခုဆီကိိုလည်း ပိုက်ဆံတွေပေးချင်ပေးသွားမှာ ပါ’’အရည်ကြိုက ပြောသည်။ ဦးနေဝင်း၏ ကျန်ရစ်ခဲ့သည့် ကလေးငယ်သုံးဦးအတွက် ထောက်ပံ့ငွေများ ပေးအပ်လိုပါ က ဧရာဝတီဘဏ် အကောင့် 0080.2.02.01.018000.4 သို့ ပေးပို့လှူဒါန်းနိိုင်သည်။ ထို့အတူ ဇန်နဝါရီ ၂၉ ရက် ညပိုင်းမှစတင်ကာ ကွယ်လွန်သူ ဦးနေဝင်း၏ ကျန်ရစ်သူ မိသားစု ထံသို့ စေတနာရှင်များက သွားရောက်လှူဒါန်းလျက်ရှိသည်။
Source : http://ift.tt/2kOVx1R
via IFTTT
Tuesday, January 31, 2017
7Day News Journal
တရားမဝင်ကုန်စည်များကို သတင်းပေးသူနှင့်ဖမ်းဆီးသူများအား ချီးမြှင့်သောဆုကြေးပမာဏ တိုးမြှင့်ရန်စီစဥ် Byထက်မြက်On Tue, 2017-01-31 06:30Location ရန်ကုန်Issue No.No.1350 Tuesday, January 31, 2017 တရားမဝင်ကုန်စည်များ ကို ဖမ်းဆီးပေးသည့်ဝန်ထမ်းများ နှင့်သတင်းပေးသူများအား ချီးမြှင့် သည့် ဆုကြေးပမာဏကို တိုးမြှင့်သွားရန်စီစဥ်နေကြောင်း သတင်းရရှိသည်။ တရားမဝင်ကုန်သွယ်သည့် ပစ္စည်းများကို ဖမ်းဆီးသည့်ဌာန (သို့မဟုတ်)အဖွဲ့နှင့် သတင်းပေး တိုင်ကြားသူတို့အား ဖမ်းဆီးရမိ သောကုန်စည်ကို လေလံတင်ထုခွဲရောင်းချရငွေ၏ ၁ဝရာခိုင်နှုန်းစီအား ဆုကြေးအဖြစ် ချီးမြှင့်လျက်ရှိရာ ဖမ်းဆီးသည့်ဌာန(သို့မဟုတ်)အဖွဲ့ကို ၃ဝရာခိုင်နှုန်း၊ သတင်းပေးတိုင်ကြားသူကို ၂ဝရာခိုင်နှုန်းအဖြစ် တိုးမြှင့်ပေးရန်စီစဥ်နေခြင်းဖြစ်ကြောင်း အကောက်ခွန်ဒုတိယညွှန်ကြားရေးမှူး ဦးစန်းလွင်က ပြောသည်။ ‘‘အရင်က ထုတ်ထားတဲ့ အ မိန့်ကြော်ငြာစာထုတ်ထားတဲ့ဟာ ကို ပြန်ပြင်မှာ။ အမြန်ဆုံးပြင်နိုင် ဖို့လုပ်နေပါတယ်။ အရင်ကအမိန့် ကြော်ငြာစာက ဖမ်းပေးသူကို ၁ဝ ရာခိုင်နှုန်း၊ သတင်းပေးသူကို ၁ဝ ရာခိုင်နှုန်းပေါ့။ ဖမ်းပေးတဲ့အဖွဲ့ ဆိုတာကတော့ ဥပမာအခုဖွင့်တဲ့ ရေပူစစ်ဆေးရေးစခန်းမှာဆိုရင် စခန်းရှိတဲ့ ဌာနဆိုင်ရာတွေအကုန် လုံး ဆုကြေးရရှိမှာပါ။ ဆုကြေး တိုးမြှင့်တာကတော့ အဓိက က လာဘ်ပေး၊ လာဘ်ယူမှုကင်းရှင်း ဖို့အတွက် လုပ်တာပါ’’ဟု ဦးစန်း လွင်ကပြောသည်။ ဖမ်းဆီးရမိသည့်ကုန်စည် များ ရောင်းချခြင်း၊ လေလံတင် ခြင်းများပြုလုပ်ပြီးမှ ဆုကြေးများ ပေးရသဖြင့် လက်ရှိတွင် ဆုကြေးကိုသုံးလတစ်ကြိမ်သာ ထုတ်ပေးနေပြီး ယင်းထက်ပိုမိုမြန်ဆန်စွာထုတ်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။ ပစ္စည်းသိမ်းယူမှုမရှိဘဲဒဏ် ကြေးသာချမှတ်သည့် ကုန်များအ တွက် ဒဏ်ကြေးများထဲမှ ဆုကြေးထုတ်ပေးမည်ဖြစ်ကြောင်း ဦးစန်းလွင်ကပြောသည်။ မူးယစ်ဆေးဝါးတို့ကဲ့သို့ ဖျက်ဆီးရမည့်ပစ္စည်းများအတွက် ဆုကြေးခံစားခွင့်ရရှိမည်မဟုတ်ကြောင်း ဦးစန်းလွင်က ဆက်လက်ပြောသည်။ ပြည်ထောင်စုအစိုးရအဖွဲ့ က ၂ဝ၁၅ အောက်တိုဘာ ၂၇ ရက်တွင်ထုတ်ပြန်သည့် အမိန့် ကြော်ငြာစာတွင် အကောက်ခွန် ဥပဒေအရ သိမ်းဆည်းသည့် ပစ္စည်းများ၊ နယ်စပ်ဝင်ပေါက် များတွင် ဌာနဆိုင်ရာပူးပေါင်းစစ် ဆေးရေးအဖွဲ့များက ဖမ်းဆီးရမိ သည့်ကုန်စည်များ ထုခွဲရောင်းချရငွေ၏ ၈ဝရာခိုင်နှုန်းကို ပြည် ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ထည့် သွင်းပြီး ၁ဝရာခိုင်နှုန်းကိုသတင်း ပေးသူ(သတင်းပေးသူမရှိက ပြည် ထောင်စုဘဏ္ဍာရန်ပုံငွေ)နှင့်ကျန် ၁ဝရာခိုင်နှုန်းကို ဖမ်းဆီးသည့်အ ဖွဲ့သို့ ဆုငွေအဖြစ်ပေးရသည်။ ထို့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ အစီအ စဥ်ဖြင့် အကောက်ခွန်ဥပဒေအရ သိမ်းဆည်းသည့်ပစ္စည်းများ ထုခွဲရောင်းချရငွေ၏ ၅ဝရာခိုင်နှုန်းကိုသက်ဆိုင်ရာ တိုင်း၊ ပြည်နယ်ရန်ပုံငွေသို့ ထည့်သွင်းရန် ၃ဝရာခိုင်နှုန်းကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ထည့်သွင်းရန် သတ်မှတ်ထားသည်။ ထို့အပြင် ၁ဝရာခိုင်နှုန်းကိုသတင်းပေးသူ (သတင်းပေးသူမရှိက ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ)နှင့် ကျန်၁ဝရာခိုင်နှုန်းကို ဖမ်းဆီးသည့်အဖွဲ့အား ဆုငွေအဖြစ်ပေးရန်သတ်မှတ်ထားသည်။
Source : http://ift.tt/2kMSFqk
via IFTTT
Source : http://ift.tt/2kMSFqk
via IFTTT
Myanmar Fire Services Department
၃၁.၁.၂၀၁၇ ရက်နေ့ ၁၄:၅၀ အချိန်တွင် သန်လျင်တံတားအဆင်းတွင် မီးသတင်းရရှိသဖြင့် level 1ယာဉ်အုပ်စုများထွက်ခွာ မီးငြှိမ်းသတ်လျှက်ရှိပါသည်။
Source : http://ift.tt/2klQWYs
via IFTTT
Source : http://ift.tt/2klQWYs
via IFTTT
Monday, January 30, 2017
Eleven Media Group
သင်္ဘောတင်ရန် Line Seal ဖြင့် ပိတ်ထားသော ကွန်တိန်နာများအတွင်းမှ တရားမဝင် ပိတောက်သစ်များ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာမှ တာဝန်ရှိသူများက ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားသည်။ ဇန်နဝါရီ ၂၈ ရက်က မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် ပုလဲ (၁) ရပ်ကွက် စကားဝါ (၆) လမ်းရှိ ခြံအမှတ် (၄ဝ၂) အတွင်း၌ တရားမဝင်သစ်များ ထည့်သွင်းထားသည့် ကွန်တိန်နာ ၁ဝ လုံးအား တွေ့ရှိခဲ့ပြီးနောက် ဆက်လက်စစ်ဆေး ဖော်ထုတ်စဥ် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သစ်တောဦးစီးဌာန၊ ရန်ကုန်တိုင်းညွှန်ကြားရေးမှူး ဦးသိန်းထွန်းက “အားလုံးပေါင်း ၁၆ လုံးမှာ တရားမဝင်သစ်တွေကို တွေ့ရှိခဲ့တာပေါ့။ နောက်ပြီး အခုထပ်တွေ့တဲ့ ခြောက်လုံးက Line Seal နဲ့ ပိတ်ထားတာ ဖြစ်တဲ့အတွက် အကောက်ခွန်၊ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့တွေကိုလည်း ခေါ်ယူထားပါတယ်”ဟု ဇန်နဝါရီ ၂၉ ရက်က ပြောကြားသည်။ Line Seal ဖြင့် ပိတ်ထားသည့်အတွက် မည်သည့်ကုမ္ပဏီမှ ထုတ်ယူသွားသည်ကို ဆက်လက် စုံစမ်းဖော်ထုတ်နေကြောင်း၊ ပါဝင်သူများကိုလည်း အရေးယူရန် စီစဥ်နေကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ မင်္ဂလာဒုံမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိမှု ဖြစ်စဥ်မှာ MIP ဆိပ်ကမ်း၌ စစ်ဆေးတွေ့ရှိခဲ့သည့် ဖြစ်စဥ်အပေါ် အခြေခံကာ သတင်းကွင်းဆက်အနေဖြင့် ထပ်မံ ဖော်ထုတ်ရရှိခြင်း ဖြစ်ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းအတွင်း တရားမဝင်သစ်များနှင့် စပ်လျဥ်းပြီး အကြီးမားဆုံးအနေဖြင့် ချိတ်ဆက် ဖမ်းမိခဲ့သည့်ဖြစ်စဥ်အစမှာ ဇန်နဝါရီ ၂၄ ရက်က Myanmar Industrial Port သို့ရောက်ရှိလာသည့် ကျွန်းခွဲသားများ ထည့်သွင်း သယ်ဆောင်လာသော ကွန်တိန်နာနှစ်လုံးအား စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ဇန်နဝါရီ ၂၆ ရက်တွင် Myanmar Industrial Port ၌ပင် ပြည်ပသို့ တင်ပို့မည့် ကွန်တိန်နာ ၁၁ လုံးအတွင်းမှ တန်ချိန် ၁၃ဝ ကျော်ရှိ တရားမဝင်သစ်များ ဖမ်းဆီးနိုင်ခဲ့ပြီး ဇန်နဝါရီ ၂၈ ရက်တွင် တတိယအကြိမ်ဖြစ်စဥ်မှ တရားမဝင် ပိတောက်ခွဲသားများ ထည့်သွင်းထားသည့် ကွန်တိန်နာ ၁၆ လုံးကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ တရားမဝင်သစ်များနှင့် စပ်လျဥ်း၍ ဇန်နဝါရီ ဇန်နဝါရီ ၂၇ ရက်တွင် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာနရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး (MIP) ဆိပ်ကမ်းနှင့် အေဂျင်စီများမှာ ဥပဒေအား လိုက်နာမှု အားနည်းခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက ထိရောက်သည့်အပြစ်များ ပေးလိမ့်မည်ဟု ယူဆကြောင်း အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းလွင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။ ဇန်နဝါရီ ၂၇ ရက်က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကလည်း တရားမဝင်သစ်များ ဆိပ်ကမ်းတွင် တွေ့ရှိမှုနှင့် စပ်လျဥ်းပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးညီညီကျော်က ပြောကြားသည်။ Writer: အောင်ရဲကို
Source : http://ift.tt/2jIVN4P
via IFTTT
Source : http://ift.tt/2jIVN4P
via IFTTT
Myanmar Fire Services Department
30.1.17 ရက်နေ့ ၁၁း၁၅ အချိန်ခန့် အနော်ရထာလမ်းနှင့်ပန်းဆိုးတန်း လမ်းထောင့် ပန်းဆိုးတန်း Business တာဝါတွင် ဓာတ်လှေကားပိတ်မိကြောင်းသတင်းရရှိ၍ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ Ambulance ယာဉ်တစ်စီး နှင့်ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များထွက်ခွာကာ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။
Source : http://ift.tt/2jMh5MH
via IFTTT
Source : http://ift.tt/2jMh5MH
via IFTTT
7Day News Journal
တရားလွှတ်တော်ရှေ့ နေဦးကိုနီကို လုပ်ကြံသတ်ဖြတ် ခဲ့သူ ဦးကြည်လင်းဆိုသူ၏ ထွက် ဆိုချက်များအရ မန္တလေးရှိ ၎င်း၏ နေအိမ်သို့ သွားရောက်ရှာဖွေ သော်လည်း အိမ်လိပ်စာမှားယွင်း နေကြောင်း သတင်းရရှိသည်။ ရန်ကုန်လေဆိပ်တွင် ဦးကို နီအား လုပ်ကြံသတ်ဖြတ်သူ၏ မှတ်ပုံတင်ပါ နေအိမ်လိပ်စာကို သွားရောက်ရှာဖွေခဲ့သော်လည်း ၎င်းအမှန်တကယ် နေထိုင်သည့် အိမ်မဟုတ်သဖြင့် မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့က စုံစမ်းမှုများ ဆက်လက်ပြုလုပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲမှူးကြီး ဟန်ထွန်းက ပြောသည်။ ၃၄ လမ်း၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြားမှ နေအိမ်နှစ်လုံးကို ဆက်တိုက်ရှာဖွေခဲ့သော်လည်း ၎င်းနေထိုင်ခဲ့ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရသည်ဟု ရဲမှူးကြီးက ပြောသည်။ ‘‘အိမ်နံပါတ်နဲ့ လမ်းနံပါတ်မ သိသေးဘူး။ အကွက်နံပါတ်ပဲသိ သေးတာ’’ဟု ရဲမှူးကြီးဟန်ထွန်း က ဇန်နဝါရီ ၂၉ ရက် ည ၉ နာရီ တွင် ပြောသည်။ ရွေးကောက်ပွဲတွင် မဲပေးခဲ့ သူများ၏ မဲစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ခဲ့သော် လည်း ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိ ကြောင်း ရဲမှူးကြီးက ဆက်လက် ပြောကြားသည်။ ဦးကိုနီကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သူ ဦးကြည် လင်းဆိုသူသည် လတ်တလော သတင်းများအရ ရှေ့နေတစ်ဦး ဖြစ်ကာ ဘုရားခိုးသည်ဆိုသော ပြစ်မှုဖြင့် ထောင်ကျဖူးသူတစ်ဦး ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့၏ ကနဦး စုံစမ်းထား မှုများအရ သိရသည်။ ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၉ ရက်ည၌ ရှာဖွေမှုများဆက်တိုက် ပြုလုပ်နေစဥ် ပြည်သူ ၁ဝဝ ခန့်ကလည်း စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြပြီး တရားခံ၏ နေအိမ်သို့ စုံစမ်းဖော်ထုတ်ပေးရန် ရဲတပ်ဖွဲ့ဝင်များအားတောင်းဆိုပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ဗဟိုဥပဒေအထောက် အကူပြုအဖွဲ့ ဥပဒေအကြံပေး ဦးကိုနီသည် အင်ဒိုနီးရှားသမ္မတ နိုင်ငံ ဂျကာတာမြို့နှင့် မာလူူကူ ပြည်နယ်တို့၌ Senior Leader-ship Program လေ့လာရေးခရီးစဥ်မှ ပြန်လာစဥ် ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီကျော် က ရန်ကုန်လေဆိပ်၌ သေနတ် သမားတစ်ဦးက လုပ်ကြံပစ်ခတ် သဖြင့် သေဆုံးခဲ့ရသည်။
Source : http://ift.tt/2kJqgNQ
via IFTTT
Source : http://ift.tt/2kJqgNQ
via IFTTT
Friday, January 27, 2017
Myanmar Fire Services Department
၂၇.၁.၂၀၁၇ ရက်နေ့၊ ၂၂း၁၅ အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးအရှေ့၊ မီးရထားဝန်ထမ်းအိမ်ယာ မီးသတင်းရသဖြင့် level2ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
Source : http://ift.tt/2k9WeWx
via IFTTT
Source : http://ift.tt/2k9WeWx
via IFTTT
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ - Unofficial
၂၇.၁.၂၀၁၇ရက်နေ့၊ ၁၅း၄၈အချိန်ခန့်တွင် ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာအနီး ကားမီးလောင်ကြောင်း သတင်းရသဖြင့် တာမွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁စီး၊ မြန်မာနိုင်းငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးငြှိမ်းသတ်ယာဉ် ၂စီး၊ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် ၄စီး၊ ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
Source : http://ift.tt/2ksc0tG
via IFTTT
Source : http://ift.tt/2ksc0tG
via IFTTT
Myanmar Fire Services Department
Myanmar Fire Services Department
၂၇.၁.၁၇ရက်နေ့ ၁၂း၅၀ အချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်စျေးအနီး junction city ဆောက်လက်စအဆောက်အဦး မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိ၍ Level 1 ယာဉ်အုပ်စုများထွက်ခွာငြိမ်းသတ်လျှက်ရှိပါသည်။
Source : http://ift.tt/2jXDDe3
via IFTTT
Source : http://ift.tt/2jXDDe3
via IFTTT
Kumudra
ညကြီးကားတွေခရီးသည်ကုန်တဲ့အထိ စောင့်ဆိုင်းပြေးဆွဲမည်။ ၂၆၊ဇန်နဝါရီ၊ရန်ကုန်။ ညကြီးကားတွေကို ညဆယ်နာရီအထိသတ်မှတ်ထားပြီး ခရီးသည်ကုန်တဲ့အထိ စောင့်ဆိုင်းပြေးဆွဲစေမှာဖြစ်တယ်လို့သိရပါတယ်။ ညကြီးကားများကို ကားဂိတ်တဂိတ်မှာ အနည်းဆုံး ငါးစီး ခန့်ပြင်ဆင်ထားကာ ကားများရပ်နားဖို့နေရာကို သီးခြားသတ်မှတ်ထားတယ်လို့ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးကုမ္ပဏီလိမိတက် အတွင်းရေးမှူး ဦးမောင်မောင်လွင်က ပြောပါတယ်။ ရန်ကုန်မြို့နေပြည်သူများ ညနေခင်းအိမ်ပြန်ချိန်မှာ ယာဥ်လိုင်းများနည်းပါးခြင်းနဲ့ ယာဥ်လိုင်းတချို့ကသတ်မှတ်ထားတဲ့အချိန်ထိ ပြေးဆွဲပေးခြင်းများမရှိတာကြောင့် ပြည်သူအများ အခက်အခဲဖြစ်နေတာကြောင့် ညကြီးကားများကို ဇန်နဝါရီလ(၂၅)ရက်နေ့ညက စတင်ပြေးဆွဲခဲ့ပါတယ်။ ညကြီးကားပြေးဆွဲခြင်းကို ညနေအများပြည်သူရုံဆင်းချိန်တည်းက ကားဂိတ်တွေမှာ လူအုံလာတဲ့အခြေအနေမျိုး၊ ကားလာတာကြာတဲ့အခါ ယာဥ်လိုင်းတချို့ကနေ အရန်သင့်ထားထားတဲ့ ကားများကို ခေါ်ယူပြေးဆွဲစေတာဖြစ်တယ်လို့ ဦးမောင်မောင်လွင်ကပြောပါတယ်။ သူကဆက်ပြီးအချိန်ကာလတခုအဖြစ် သတ်မှတ်ထားခြင်းမျိုးမဟုတ်ပဲ အမြဲတမ်းပြေးဆွဲပေးသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဇန်နဝါရီလ(၂၅)ရက်နေ့ကမနက်က မြေနီကုန်းဂုံးတံတားအနုပညာစီမံကိန်းပွဲမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ရှိခရီးသည်တွေအတွက် ညကြီးကားများ ပြေးဆွဲပေးနိုင်ဖို့စီစဥ်နေကြောင်းပြောခဲ့ပါတယ်။ ထက်လင်းထက်
Source : http://ift.tt/2jWLsRt
via IFTTT
Source : http://ift.tt/2jWLsRt
via IFTTT
Thursday, January 26, 2017
The Voice
လုံခြုံရေး တာဝန်ကျရဲ ပြိုင်ကားတိုက်ခံရ၍ သေဆုံး 26-Jan-2017 tagged as ရဲ မန္တလေး မန္တလေး၊ ဇန်နဝါရီ ၂၆ မန္တလေးမြို့တော်သို့ လာရောက်လည်ပတ်သည့် ဘူတန်ဘုရင်၏ ဒွေးတော်နှင့် အဖွဲ့အတွက် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ရဲဒုတပ်ကြပ်တစ်ဦး ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၂ နာရီခန့်က ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သည်။ ချမ်းအေးသာစံမြို့နယ်အတွင်း လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ရဲဒုတပ်ကြပ် ဌေးလွင်ကို ပြိုင်ကားတစ်စီးက ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ဦခေါင်းနောက်စေ့နှင့် မေးစေ့တို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သောကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။ Nissan Fairlady ယာဉ် (ပြိုင်ကား) က ၇၃ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်း အကြားတွင် ယာဉ်တစ်စီးကို ကျော်တက်ရာမှ လမ်းအနောက်ဘက်တွင် ရပ်ထားသည့် ကားတစ်စီးကို တိုက်မိခဲ့ကြောင်း၊ ယင်းနောက် အမှတ် (၄) လုံခြုံရေးတပ်ဖွဲ့ခွဲမှ အသက် ၄၄ နှစ် အရွယ်ရှိ ဒုတပ်ကြပ်ဌေးလွင်ကို ထပ်ဆင့်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲတပ်ဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် ယာဉ်မောင်း ဘိုဘိုကျော်ကို မန္တလေးမြို့ အမှတ်(၃) နယ်မြေရဲစခန်းက ယာဉ် (ပ) ၂/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃ဝ၄-က တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
Source : https://goo.gl/xSqqur
via IFTTT
Source : https://goo.gl/xSqqur
via IFTTT
The Voice
ရန်ကုန် ဇန်နဝါရီ ၂၆ ဗိုလ်တထောင်မြို့နယ် လမ်းသွယ် ၂ လမ်းရှိ နေအိမ်တွင် ခေါ်ယူမွေးစားထားသော ကေလေးငယ် ၇ ဦး ညှင်းပန်းနှိပ်စက်ခံရမှုတွင် မိန်းကလေး လေးဦးမှာ အဓမ္မပြုကျင့်ခံရသည်ဟု စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကလေးလူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးမျိုးဆက်အောင်က The Voice သို့ ပြောကြားသည်။ ဗိုလ်တထောင်မြို့နယ် လမ်းသွယ်(၂)ရှိ ပထမထပ် တိုက်ခန်းပိုင်ရှင် ဒေါ်ခမ်းက အသက် ၇ နှစ်မှ ၃ နှစ်အရွယ်ကြားရှိ ယောက်ျားလေး သုံးဦးနှင့် မိန်းကလေး လေးဦးကို မွေးစားထားရာ ကလေးငယ်များ ညှင်းပန်းနှိပ်စက်ခံနေရကြောင်း ရပ်ကွက်နေသူများက တာဝန်ရှိသူများထံ သတင်းပေး တိုင်ကြားခဲ့သည်။ ယင်းတိုင်ကြားမှုကို ဗိုလ်တထောင် မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီက စုံစမ်း၍ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကလေး ၇ ဦးကို ထိန်းသိမ်းစစ်ဆေးရာ ကလေးများ စောင့်ရှောက်နေသည့် အသက် ၆၀ ဝန်းကျင် ဒေါ်ခင်မာညိုက ကလေးများကို လက်ပြန်ကြိုးချည်နှောင်၍ ရိုက်နှက် နှိပ်စက်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အသက် ၄၃ နှစ် လှမိုး (ခ) နီတွတ်မှ အသက် ၆ နှစ်မှ ၃ နှစ်ကြားအရွယ် မိန်းကလေး လေးဦးကို အဓမ္မ ပြုကျင့်ခဲ့ကြောင်း ကလေးငယ်များ၏ ထွက်ဆိုချက်အရ သိရသည်။ “ကလေးတွေ ရိုက်နှက် နှိပ်စက်ခံရတဲ့ အသံတွေ ကြားမိတယ်။ ကလေးတွေက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတဲ့ ပုံစံဖြစ်နေတာ။ မွေးစားသူ မခမ်းခမ်းက အမေရိကားမှာ နေတာလို့ သိရပြီး တစ်လတစ်ခါ ဒီပြန်လာချိန် ကလေးတွေနဲ့ လာလာတွေ့တယ်။ ကျွန်တော်တို့လဲ ဒီအမျိုးသမီးကို မသင်္ကာဘူး။ အရင် မွေးစားခဲ့တဲ့ ကလေးတွေ သူက နိုင်ငံခြား ခေါ်သွားတာ။ မွေးစားကလေးတွေကို ပြည်ပမှာ ရောင်းစားနေတာလို့ ပတ်ဝန်းကျင်မှာ အသံတွေ ထွက်တာကြောင့် ရပ်ကွက်လူကြီးက သူ့ခေါ်စစ်ဖူးတယ်။ သူ့ဘက်မှာ မွေးစားစာချုပ်တွေရှိလို့ အရေးယူလို့ မရခဲ့ဘူး”ဟု လမ်းသွယ် (၂) လမ်းနေ အမျိုးသား တစ်ဦးက ရှင်းပြသည်။ ယင်းဖြစ်စဉ်မှ ယာဉ်မောင်း လှမိုး (ခ) နီတွတ်ကို ဇန်နဝါရီလ ၂၅ ရက်နေ့က မုဒိမ်းမှုဖြင့် ဗိုလ်တထောင်မြို့မ ရဲစခန်းမှ ဖမ်းဆီးထားပြီး ကလေးမွေးစားသူ ဒေါ်ခမ်းနှင့် ကလေးထိန်း ဒေါ်ခင်မာညိုတို့ကို အမှတ် (၆) လူကုန်တားမှု တားဆီးကာကွယ်ရေးအဖွဲ့က စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
Source : https://goo.gl/U9QQFP
via IFTTT
Source : https://goo.gl/U9QQFP
via IFTTT
The Voice
ကော်တင်ညိုကို ကလပ်အသင်းသမိုင်းကြောင်း တစ်လျှောက် စံချိန်တင် လုပ်ခလစာ ပေးချေ၍ လီဗာပူး စာချုပ်သစ်ချုပ် လီဗာပူး၊ ဇန္နဝါရီ ၂၅ လီဗာပူးအသင်းသည် ကွင်းလယ်ကစားသမား ကော်တင်ညိုကို အသင်းသမိုင်းကြောင်း တစ်လျှောက် စံချိန်တင် လုပ်ခလစာ ပေးချေ၍ စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကာ ယင်းစာချုပ်သစ်အရ ကော်တင်ညိုမှာ လာမည့် ၂၀၂၂ ခုနှစ်တိုင်သည်အထိ လီဗာပူးထံတွင် ဆက်ရှိသွားတော့မည် ဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။ ကော်တင်ညိုသည် လွန်ခဲ့သည့် လေးနှစ်ခန့်က စီးရီးအေကလပ် အင်တာမီလန်မှနေ၍ လီဗာပူးထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ခြင်း ဖြစ်ကာ လက်ရှိတွင် ၎င်းကိုခေါ်ယူရန် စပိန်လာလီဂါ ထိပ်သီးအသင်းများ ဖြစ်ကြသည့် ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့က စောင့်ကြည့်အကဲခတ်မှုများ ရှိလာသည့်အတွက် စာချုပ်သစ် အကောင်အထည်ဖော်မှုကို လီဗာပူးက အလျင်အမြန် ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။ လီဗာပူးသည် ယခုလက်မှတ်ရေးထိုးလိုက်သည့် စာချုပ်သစ်အရ ကော်တင်ညို၏ တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့်ကို ပေါင် ၂၂၀,၀၀၀ ပေးချေသွားရတော့မည်ဖြစ်ကာ စာချုပ်သစ်တွင် စာချုပ်ဖျက်သိမ်းခ တန်ကြေး မည်ရွေ့မည်မျှဟု တရားဝင် ထည့်သွင်းထားခြင်း မရှိသည်ကမူ ထူးခြားချက်တစ်ရပ်သဖွယ် ဖြစ်လျက်ရှိသည်။ ကော်တင်ညို မတိုင်မီတွင် လီဗာပူး အသင်းသမိုင်းကြောင်း တစ်လျှောက် လုပ်ခလစာ အကျိုးခံစားခွင့် အများဆုံးရ ကစားသမားအဖြစ် စံချိန်တင်ထားခဲ့သူမှာ ဆွာရက်ဇ်ဖြစ်ပြီး လီဗာပူးနှင့် ၎င်းအကြားတွင် စာချုပ်သစ ်အကောင်အထည်ပေါ်လာခဲ့ခြင်းအတွက် ၎င်းကိုယ်တိုင်သာမက ၎င်း၏ မိသားစုဝင်များလည်း ဝမ်းသာကျေနပ်လျက် ရှိကြောင်း ကော်တင်ညိုက အသိပေးထားသည်။ အသက် ၂၄ နှစ် အရွယ်ရှိ ကော်တင်ညိုသည် လက်ရှိဘောလုံးရာသီတွင် လီဗာပူးကို ကိုယ်စားပြု၍ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ရာ၌ သွင်းဂိုး ငါးဂိုးနှင့် ဂိုးဖန်တီးမှု ငါးကြိမ် ရယူပံ့ပိုးပေးနိုင်ခဲ့ကာ ခရစ္စမတ်နှင့် နှစ်သစ်ကူး ပွဲကျပ်ကာလကိုမူ ခြေမျက်စိဒဏ်ရာ ပြဿနာကြောင့် သီတင်းခြောက်ပတ်ခန့် နားရသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် ၎င်းက လွဲချော်ခဲ့ရသည်။
Source : https://goo.gl/dnxpc5
via IFTTT
Source : https://goo.gl/dnxpc5
via IFTTT
Tuesday, January 24, 2017
ရခိုင်အရေး ကုလအတွင်းရေးမှူးချုပ်ကိုယ်တိုင်ကိုင်တွယ်မည် အသစ်ရွေးချယ်ခန့်အပ်ခြင်းခံရတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ရခိုင် အရေးနဲ့ ပတ်သက်ပြီး လာမယ့်ရက်တွေမှာ ကိုယ်တိုင်ကိုင်တွယ်သွားဖို့ ရှိတယ်လို့ အတွင်းရေးမှူးချုပ် ရဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဖာဟန် ဟက်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး VOA သတင်းကဆိုပါ တယ်။ ရခိုင်မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားနိုင်ငံကနေ အဖွဲ့ဝင် ၅၇နိုင်ငံပါတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ရာမှာလည်း မြန်မာ အပေါ်ဖိအားပေးဖို့ တိုက်တွန်းပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးက မလေးရှားနိုင်ငံဟာ ရခိုင်အရေးကို အကြောင်းပြကာ နိုင်ငံရေးရည်မှန်းချက်အတွက် ကိုယ်ကျိုးအတွက် အသုံးချနေတယ်လို့ ပြောခဲ့သလို၊ မြန်မာအစိုးရဖြေရှင်းနေတာ တွေကို အသိအမှတ်ပြုရာမရောက်ကြောင်းလည်း ဆိုပါတယ်။ အခြားအစ္စလာမ်နိုင်ငံတခုဖြစ်တဲ့ အင်ဒိုနီးရှားကတော့ စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ မြန်မာအစိုးရမှ တဆင့် ပေးပို့ကူညီခဲ့ပါတယ်။ လက်ရှိအခြေအနေမှာတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ သက်တမ်းကုန်ဆုံးလို့ အနားယူသွားခဲ့သလို့၊ သူခန့်အပ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီယာရဲ့ တာဝန်ဟာ ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် သက်တမ်း ထပ်မံမတိုးတော့သလို၊ အစားထိုးခန့် အပ်မှုတွေလည်း မရှိသေးပါဘူး။
Source : https://goo.gl/xYMqqJ
via IFTTT
Source : https://goo.gl/xYMqqJ
via IFTTT
The Voice
အာရှဖလား နောက်ဆုံးအဆင့် ခြေစစ်ပွဲတွင် အိန္ဒိယ၊ ကာဂျစ္စတန်၊ မကာအိုတို့နှင့် မြန်မာ တစ်အုပ်စုတည်းကျ အဘူဒါဘီ၊ ဇန္နဝါရီ ၂၃ ယူအေအီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ ခုနှစ် အာရှဖလားပြိုင်ပွဲအတွက် နောက်ဆုံးအဆင့် ခြေစစ်ပွဲ အုပ်စုများကို အာရှဘောလုံးအဖွဲ့ချုပ်က မဲခွဲထုတ်ပြန်လိုက်ပြီ ဖြစ်ရာ မြန်မာအသင်းမှာ အိန္ဒိယ၊ ကာဂျစ္စတန်၊ မကာအိုတို့နှင့်အတူ အုပ်စု (က) တွင် တစ်အုပ်စုတည်း ကျရောက်သွားခဲ့ကြောင်း AFC က ဖော်ပြထားသည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၉ ခုနှစ် အာရှဖလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်းအရေအတွက်ကို ၁၆ သင်းမှ ၂၄ သင်းသို့ တိုးမြှင့်ပေးထားပြီဖြစ်ကာ လက်ရှိတွင် အသင်း ၁၂ သင်းက အာရှဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်အတွက် ခြေစစ်ပွဲ အောင်မြင်ထားကြပြီး ဖြစ်သည်။ အာရှဖလား နောက်ဆုံးအဆင့် ခြေစစ်ပွဲများကို အသင်းလေးသင်းစီ ပါဝင်သော အုပ်စုခြောက်ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အုပ်စုပထမနှင့် ဒုတိယရရှိသော အသင်းများမှာ ၂၀၁၉ ခုနှစ် အာရှဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိကြလိမ့်မည် ဖြစ်သည်။ ၂၀၁၉ ခုနှစ် အာရှဖလားပြိုင်ပွဲ၏ ခြေစစ်ပွဲများကို ၂၀၁၇ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်ပြီး နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ရမည့် အဆိုပါ ခြေစစ်ပွဲများမှာ ၂၀၁၈ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ပြီးဆုံးလိမ့်မည် ဖြစ်သည်။ ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရှဇုန် နောက်ဆုံးအဆင့် ခြေစစ်ပွဲကို ပါဝင်ယှဉ်ပြိုင်နေသည့် အသင်း ၁၂ သင်းသည် ၂၀၁၉ ခုနှစ် အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ အောင်မြင်ထားကြပြီး ဖြစ်ကာ ယင်းအသင်းများမှာ သြစတြေးလျ၊ တရုတ်၊ အီရတ်၊ အီရန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ ဆီးရီးယား၊ ထိုင်း၊ ဥဇဘက်ကစ္စတန်နှင့် အိမ်ရှင် ယူအေအီးတို့ ဖြစ်ကြသည်။ မြန်မာသည် အာရှဖလား ခြေစစ်ပွဲ အောင်မြင်ရေးအတွက် ကာဂျစ္စတန်၊ အိန္ဒိယတို့နှင့် အဓိက အားပြိုင်သွားရလိမ့်မည် ဖြစ်ပြီး ဖီဖာက နောက်ဆုံးထုတ်ပြန်ထားသည့် ကမ္ဘာ့အဆင့် ရပ်တည်မှုတွင် ကာဂျစ္စတန်က အဆင့် ၁၂၄၊ အိန္ဒိယက အဆင့် ၁၂၉၊ မြန်မာက အဆင့် ၁၅၉၊ မကာအိုက အဆင့် ၁၈၄ အသီးသီး ရရှိထားကြသည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၉ ခုနှစ် အာရှဖလား နောက်ဆုံးအဆင့် ခြေစစ်ပွဲများ မဲခွဲပွဲ အခမ်းအနားတွင် ၂၀၁၉ ခုနှစ် အာရှဖလားပြိုင်ပွဲ လိုဂိုကိုလည်း တရားဝင် ထုတ်ပြန်ပေးလိုက်ပြီး ယင်းလိုဂိုကို ယူအေအီးနိုင်ငံတော် အလံတွင် ပါရှိသည့် အရောင်များကို အဓိကအခြေခံ၍ ရေးဆွဲထားခြင်း ဖြစ်ပါကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီက ထုတ်ပြန်ကြေညာထားသည်။ ၂၀၁၉ အာရှဖလား နောက်ဆုံးအဆင့် ခြေစစ်ပွဲ အုပ်စုများ -------------------------------------------------------------------- အုပ်စု (က)- ကာဂျစ္စတန်၊ အိန္ဒိယ၊ မြန်မာ၊ မကာအို အုပ်စု (ခ) - မြောက်ကိုရီးယား၊ ဟောင်ကောင်၊ လက်ဘနွန်၊ မလေးရှား အုပ်စု (ဂ) - ဂျော်ဒန်၊ ဗီယက်နမ်၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား အုပ်စု (ဃ) - အိုမန်၊ ပါလက်စတိုင်း၊ မော်လ်ဒိုက်ဗ်၊ ဘူတန် အုပ်စု (င) - ဘာရိန်း၊ တာ့ခ်မင်နစ္စတန်၊ တရုတ်တိုင်ပေ၊ စင်ကာပူ အုပ်စု (စ) - ဖိလစ်ပိုင်၊ တာဂျစ်ကစ္စတန်၊ ယီမင်၊ နီပေါ
Source : https://goo.gl/YZMbtb
via IFTTT
Source : https://goo.gl/YZMbtb
via IFTTT
Eleven Broadcasting
တောင်ဥက္ကလာပမြို့နယ်ရှိ ဖုန်းအရောင်းဆိုင် တစ်ဆိုင်တွင် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး အလောင်းတွေ့ရှိ (ရုပ်သံ) တောင်ဥက္ကလာပမြို့နယ်၊ ၁၂ရပ်ကွက်၊ မေတ္တာလမ်းမပေါ်မှာရှိတဲ့ ဖုန်းအရောင်းဆိုင် တစ်ဆိုင်အတွင်း မှာ ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၉ နာရီ အချိန်ခန့်က သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦး အလောင်းကို တွေ့ရှိခဲ့ တယ်လို့ သိရပါတယ်။
Source : http://ift.tt/2jSKfwg
via IFTTT
Source : http://ift.tt/2jSKfwg
via IFTTT
Monday, January 23, 2017
The Voice
Latest New>>> အမြန်လမ်း ကားမီးလာင်မှုဖြစ်စဥ် နောက်ဆုံးရ..၁ ဇန်နဝါရီ ၂၃-ည၇း၃ဝ (၂၁.၁.၂ဝ၁၇) နေ့ အမြန်လမ်း ၄ မိုင် ၂ ဖာလုံ ယာဥ်မီးလောင်မှုနဲ့ပတ်သက်ပြီး အခင်းဖြစ်ပွားချိန်တွင် ယာဥ်မောင်းသူမှာ တစ်ဦးတည်းအသက်ရှင်လွတ် မြောက်သူ ကိုအောင်ခန့် ကိုယ်တိုင်ဖြစ်ကြောင်း ၄င်းကိုယ်တိုင် ယနေ့ နံနက်ပိုင်းတွင် အမြန်လမ်း ၁၁ မိုင်ရဲစခန်းတွင် ဝန်ခံထုတ်ဖော်ပြောကြား လိုက်ပြီဖြစ်ပြီး ရဲစခန်းမှလည်း အဖြစ်မှန်ကို ထုတ်ပြန်ပေးမည်ဟု သိရှိခဲ့ရပါသည်။ ၃၉ မိုင် နားနေစခန်းထွက်ကတည်းက ကားကိုယာဥ်မောင်း ကိုအောင်ခန့် မောင်းလာကြောင်း၊ ကားမှာ အခင်းဖြစ်နေရာအရောက်တွင် ဘယ်ရှေ့တာယာ ပွင့်၊ ဘယ်ဘက်သို့ဆွဲသွားပြီး အလူမီနီယမ် တန်းအုတ်ခုံနှင့်တိုက်မိစဥ် ရှေ့ခေါင်းဘယ်ခြမ်း အတွင်းသို့ကျွံဝင်သဖြင့် ကိုဝင်းထွန်းခြေထောက် ၂ ဖက်လုံးညပ်နေခဲ့ကြောင်း၊ ကိုအောင်ခန့်မှာ ညာဘက်တံခါးဖွင့်ထွက်ပြီး ကိုဝင်းထွန်းဘက်မှ တံခါးကိုသွားဖွင့်ပြီး ဆွဲထုတ်ရာ ခြေထောက်ညပ်ပြီး ထုတ်မရသဖြင့် ကိုဝင်းထွန်းမှ သူ့ကိုမထုတ်ပဲ နောက်ခန်းမှလူများ ကိုကယ်ရန် ပြောရာ နောက်ခန်း ဘယ်တံခါးမှာ တန်းများနှင့်တိုက်မိသောအရှိန်ဖြင့် လုံးဝဖွင့်မရကြောင်း၊ ၄င်းအချိန်တွင်ကားအတွင်းမှ မီးခိုးများအရမ်းထွက်လာနေပြီ ဖြစ်သဖြင့် အနီးသို့ရောက်လာသူများက သူ့အားနောက် ဆုတ်ရန်ပြောစဥ် ပေါက်ကွဲမှု ဖြစ်ပွားကြောင်း ရဲစခန်းမှကနဦးစစ်ဆေးချက်များအရမိသားစုထံရှင်းလင်း ပြောကြားခဲ့သော သတင်းဖြစ်ပါသည်။ ကိုအောင်ခန့်အား မည်သည့်ဥပဒေနှင့်တရားစွဲဆိုသွားမည်ကိုအတည် မပြုနိုင် သေးဘဲလက်ရှိရဲလုပ်ထုံးလုပ် နည်းများအတိုင်းတရား ပဒေဘောင်အတွင်းမှဆောင်ရွက်လျက်ရှိပါကြောင်း။ Zaw Win Khaing #မြတ်သူထွန်း Via Lwin Oo MMA@Ko Gyi Maung
Source : https://goo.gl/vdMdCP
via IFTTT
Source : https://goo.gl/vdMdCP
via IFTTT
7Day TV
"မျိုးကိုကိုစန်း မီဒီယာတွေကိုတွေ့ပြီး ဘာပြောသလဲ" Cele Cele Small ရဲ့ Admin အဖြစ် စွပ်စွဲခံရပြီး ပုဒ်မ ၆၆ဃ နဲ့တရားစွဲခံခဲ့ရတဲ့ ဂေးအလှမယ် မျိုးကိုကိုစန်း အနေနဲ့ သူ့ကိုနစ်နာအောင်လုပ်တဲ့သူတွေကို တောင်းပန်ခိုင်းမယ်လို့ ဒီကနေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာပြောပါတယ်။ လူမှုကွန်ရက်ရဲ့ Cele Cele Small Admin ကို ဖမ်းဆီးပေဖို့ အတွက် သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုန်ရွှေရည် အနေနဲ့ ရန်ကင်း တရားရုံးမှာ အမှုဖွင့်ခဲ့ပြီး CCS Admin လို့ ယူဆခံရတဲ့ မျိုးကိုကိုစန်းကို ဇန်နဝါရီ ၁၇ ရက်က ဖမ်းဆီးထိန်းချုပ်ခံခဲ့ရတာဖြစ်ပါတယ်။ ရန်ကင်းတရားရုံးမှာ သုံးရက်တာ ထိန်းသိမ်းခံခဲ့ရပြီး တရားလို၊ အမှုလက်ခံသူ ၊ ဖမ်းဆီးသူတွေထဲက ဂုဏ်သိက္ခာပိုင်းဆိုင်ရာ နစ်နာအောင် လုပ်ခဲ့သူတွေကို စုံစမ်းပြီး နိုင်ငံပိုင်သတင်းစာက တစ်ဆင့် တောင်းပန်ခိုင်းမယ်လို့ ပြောလာပါတယ်။ ဂေးအလှမယ် မျိုးကိုကိုစန်း အနေနဲ့ Cele Cele Small ရဲ့ Admin မဟုတ်ကြောင်း ငြင်းဆန်ထားသလို ပုဒ်မ ၆၆ ဃ တရားစွဲဆိုမှုနဲ့ နဲ့ လာမယ့် ၃၁ ရက်မှာ ရမန်ထပ်မံချိန်းဆိုခြင်းခံထားရတယ်လို့ သိရပါတယ်။ ရုပ်သံသတင်းထောက် - အေးမြတ်
Source : http://ift.tt/2k7Ec4V
via IFTTT
Source : http://ift.tt/2k7Ec4V
via IFTTT
Sunday, January 22, 2017
The Voice
ရန်ကုန်တိရစ္ဆာန်ဥယျာဥ် (၁၁၁) နှစ်ပြည့်ပွဲတော် ငါးရက် ကျင်းပမည် အများပြည်သူများ အားလပ်ရက်တွင် အပန်းဖြေ သွားလေ့ရှိသည့် ရန်ကုန် တိရစ္ဆာန်ဥယျာဥ် ဖွင့်လှစ်ခဲ့သည်မှာ ၁၁၁ နှစ်ပြည့်ခဲ့ပြီး ဖြစ်သည့်အတွက် ဇန်နဝါရီ ၂၁ ရက်မှ ငါးရက်တိုင် ဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေရေး အစီအစဥ်များဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါတိရစ္ဆာန်ဥယျာဥ်ကို ၂ဝ၁၂ ခုနှစ်မှစပြီး အစိုးရပိုင်မှ ပုဂ္ဂလိက ကုမ္ပဏီပိုင်အဖြစ် ပြောင်းလဲခဲ့၍ ယခုလက်ရှိတွင် ထူးကုမ္ပဏီက ပြောင်းလဲ လုပ်ကိုင်လျက်ရှိကြောင်း စီမံခန့်ခွဲမှု မန်နေဂျာ ဦးမျိုးကျော်သူက ပြောကြားသည်။ ခုဆိုရင် တိရစ္ဆာန် အကောင်ရေပေါင်း ၁၃၉၅ ကောင်ကို ပြသထားပါတယ်။ အမျိုးအစား ပေါင်းကတော့ ၁၃၃ မျိုးလောက်ပဲ ပြသ ထားနိုင်သေးပါတယ်။ အမျိုးအစား နည်းတာက ကျွန်တော်တို့ အနေနဲ့ ပိုက်ဆံရှိတိုင်းလည်း ဝယ်မရပါဘူး။ လှောင်အိမ်ရှိနေလည်း မရပါဘူး။ ပြသမယ်ဆိုရင် သစ်တောဦးစီးဌာန လက်အောက်က တိရစ္ဆာန် ဥယျာဥ်ဌာနက ခွင့်ပြုမှသာ ဝယ်ယူ ပြသခွင့် ရှိကြောင်း ၎င်းက ဆိုသည်။ ယခုနှစ်အတွင်း ရန်ကုန်တိရစ္ဆာန် ဥယျာဥ်ကို အများပြည်သူများ ပိုမိုစိတ်ဝင်စား၍ တိရစ္ဆာန် အမျိုးအစား ထပ်တိုးရန်နှင့် အဆင့်မြှင့်ရန် စတင်လုပ်ကိုင်လျက်ရှိပြီး လက်ရှိတွင် ရေဘောလုံးကစားကွင်းကို ယခုနှစ်ဆန်းတွင်း တိုးချဲ့ထားသည်။
Source : https://goo.gl/SDlQzR
via IFTTT
Source : https://goo.gl/SDlQzR
via IFTTT
Saturday, January 21, 2017
Kumudra
တောင်ဒဂုံမှာ စားသောက်ဆိုင်မီးလောင်ပြီး ဆိုင်ရှင်သားနဲ့ အလုပ်သမားလေးဦးသေဆုံး ၂၁၊ဇန်နဝါရီ၊ရန်ကုန်။ ဒဂုံမြို့သစ်တောင်ပိုင်း အမှတ် (၁၈) ရပ်ကွက်ရှိ အကွီစားသောက်ဆိုင်မီးလောင်မှုကြောင့် ဆိုင်ရှင်ရဲ့ သားအပါအဝင် ငါးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့မနက်လေးနာရီခွဲကျော်မှာ စားသောက် ဆိုင်ရဲ့ မီးကျွှင်းမီးကျန်များနဲ့ဂတ်စ်အိုးကနေ စိမ့်ထွက်နေတဲ့ ဂတ်စ်များထိတွေ့ပြီးမီးလောင်မှုစတင်ဖြစ်ပွားခဲ့တယ်လို့ မီးသတ် တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ မီးလောင်မှုကြောင့် ဆိုင်ရှင််ဦးဖေဟန်ရဲ့သားဖြစ်သူ မောင်တုံတုံ (အသက် ၂၇နှစ်) ၊ အလုပ်သမားများဖြစ်ကြတဲ့တောင်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ မောင်ကောင်းထက်စံ( ၁၃နှစ်)၊ မောင်မင်းမင်း (အသက်၁၉နှစ်)တွံတေးမြို့မှာနေထိုင်သူဖြစ်တဲ့မောင်နေလင်းဦး (အသက် ၁၇နှစ်)၊ ဝိုင်းတုံချစ်( အသက် ၁၂နှစ်)တို့ သေဆုံးခဲ့တယ်လို့သိရပါတယ်။ မောင်လွင်ဖြိုးဝေဆိုသူကိုလည်း အတွင်းလူနာအဖြစ် သင်္ဃန်းကျွှန်းစံပြဆေးရုံမှာတင်ပို့ထားတယ်လို့သိရပါတယ်။ “ကျွန်တော်သွားကြည့်တဲ့အချိန်မှာ ဆိုင်ရှင်သားအကြီးဆုံးက သေသွားပြီ၊ကလေးငယ်တစ်ယောက်ကတော့ ဒဏ်ရာတော်တော်ပြင်းထန်လို့ ဆေးရုံပို့ထားတယ်။ကျွန်တော်သွားတဲ့ အချိန်မှာမီးက အညွန့်ကျိုးသွားပြီ။”လို့ ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ် အမှတ် (၁) ဦးညီညီကပြောပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မီးသတ်ဥပဒေပုဒ်မ (၂၈၅/ ၃ဝ၄ -က (ပ/၇၈/ ၁၇) နဲ့ပိုင်ရှင်ဖြစ်သူဦးဖေဟန်ကိုအရေးယူထားတယ်လို့သိရပါတယ်။ အေးအေးအောင်
Source : http://ift.tt/2kaAuXo
via IFTTT
Source : http://ift.tt/2kaAuXo
via IFTTT
Thursday, January 19, 2017
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ - Unofficial
19.1.2017. 8:31am တောင်ဥက္ကလာပမြို့နယ် ကညနအနီး မြင်သာရဲစခန်းဘေး gas ပိုက်လိုင်းပေါက်ပီး မီးလောင် Level 1
Source : http://ift.tt/2jz6AQ4
via IFTTT
Source : http://ift.tt/2jz6AQ4
via IFTTT
Tuesday, January 17, 2017
ခရီးသည်များကို ရဲကား ၄၁ စီးဖြင့် ယနေ့ ညနေ လိုက်လံပို့ဆောင်မည် ရန်ကုန်၊ ဇန်နဝါရီ ၁၇ YBS ယာဉ်လိုင်းများ စတင်ပြေးဆွဲချိန် ခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေစေရန် ယနေ့ (ဇန်နဝါရီလ ၁၇ ရက်) ညနေ ၅ နာရီတွင် ရဲတပ်ဖွဲ့မှ လုံခြုံရေးယာဉ် ၄၁ စီးဖြင့် မဟာဗန္ဓုလပန်းခြံရှေ့မှ လိုအပ်သည့် ခရီးစဉ်များကို အခမဲ့ လိုက်လံပို့ဆောင်ပေးမည် ဖြစ်ကြောင်း အမှတ် (၂) လုံခြံုရေး ရဲကွပ်ကဲမှု ရဲမှူးချုပ် မြဝင်းက ပြောသည်။ “လုံခြုံရေး ရဲတပ်ဖွဲ့နဲ့ ယာဉ်ထိန်းရဲ ပူးပေါင်းပြီး ရဲကားတွေနဲ့ ခရီးသွားပြည်သူတွေကို လိုက်လံပို့ဆောင်ပေးမှာပါ၊ သွားလာမယ့် ယာဉ်တွေရဲ့ ရှေ့မှာ ယာဉ်ထိန်းရဲက ဆိုင်ကယ်နဲ့ ရှေ့ပြေးလမ်းကြောင်း ရှင်းလင်းရေး ဆောင်ရွက်သွားမယ်” ဟု ရဲမှူးချုပ် မြဝင်းက ဆက်လက်ပြောကြားသည်။ လိုက်လံပို့ဆောင်မည့် ယာဉ်များမှာ FAW လိုက်ထရပ် ယာဉ်အမျိုးအစားများ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ လုံခြုံရေးယာဉ် ၁၀ စီး၊ အမှတ် (၂) လုံခြံုရေး ရဲကွပ်ကပ်မှုမှ ယာဉ် ၂၅ စီးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ် ၆ စီး ပါဝင်ကြောင်း သိရသည်။
Source : https://goo.gl/2zju7h
via IFTTT
Source : https://goo.gl/2zju7h
via IFTTT
Monday, January 16, 2017
YESC-CallCenter
အများပြည်သူသို့ အသိပေးပန်ကြားခြင်း ၁. ရန်ကုန်တိုင်းဒေသကြီးအတွင်းနေထိုင်သော မီးသုံးသူပြည်သူများ ဓာတ်လိုက်မှုအန္တရာယ် ကင်းဝေးစေရေးအတွက် ရှုပ်ထွေးဆားဗစ် ဝါယာကြိုးများရှင်းလင်းခြင်း၊ လျှပ်စစ်အန္တရာယ် လုံခြုံစိတ်ချ ရသော လျှပ်ကာဓာတ်အားလိုင်းကြိုးများဖြင့် လဲလှယ်တည်ဆောက်ခြင်း၊ လျှပ်စစ်ဓာတ်ကြိုးများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို " ပြည်သူပါဝင်သော လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းစီမံချက်" အနေဖြင့် ယခုအပတ်၌ (၁၀.၁.၂၀၁၇)ရက်နေ့ (အင်္ဂါနေ့) နှင့် (၁၂.၁.၂၀၁၇)ရက်နေ့ (ကြာသပတေးနေ့)များတွင်သာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၂. (၁၇.၁.၂၀၁၇)ရက်နေ့တွင် ဒဂုံမြောက်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ ကျောက်တံတား၊ ကမာရွတ်၊ အလုံ၊ ဒဂုံ၊ ဗဟန်း၊ စမ်းချောင်း၊ လမ်းမတော်၊ မရမ်းကုန်း၊ လှိုင်သာယာ၊ ရွှေပြည်သာ ၊ မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်၊ မြောင်းတကာ၊ အင်းစိန်၊ မင်္ဂလာဒုံ ၊ ထောက်ကြန့်၊ တိုက်ကြီး၊ ဥက္ကံ၊ ဒါးပိန်၊ ဖောင်ကြီး၊ အင်းတိုင်၊ အဖျောက်၊ ရွှေလင်ပန်းမြို့နယ်များ၊ ရပ်ကွက်အချို့ CNG ဆိုင်အချို့နှင့် စက်မှုဇုန်အချို့တို့တွင် (၁၂:၀၀)နာရီမှ (၁၄:၀၀)နာရီအတွင်း ယာယီဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပါသည်။ ၃. (၁၉.၁.၂၀၁၇) (ကြာသပတေးနေ့)တွင် ဒဂုံအရှေ့၊ ဒဂုံမြောက် ၊ သင်္ဃန်းကျွန်း၊ လှိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ ကျောက်တံတား၊ ကြည့်မြင်တိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ထောက်ကြန့်၊ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ ဥက္ကံ၊ အင်းတိုင်၊ ရွှေလင်ပန်းမြို့နယ်များ၏ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန်အချို့တို့တွင် (၁၂:၀၀)နာရီမှ (၁၄:၀၀)နာရီအတွင်း အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ပါသည်။ ၄. 230 kV သာကေတပင်မဓာတ်အားခွဲရုံ၏ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများအား လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်သဖြင့် (၁၇.၁.၂၀၁၇)ရက်နေ့ အင်္ဂါနေ့တွင် ဒဂုံတောင်မြို့နယ်များ၏ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန်အချို့တွင်လည်းကောင်း၊ (၁၉.၁.၂၀၁၇)ရက်နေ့ (ကြာသပတေးနေ့)တွင် မရမ်းကုန်း ၊ ဒဂုံမြောက်၊ သာကေတ၊ တောင်ဥက္ကလာ၊ ရန်ကင်း၊ တာမွေ၊ ဗဟန်း၊ မင်္ဂလာတောင်ညွှန့် မြို့နယ်များ၏ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန်အချို့တို့တွင် (၁၀:၀၀)နာရီမှ (၁၄:၀၀)နာရီအတွင်း ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ပါသည်။ ၅တ. ယခုပန်ကြားလွှာ၌ ဖော်ပြပါရှိသော မြို့နယ်များ၏ ရပ်ကွက်အချို့၊ နေရာအချို့တို့တွင်သာ အချိန်ပိုင်းဓာတ်အားပြတ်တောက်မည်ဖြစ်ပြီး ၊ မြို့နယ်တစ်မြို့နယ်လုံး လျှပ်စစ်မီးပြတ်တောက်မှုမျိုးမဟုတ်ပါကြောင်းနှင့် ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အလေးထားဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါသဖြင့် ယာယီဓာတ်အားပြတ်တောက်မှုကြောင့် လူမှုရေးအခက်အခဲများပေါ်ပေါက်နိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အများပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
Source : http://ift.tt/2jQPFoB
via IFTTT
Source : http://ift.tt/2jQPFoB
via IFTTT
Saturday, January 14, 2017
YBPC BRT Lite: Unofficial
ကျေးဇူးပြု၍ အချိန်ခဏလေးပေးကာ ဖတ်ရှုပါရန် ------------------------------------------- ခရီးသွားပြည်သူများခင်ဗျာ။ ကျွန်တော်တို့ page တွင် ရောက်ရှိလာသော comment များသည် အလွန်များပြား သောကြောင့် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အကြောင်း မပြန်နိုင်မှုအတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ပြေးဆွဲမှုအစီအစဥ်ပြောင်းလဲခြင်းကို အတည်ပြုနိုင်သော အနေအထားအားလုံးအထိ သတင်း ထုတ်ပြန်ပြီး ဖြစ်ပါသည်။ အတည်မပြုနိုင်သေးသော အချို့ ကိစ္စရပ်များလည်း ရှိနေပါသေးသည်။ ၄င်းတို့မှာ. . . ၁) မနက်ပိုင်း ယာဥ်အစောဆုံးစထွက်ချိန်နှင့် ညပိုင်းတွင် နောက်ဆုံးထွက်မည့်အချိန်။ {လတ်တလော မနက် ၅ နာရီမှ ည ၁ဝ နာရီအထိ လျာ ထားသည်ဖြစ်၍ ဆက်လက်အတည်ပြုပေးပါမည်} ၂) ယာဥ်စီးခ ကောက်ခံမှုပုံစံ။ {ထောက်ကြန့်မှ ဝိုင်ယာလက်အထိ ၁ဝဝ ကျပ်၊ ဝိုင်ယာ လက်မှ မော်တင်အထိ ၂ဝဝ ကျပ် လျာထားသည်ဖြစ်၍ ဆက်လက်အတည်ပြုပေးပါမည်} ၃) လမ်းကြောင်းတလျှောက်တွင် ခရီးသွားပြည်သူများ၏ အခက်အခဲများကို ကူညီရန် မန်နေဂျာများမှစ၍ ဝန်ထမ်း များ စေလွှတ်ထားပါမည်။ {စေလွှတ်ထားမည့် ပုံစံအသေးစိတ်ကို ဆက်လက်အတည် ပြုပေးပါမည်} သို့ဖြစ်ပါ၍ နောက်ဆက်တွဲအတည်ပြုချက်များကို ဆက်လက် ထုတ်ပြန်ပေးမည် ဖြစ်ပါသောကြောင့် ခေတ္တစောင့်ဆိုင်းပေး ကြပါရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။ အားလုံးကို ချစ်ခင်လေးစားလျက်ပါ။ ♥ Admin***
Source : http://ift.tt/2jiLHrO
via IFTTT
Source : http://ift.tt/2jiLHrO
via IFTTT
7Day News Journal
လှည်းတန်းလမ်းဆုံအနီး ပြည်လမ်းမဘေး၌ ဇန်နဝါရီ ၁၂ ရက် ည ၁ဝ နာရီခွဲခန့်တွင် အမျိုးသားနှစ်ဦးအား ဓားထောက်လုယက်သူလေးဦးအား ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။ လှည်းတန်းခုံးကျော်တံတား အနီး ပြည်လမ်းမဘေး ပလက် ဖောင်းပေါ်တွင် လမ်းလျှောက်နေ သည့် အမျိုးသားနှစ်ဦးအား အမျိုး သားလေးဦးက နောက်မှလိုက် ကာ ဓားဖြင့်ထောက်၍ လုယက် နေစဥ် ပြည်သူတစ်ဦးက တွေ့မြင် ပြီး အနီးရှိ အငှားယာဥ်မောင်းများ၊ ပြည်သူအချို့အား အကူအညီ တောင်းကာ လုယက်သူများအား ဖမ်းဆီးခဲ့သည်။ အငှားယာဥ်မောင်းများနှင့် ပြည်သူအချို့၏ ကူညီမှုကြောင့် လုယက်သူအမျိုးသား လေးဦးအ နက် တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ရဲ လက်သို့အပ်နိုင်ခဲ့ကြောင်း ကိုယ် တိုင်ပါဝင်ကူညီခဲ့သူတစ်ဦးက ပြောသည်။ လုယက်ခံရသူအမျိုးသားနှစ်ဦးအနက်တစ်ဦးမှာ ညာဘက်တင်ပါးတွင် ဒဏ်ရာရရှိခဲ့ပြီး မိုဘိုင်းဖုန်းတစ်လုံး ပါသွားကြောင်း ကာယကံရှင်အမျိုးသားက ပြောသည်။ ထွက်ပြေးသွားသည့် လု ယက်သူအမျိုးသားသုံးဦးအား နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၃ ရက်တွင် သတင်း ထုတ်ပြန်သည်။ ရဲတပ်ဖွဲ့၏ သတင်းထုတ် ပြန်ချက်တွင် လုယက်သူများထံမှ ဆွဲကြိုးတစ်ကုံး၊ လက်ကိုင်ဖုန်း ရှစ်လုံး၊ အရိုးအသွား ၁၁ လက်မ ခန့်ရှိသည့် ဓားဦးချွန် တစ်ချောင်း၊ ခရီးဆောင်ကျောပိုးအိတ်တစ် လုံး၊ ဓားအိမ်တစ်ခုတို့အား သိမ်း ဆည်းရရှိခဲ့ပြီး ၎င်းတို့အား ကမာ ရွတ်မြို့မရဲစခန်းတွင် ရာဇသတ် ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။
Source : http://ift.tt/2ivf2y9
via IFTTT
Source : http://ift.tt/2ivf2y9
via IFTTT
Friday, January 13, 2017
The Voice
မန်ယူနှင့် လီဗာပူးတို့ပွဲစဉ်တွင် ပင့်ကူကင်မရာ ရိုက်ချက်ပြကွက်များ ပါရှိမည် မန်ချက်စတာ၊ ဇန္နဝါရီ ၁၂ လာမည့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမည့် မန်ယူနှင့် လီဗာပူးတို့ပွဲစဉ်ကို ပင့်ကူကင်မရာဖြင့် ရိုက်ကူးရန်အတွက် မန်ချက်စတာ မြို့တော်ဝန် ကောင်စီက Sky Sports မီဒီယာကို ခွင့်ပြုလိုက်ပြီဖြစ်ကာ ယင်းအတွက် မန်ယူနှင့် လီဗာပူးတို့ ပွဲစဉ်တွင် အပေါ်စီးမှ ရိုက်ကူးသည့် မြင်ကွင်းများကို ရုပ်သံပရိသတ်များ ကြည့်ရှုခွင့် ရရှိကြတော့မည် ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။ Sky Sports မီဒီယာသည် လက်ရှိတွင် မန်ယူအသင်းပိုင် အိုးလ်ထရက်ဖို့ဒ် ဘောလုံးကွင်း၌ ပင့်ကူကင်မရာများ စတင်တပ်ဆင်နေပြီ ဖြစ်ကာ ပရီးမီးယားလိဂ်ပွဲစဉ်များကို ရုပ်သံကတစ်ဆင့် ကြည့်ရှုအားပေးသည့် ပရိသတ်များအတွက် ခံစားမှုအသစ်တစ်ခု ပေးစွမ်းခွင့် ရရှိတော့မည် ဖြစ်၍ လွန်စွာကျေနပ်အားရ ဖြစ်ရပါကြောင်း Sky Sports မီဒီယာ အကြီးအကဲတစ်ဦး ဖြစ်သူ ဂယ်ရီဟုချ်က ပြောကြားသွားခဲ့သည်။ သို့သော် မန်ယူနှင့် လီဗာပူးပွဲစဉ်ကို ပြသရာတွင် Sky Sports နှင့် ၎င်းထံကတစ်ဆင့် ပရီးမီးယားလိဂ်ပြသမှု မူပိုင်ခွင့် ဝယ်ယူထားသည့် ရုပ်သံဌာနများကသာ ပင့်ကူကင်မရာ ရိုက်ချက်များကို ထုတ်လွှင့်နိုင်လိမ့်မည် ဖြစ်ပြီး လက်ရှိတွင် ဥရောပဘောလုံးလောက၌ အဆိုပါ ပင့်ကူကင်မရာ အသုံးပြုခွင့်ကို ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်ခုတည်း၌သာ တရားဝင် ခွင့်ပြုပေးထားသည်။ မန်ယူနှင့် လီဗာပူးတို့ ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက်၌ ပင့်ကူကင်မရာ ရိုက်ချက်များကို ခံစားခွင့်ရရှိမည့် ပထမဆုံးပွဲစဉ်အဖြစ် မှတ်တမ်းဝင်သွားတော့မည် ဖြစ်ကာ ကင်မရာများကို အမြင့် ၁၀ မီတာမှ မီတာ ၄၀ အကြားတွင် တပ်ဆင်၍ စမ်းသပ်ရိုက်ကူးမှုများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း Sky Sports က အသိပေးထားသည်။ ပင့်ကူကင်မရာများကို တပ်ဆင်ရာတွင် ကင်မရာတစ်လုံးကို ဝါယာကြိုးလေးခုဖြင့် တွယ်ဆက်၍ ရွေ့လျားနိုင်စေရန် စီစဉ်ရခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ပင့်ကူကင်မရာကို အဆင်ပြေစွာ သုံးစွဲနိုင်ကြောင်းကို သက်သေပြရမည်ဖြစ်၍ ၎င်းတို့အနေနှင့် စိတ်လှုပ်ရှားနေမိကြောင်းလည်း ဂယ်ရီဟုချ်က ပြောကြားထားသည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကျင်းပရေး ကော်မတီသည် အမြင့်ဘောများ၊ ဂိုးလွန်ဘောများ ကန်တင်ရာတွင် ကစားသမားများ စိတ်အနှောင့်အယှက်ဖြစ်ရဖွယ် ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် ပင့်ကူကင်မရာ တပ်ဆင်ရိုက်ကူးခွင့်ကို အတိတ်ကာလက ငြင်းဆန်ခဲ့ဖူးကာ ယင်းကင်မရာဖြင့် ရိုက်ကူးသော မြင်းကွင်းများမှာ အပေါ်စီးက ကြည့်ရှုသည့်ခံစားမှုကို ရရှိသည့်အတွက် ငှက်မျက်လုံး ကင်မရာဟုလည်း ခေါ်ဆိုမှုများ ရှိကြသည်။
Source : https://goo.gl/MQlZ1t
via IFTTT
Source : https://goo.gl/MQlZ1t
via IFTTT
Eleven Media Group
စတမ်းဖို့ဒ်ဘရစ်ချ်အား ပရိသတ် ၆၀၀၀၀ ဆံ့ကွင်းအဖြစ် ပြင်ဆင်ရန် ချယ်လ်ဆီးအသင်း ခွင့်ပြုချက်ရ ပုံ - တိုးချဲ့ပြင်ဆင်မည့် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း နမူနာပုံစံငယ်အား တွေ့ရစဉ် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ထိပ်ဆုံးနေရာတွင် ဦးဆောင်နေသည့် ချယ်လ်ဆီးအသင်းသည် အိမ်ကွင်းဖြစ်သည့် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအား ပရိသတ် ၆၀၀၀၀ ဆံ့ကွင်း အဖြစ် တိုးချဲ့ပြင်ဆင်ရန် ခွင့်ပြုချက် ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအား ၁၈၇၇ ခုနှစ်ကတည်းက အသုံးပြုနေခြင်းဖြစ်ပြီး ပရိသတ် ၄၁၄၉၀ ဦးသာ ဝင်ဆံ့ကြောင်း သိရသည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းအနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ယူ၊ အာဆင်နယ်၊ လီဗာပူးလ် အသင်းများနှင့်ယှဉ်လျှင် ကွင်းဝင်ကြေးမှရရှိသည့် ဝင်ငွေ နည်းပါးလျက်ရှိသည်။ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်သည် ယင်းကွင်းအား ပေါင်သန်း ၅၀၀ (ဒေါ်လာ သန်း ၆၁၀) အကုန်အကျခံ၍ လူ ၆၀၀၀၀ ဆံ့ ကွင်းအဖြစ် တိုးချဲ့ပြင်ဆင်ရန် လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက ကြိုးပမ်းခဲ့သော်လည်း အပြီးသတ်ခွင့်ပြုချက် မရသဖြင့် ကြန့် ကြာနေခြင်းဖြစ်သည်။ “စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကို ပရိသတ်ဦးရေတိုးချဲ့မယ့် ကွင်းသစ်စီမံကိန်းကို ကျွန်တော်တို့ရဲ့ ဒေသခံကောင်စီ (ဟမ်းမားစမစ်နှင့် ဖူလ်ဟမ်ကောင်စီ) ထံ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက တင်ပြထားတာပါ။ ၁၂ လကျော်ကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေ၊ ဒေသခံစီးပွားရေးလုပ်ငန်းတွေ၊ ဥပဒေအာဏာပိုင်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုလုပ်ခဲ့ပါတယ်။ ဒီနေ့ည (ဇန်နဝါရီ ၁၁ ရက်) မှာ ကောင်စီရဲ့ စီမံကိန်းကော်မတီက ဒီလျှောက်ထားမှုကို ခွင့်ပြုမိန့် ပေးလိုက်ပါပြီ။ ကော်မတီရဲ့ဆုံးဖြတ်ချက်က ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်လုပ်ကိုင်ခွင့်ရတော့မယ်လို့ မဆိုလိုပါဘူး” ဟု ချယ်လ်ဆီးအသင်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ကနဦးအစီအစဉ်အရ ချယ်လ်ဆီးအသင်းသည် ကွင်းစီမံကိန်းအား ၂၀၂၁- ၂၀၂၂ ရာသီတွင် ပြီးစီးရန် စီစဉ်ထားကြောင်း သိရသည်။
Source : http://ift.tt/2iOHskJ
via IFTTT
Source : http://ift.tt/2iOHskJ
via IFTTT
MOI Webportal Myanmar
ဇန်နဝါရီ ၁ဝ ရက်က RB News ဝက်ဘ်ဆိုက်၌ ပါရှိခဲ့သည့် သတင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ မမှန်မကန် သတင်းထုတ်လွှင့်ခြင်းသာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ နေပြည်တော် ဇန်နဝါရီ ၁၂ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျားခေါင်းတောင် ကျေးရွာ၌ ဇန်နဝါရီ ၈ ရက်က နယ်မြေခံတပ်မှ အဘရှာ ဟာတူလ္လာ၏သား ကော်ရီမူလ္လာကိုဖမ်းဆီး၍လူမဆန် စွာရိုက်နှက်ပြီး လက်နက်များသိုဝှက်ထားသည့် နေရာများကို ပြောခိုင်းကြောင်းနှင့် နှိပ်စက်မခံလိုပါက ငွေကျပ်၁ဝ သိန်းပေးရန် တောင်းသဖြင့် ငွေကျပ် ၁ဝ သိန်းပေးခဲ့ရ ကြောင်း RB News ဝက်ဘ်ဆိုက် ဇန်နဝါရီ ၁ဝ ရက်က ရေးသားဖော်ပြခဲ့သည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်မှ တာဝန်ရှိသူများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျားခေါင်းတောင်ကျေးရွာမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ရွာသားများရှေ့မှောက်၌ ကော်ရီမူလ္လာကို စစ်ဆေးမေးမြန်းရာ တပ်မတော် စစ်ကြောင်းများက လူမဆန်စွာရိုက်ခြင်း၊ ငွေကျပ် ၁ဝ သိန်းပေးခဲ့ရခြင်း မရှိကြောင်း၊ ၄င်းဖြစ်စဉ်မှာလည်း ဖြစ်ပွားခဲ့ခြင်းမရှိဟု ကျေးရွာမှတာဝန်ရှိသူများနှင့် ဒေသခံများ ရှေ့မှောက်တွင် ဝန်ခံကတိလက်မှတ်ရေးထိုး ထွက်ဆိုခဲ့ကြောင်းနှင့် ကော်ရီမူလ္လာမှာလည်း ညှဉ်းပန်း နှိပ်စက်ခံထားရသည့် ဒဏ်ရာများ ရရှိထားခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။ တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ် မောင်တော ဒေသအတွင်း အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး တို့အတွက် ဥပဒေနှင့်အညီ တာဝန်ရှိအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နယ်မြေဒေသ တည်ငြိမ် အေးချမ်းစေရန် ဆောင် ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။
Source : http://ift.tt/2in1S36
via IFTTT
Source : http://ift.tt/2in1S36
via IFTTT
The Voice
ကစားသမားသုံးဦးကို စာချုပ်သစ် လက်မှတ်ရေးထိုးလိုက်နိုင်ပြီ ဖြစ်ကြောင်း အာဆင်နယ် အတည်ပြု လန်ဒန်၊ ဇန်နဝါရီ ၁၂ အာဆင်နယ်အသင်းသည် အသင်းအဓိက ကစားသမားသုံးဦး ဖြစ်သည့် နောက်ခံလူ ကော့စီရယ်လ်နီ၊ ကွင်းလယ်လူ ကိုကွီလင်နှင့် တိုက်စစ်မှူး ဂျီရုဒ်တို့ကို စာချုပ်သစ်များ အသီးသီး လက်မှတ်ရေးထိုးလိုက်နိုင်ပြီ ဖြစ်ကြောင်း Arsenal Media က ဖော်ပြထားသည်။ အာဆင်နယ်သည် ကစားသမားတစ်ဦးချင်းစီ၏ စာချုပ်သက်တမ်းများ အပါအဝင် အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ဘဲ သက်တမ်းရှည် စာချုပ်များ ဖြစ်သည်ဟုသာ ခြုံငုံအသိပေးသွားခဲ့သည်။ အာဆင်နယ်နည်းပြ အာဝင်ဝင်းဂါးသည် ၎င်းအနေနှင့် အသင်းအနာဂတ်အတွက် အရေးပါသည့် ကစားသမားသုံးဦးကို စာချုပ်သစ်များ လက်မှတ်ရေးထိုးလိုက်နိုင်သည့် အတွက် လွန်စွာကျေနပ်မိကြောင်း ဝမ်းသာစကား ဆိုသွားခဲ့ပြီး များမကြာမီတွင် ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့လည်း ယခုကဲ့သို့ စာချုပ်သစ်များ ချုပ်ဆိုကြလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း အာစင်ဝင်းဂါးက ဆက်လက်ပြောဆိုသွားခဲ့သည်။ ဆန်းချက်ဇ်နှင့် အာဆင်နယ်အသင်း တာဝန်ရှိသူများအကြားတွင် စာချုပ်သစ် ဆွေးနွေးမှုသည် လုပ်ခလစာ သဘောတူညီမှု ရရှိရန် ခက်ခဲနေပြီး အာဆင်နယ်ဘက်က ဆန်းချက်ဇ်၏ တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့်ကို ပေါင်နှစ်သိန်းအထိ တိုးမြှင့်ပေးထားသော်လည်း ဆန်းချက်ဇ်ကမူ ပေါင်နှစ်သိန်းခွဲ ရရှိမှသာ စာချုပ်သစ်ကို လက်မှတ်ထိုးမည်ဟု တင်းခံလျက်ရှိသည်။ အိုဇေးလ်သည် နည်းပြအာစင်ဝင်းဂါး၏ အနာဂတ်ကို အတိအကျသိရှိခွင့် ရပြီးမှသာ စာချုပ်သစ်အတွက် အဖြေပေးမည်ဟု အာဆင်နယ်အသင်း တာဝန်ရှိသူများကို အကြောင်းပြန်ထားပြီး စာချုပ်သစ် ချုပ်ဆိုဖြစ်ခဲ့မည် ဆိုပါက အိုဇေးလ်၏ တစ်ပတ်လုပ်ခ အကျိုးခံစားခွင့်ကိုလည်း အာဆင်နယ်က ပေါင်နှစ်သိန်းဝန်းကျင် တိုးမြှင့်ပေးချေရဖွယ် ရှိနေသည်။
Source : https://goo.gl/eYDPys
via IFTTT
Source : https://goo.gl/eYDPys
via IFTTT
YESC-CallCenter
အများပြည်သူတို အသိပေးပြန်ကြားခြင်း MYANMAR SHWE YING INT´L Co,Ltd မှလှိုင်မြို့နယ်အတွင်း လမ်းဆုံမီးပွိုင့်များ၌ အချက်ပြမီးတိုင်၊ကင်မရာတိုင်များတပ်ဆင်ရန်အတွက် 66KV ဘုရင့်နောင်-ဆင်မလိုက်(၁)ဖီဒါအား(၁၈•၁•၂၀၁၇)ရက်နေ့(ဗုဒ္ဓဟူး နေ့) နံနက်(၀၀းဝဝ)မှ(၀၂းဝဝ)နာရီအတွင်းယာယီဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ကမာရွတ် မြို့နယ်၏(အင်းယားလမ်း၊သံလွင်လမ်း၊ဇော်ဂျီလမ်း၊ပန်းဝါလမ်း၊ချင်းတွင်းလမ်း၊ရွှေလီလမ်း၊ပညာရေးသုတေသန၊ပညာရေးတက္ကသိုလ်၊စိန်ရတုခန်းမ၊ဦး ဝိစာရလမ်း၊(၇၊၈၊၉၊၁၀)ရပ်ကွက်) ၊ဗဟန်းမြို့နယ်(ရွှေတောင်ကြား(၁၊၂)ရပ်ကွက်)၊ စမ်ချောင်းမြို့နယ်(မြေနီတောင်/မြောက်၊ကျွန်းတောရပ်ကွက်၊မုန့်တောင်/မြောက်၊ဝေဠုဝန်မြောက်၊လင်းလွန်းမြောက်) ပါဝင်မည်ဖြစ်ပါကြောင်းနှင့်ယာယီဓာတ်အားပြတ်တောက်မှုကြောင့်လူမှုရေးအခက်အခဲများပေါ်ပေါက်နိုင်မှုအပေါ်နားလည်ခွင့်လွှတ်ပေးပါရန်ရန်ကုန်လျပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှအများပြည်သူများထံသို့လေးစားစွာအသိပေးပြန်ကြားအပ်ပါသည်
Source : http://ift.tt/2jCl51B
via IFTTT
Source : http://ift.tt/2jCl51B
via IFTTT
7Day News Journal
ရေလက်ကြားအတွင်း တရုတ် လေယာဉ်တင်သင်္ဘော ဖြတ်သန်းမှုကို ထိုင်ဝမ် တပ်လှန့်စောင့်ကြည့် တရုတ်ရေတပ်၏ လေယာဉ်တင် သင်္ဘောကြီး ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်းချိန်၌ ထိုင်ဝမ်က တိုက်လေယာဉ်များ အသင့်အနေအထား တပ်လှန့်ထားပြီး စောင့်ကြည့်ခဲ့ကြောင်း သိရသည်။ တရုတ် ရေတပ်၏ တစ်စီးတည်းသော လေယာဉ်တင် သင်္ဘောကြီး Liaoningသည် တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် တရုတ်မြောက်ပိုင်း အခြေစိုက် စခန်းသို့ ပြန်လည် ခုတ်မောင်းလာခဲ့သည်။ Liaoningကို ဖရီးဂိတ် စစ်သင်္ဘောများ၊ ဖျက်သင်္ဘောများပါ ခြံရံ လိုက်ပါလာသည်။ ဇန်နဝါရီ ၁၁ ရက်တွင်မူ ထိုင်ဝမ်က တိုက်လေယာဉ်များ၊ ကင်းထောက်လေယာဉ် တစ်စီးနှင့် ရေတပ် ဖရီးဂိတ် သင်္ဘောများကို အသင့်အနေအထား တပ်လှန့်ထားကာ ထိုင်ဝမ်ရေလက်ကြားကို Liaoning ဖြတ်ကျော် ခုတ်မောင်းသည့် ခရီးစဉ်အား အလေးအနက် စောင့်ကြည့်ခဲ့သည်။ ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် သတ်မှတ်ခြင်း ခံရသည့်တိုင် သီးခြားအုပ်ချုပ်မှုဖြင့် ရပ်တည်နေသလို ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်သည် တရုတ်ထံမှ ခွဲထွက်ရေးကို လိုလားသူ တစ်ဦးအဖြစ် လူသိများသည်။ Liaoningသည် ဇန်နဝါရီ ၁၂ ရက်တွင်မူ အထစ်အငေါ့ အဟန့်အတား လုံးဝမရှိဘဲ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ကာ တရုတ်နိုင်ငံသို့ ဆက်လက် ဦးတည်နေကြောင်းလည်း သိရသည်။ ထိုင်ဝမ်ရေလက်ကြားကို အဆိုပါ လေယာဉ်တင် သင်္ဘောကြီး ဖြတ်ကျော်ချိန်သည် ဆိုင်က အမေရိကန်၏ အရေးပါသော လွှတ်တော်အမတ် တစ်ဦးဖြစ်သော တက်ဒ်ခရုဇ်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သော ကာလနှင့်လည်း တိုက်ဆိုင်နေသည်။ ဆိုင်သည် အလယ်ပိုင်း အမေရိက ခရီးစဉ်အတွက် အမေရိကန်မြေ၌ ခရီးတထောက် နားချိန်တွင် ခရုဇ်နှင့် တွေ့ဆုံခဲ့ပြီး အဆိုပါ အခြေအနေသည် တရုတ်အတွက် ဒေါသထွက်စရာ ဖြစ်ခဲ့သည်။ ထိုင်ဝမ် အရေးနှင့် ပတ်သက်၍ တရုတ်နှင့် အမေရိကန် ဆက်ဆံရေးသည် ရွေးကောက်ပွဲတွင် ဒေါ်နယ်လ်ထရမ့် အနိုင်ရခဲ့စဉ် ကတည်းက အတန်ငယ် အေးစက်လျက် ရှိသည်။ ထရမ့်သည် ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ထိုင်ဝမ်သမ္မတ ဆိုင်နှင့် တိုက်ရိုက် ဖုန်းဆက်သွယ် စကားပြောခဲ့သည်။ ယင်းအခြေအနေကို တရုတ်က မည်သို့မျှ ကြိုဆိုလက်ခံမည် မဟုတ်ချေ။ ၁၉၇၉ ခုနှစ်နောက်ပိုင်း မည်သည့် အမေရိကန် သမ္မတမျှ ထိုင်ဝမ်ခေါင်းဆောင် တစ်ဦးနှင့် တိုက်ရိုက် ဆက်သွယ်မှု မရှိသလို ထိုင်ဝမ်ကို တရုတ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် လက်ခံ အသိအမှတ်ပြုခြင်းသည် တရုတ်နှင့် အမေရိကန် ဆက်ဆံရေးတွင် အရေးပါသော အုတ်မြစ်တစ်ခုအဖြစ် တည်ရှိနေကြောင်း သိရသည်။
Source : http://ift.tt/2iiHJQn
via IFTTT
Source : http://ift.tt/2iiHJQn
via IFTTT
Thursday, January 12, 2017
The Voice
မြောက်ကိုရီးယား ဒုံးကျည်များ၏ ခြိမ်းခြောက်နိုင်စွမ်းအပေါ် မူတည်၍ အမေရိကန် ပစ်ချမည် ဝါရှင်တန်၊ ဇန်နဝါရီ ၁၁ မြောက်ကိုရီးယား ဒုံးကျည်များ ခြိမ်းခြောက်နိုင်စွမ်း မရှိပါက အမေရိကန်ပြည်ထောင်စု အနေနှင့် ပစ်ချစရာမလိုဟု ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ အမေရိကန်စစ်ဖက် အနေနှင့် ဒုံးကျည်ကို ဖျက်ချရန်ထက် ဒုံးကျည်ပျံသန်းမှု အချက်အလက်ကိုသာ စုဆောင်းလိုသည်ဟု ၎င်းက ပြောကြားသည်။ အမေရိကန်ပြည်ထောင်စုသို့ ရောက်မည့် နျူကလီးယား ဒုံးကျည်များကို မြောက်ကိုရီးယားက အကောင်အထည်ဖော်မှုသည် ဖြစ်လာမည် မဟုတ်ဟု ဒေါ်နယ်ထရမ့်က Twitter တွင် ရေးသားခဲ့ပြီးနောက် အက်ရှ်ကာတာ၏ မှတ်ချက်ပေးမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက တာဝေးပစ်ဒုံးကျည် တီထွင်မှု နောက်ဆုံးအဆင့်သို့ ရောက်နေပြီဟု နှစ်သစ်ကူးမိန့်ခွန်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက နောက်ဆုံးပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြောက်ကိုရီးယား ဒုံးကျည်များ ခြိမ်းခြောက်နိုင်စွမ်း ရှိသည်ဟု ယူဆရပါက ကြားဖြတ်ဖျက်ဆီးခြင်း ခံရမည်ဟု မှတ်ချက်ပေး ပြောဆိုလိုက်သည်။ “ခြိမ်းခြောက်နိုင်စွမ်း မရှိရင် ပစ်ချစရာ မလိုပါဘူး။ ဒါကပိုကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ ဒုံးခွင်းဒုံးလည်း သက်သာမယ်။ ပျံသန်းမှု အချက်အလက်ကိုလည်း ရရှိနိုင်မယ်” ဟု ၎င်းက ပြောကြားသည်။ ထရမ့်၏ စစ်ဖက်ဆိုင်ရာ အကြံပေးအဖြစ် ဆက်လက်ရှိနေမည် ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ရေတပ်ဗိုလ်ချုပ်ကြီး ဂျိုးဆက်ဒန်းဖို့ကလည်း ကာတာ၏ မှတ်ချက်ကို သဘောတူသည်။ အမေရိကန်ပြည်ထောင်စုက ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း ပြုံယမ်း အစိုးရက ညွှန်ကြားသည်နှင့် တစ်ပြိုင်နက် အချိန်မရွေး၊ နေရာမရွေး ဒုံးကျည်ကို ပစ်လွှတ်မည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုကြောင်း KCNA သတင်းဌာနက တနင်္ဂနွေနေ့က ကြေညာခဲ့သည်။ မြောက်ကိုရီးယားသည် နျူကလီးယား စမ်းသပ်မှု ငါးကြိမ်ပြုလုပ်ထားပြီး ဖြစ်သော်လည်း နျူထိပ်ဖူး တပ်ဆင်နိုင်သော တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရာတွင် အောင်မြင်မှု မရသေးပေ။ သို့ရာတွင် လာမည့်ငါးနှစ်အတွင်း အောင်မြင်နိုင်ဖွယ် ရှိသည်ဟု လုံခြုံရေး ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။
Source : https://goo.gl/bcsUIR
via IFTTT
Source : https://goo.gl/bcsUIR
via IFTTT
The Irrawaddy - Burmese Edition
စာပေဝါသနာရှင်များအတွက် ပြုလုပ်တဲ့ နိုဘယ်လ်-မြန်မာ ရသ စာပေပွဲတော်၂၀၁၇ ကို လာမယ့် ဇန်နဝါရီလ ၂၂၊ ၂၃၊ ၂၄ ရက်တွေမှာ ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်တော့မယ်လို့ သိရပါတယ်။ နိုဘယ်လ်-မြန်မာ စာပေပွဲတော်ကို ကျင်းပပြုလုပ်လာခဲ့တာဟာ ဒီနှစ်နဲ့ဆို ၃ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ရသ စာပေ စာအုပ်များကို ပြသ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ နိုဘယ်လ်-မြန်မာ စာပေပွဲတော်ကို အရင်နှစ်များက ငြိမ်းချမ်းရေးစာပေပွဲတော် နဲ့ ကလေးစာပေပွဲတော်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ယခုနှစ် ကျင်းပပြုလုပ်မယ့် နိုဘယ်လ်-မြန်မာ စာပေပွဲတော်နဲ့ ပတ်သက်ပြီး ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးမော်လင်းက “ရသ စာပေဆိုတာက စာ စဖတ်တဲ့သူတွေ၊ စာဖတ်ချင်အောင် ရေးသားထားတဲ့ စာပေ အမျိုးအစားဖြစ်ပါတယ်။ ရသ စာပေကောင်းတခုကို ဖတ်လိုက်မယ်ဆိုရင် စာတွေကို ဆက်ပြီးဖတ်ချင်လာအောင် နှိုးဆော်ပေးတဲ့ စာပေ အမျိုးအစားလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရသ စာပေကို စာပေပရိသတ်တွေအတွက် ဒီနှစ်တော့ ရွေးကြစို့ဆိုပြီး ရသ စာပေကို ရွေးဖြစ်တာပါ” လို့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြပါတယ်။ ဒီနှစ် နိုဘယ်လ်-မြန်မာ ရသ စာပေပွဲတော်မှာ ရသ စာပေကောင်းများစွာကို ယခင်နှစ်များလို ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ဖွင့်လှစ်ပြီး ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပွဲတော်မှာ ရသ စာပေ စာရေးဆရာကြီး၊ ဆရာမကြီးများစွာလည်း တက်ရောက်ပြီး ရသ စာပေ စကားဝိုင်း၊ စာတမ်းဖတ်ပွဲ ၊ ဆွေးနွေးပွဲများကို ပြုလုပ်သွားကြမှာဖြစ်ပြီး တက်ရောက်လာတဲ့ စာဖတ်ပရိသတ်များလည်း ပါဝင် ဆွေးနွေးနိုင်မယ့် စာပေဆွေးနွေးပွဲများကို ပြုလုပ်ပေးသွားမယ်လို့လည်း သိရပါတယ်။ ရသ စာပေ စာရေးဆရာကြီးများဖြစ်တဲ့ ဆရာနေဝင်းမြင့်၊ အကယ်ဒမီငြိမ်းမင်း၊ မောင်ခင်မင်(ဓနုဖြူ)၊ ဆရာမဂျူး၊ မင်းခိုက်စိုးစံ အစရှိတဲ့ စာရေးဆရာများ ပါဝင်ပြီး စာပေစကားဝိုင်း၊ စာပေဆွေးနွေးပွဲများ ပါဝင်မှာ ဖြစ်ပါတယ်။ စာပေပွဲတော်ကို မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမှာဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်များလည်း ထည့်သွင်းထားကာ ဖျော်ဖြေရေးကဏ္ဍကိုတော့ ည ၇ နာရီမှာ စတင်သွားမယ်လို့ သိရပါတယ်။
Source : https://goo.gl/kTYQWP
via IFTTT
Source : https://goo.gl/kTYQWP
via IFTTT
The Voice
သူရိယနေဝန်း ထုတ်ဝေသူ အပါအဝင် သုံးဦးကို ၆၆(ဃ)ဖြင့် အမှုဖွင့် 11-Jan-2017 ရန်ကုန်၊ ဇန်နဝါရီ ၁၁ တပ်မတော် အရာရှိကြီးများ၏ ဂုဏ်သိက္ခာ ထိခိုက်စေမည့် သတင်းများ ဖော်ပြခဲ့သည်ဟုဆိုသော သူရိယနေဝန်း ဂျာနယ်မှ ထုတ်ဝေသူ အပါအဝင် သုံးဦးကို ဇန်နဝါရီလ ၉ ရက်နေ့က မင်္ဂလာဒုံမြို့မရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ ဆောင်းပါးရှင် ထောင်သူရဲဘအုပ်နှင့် သူရိယနေဝန်း ဂျာနယ်တိုက်မှ ထုတ်ဝေသူ ဦးခင်အေး၊ ဂျာနယ်တိုက် အုပ်ချုပ်သူ ဦးကျော်တင့်တို့ သုံးဦးကို အွန်လိုင်း ဝက်ဘ်ဆိုက်ပေါ်တွင် တပ်မတော် အရာရှိကြီးများ ဖြစ်သည့် ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ငြိမ်း)နှင့် ဗိုလ်ကြီး တိုးနိုင်မန်း (ငြိမ်း)တို့ အမည်များကို အများပြည်သူ ဖတ်ရှုလျှင် ဂုဏ်သိက္ခာ ထိခိုက်ခြင်းနှင့် မြန်မာနိုင်ငံအပေါ် မမှန်မကန် လုပ်ရပ်များ ပြုလုပ်ခြင်းဟု ယုံကြည်ခြင်း ဖြစ်စေရန် ရည်ရွယ်၍ သတင်း ဖော်ပြခဲ့သည်ဟုဆိုကာ တပ်မတော် မှ ဗိုလ်ကြီး မြင့်ဇော်(ငြိမ်း)က တရားလိုပြု တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့မှာ ပရင့်ပဲရှိတာပါ၊ အွန်လိုင်း မသုံးဘူး၊ သူတို့ဘက်က နစ်နာတယ်ဆိုရင် ပုဒ်မ ၅၀၀ နဲ့ပဲ အမှုဖွင့်ရမှာ၊ ဒါကို ဆက်သွယ်ရေး ပုဒ်မနဲ့ အမှုဖွင့်တယ် ဆိုတော့ နားကို မလည်တော့ဘူး၊ တကယ်လို့ တရားစွဲမယ်ဆိုရင်လည်း ဥပဒေအရ ရင်ဆိုင်သွားမယ်”ဟု သူရိယနေဝန်း ဂျာနယ် ထုတ်ဝေသူ ဦးခင်အေးက ပြောသည်။ အမှုဖွင့် တိုင်ကြားခံရသည့် သတင်းမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ထုတ် သူရိယ နေဝန်းဂျာနယ်တွင် သားနှစ်ယောက် ဓားနှစ်လက် သမ္မတ အိမ်မက် မျှော်လင့်နေဆဲပင် မန်းသဘင်ရဲ့ နန်းပလ္လင် ခေါင်းစီး ရေးသားဖော်ပြခြင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့ထုတ် ဂျာနယ်တွင် ဗိုလ်ချပ်ကြီး သူရရွှေမန်း(ငြိမ်း) ၏ ဓာတ်ပုံဖြင့် သူကြီးဘရွှေရဲ့ ဒုတိယ ဇာတ်ကောင် ခရိုနီတွေကို ဖောင်ပေါ်တင်ပြီး ဧရာဝတီထဲ မျှောလို့ရမလား၊ အောက်တိုဘာလ ၃၀ ရက်နေ့ထုတ် သတင်းဂျာနယ်တွင် စိန်က ညာတယ် … မန်းက နွှာတယ် … မန်း သို့မဟုတ် သစ္စာဖောက်လား၊ တော်လှန်သူလား ဦးရွှေမန်း၏ လျှို၀ှက်အစီရင်ခံစာ သို့မဟုတ် ကိုယ့်တပ်ကို ပြန်နင်းခြင်းလား၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ ထုတ် ဂျာနယ်တွင် ခေတ်သစ်ဇီးသီးသည် မဗျိုင်းမ၏ သံဝေဂ စသည့် ခေါင်းစီး သတင်း ရေးသားဖော်ပြခြင်းတို့ ဖြစ်သည်။ ယင်းသတင်းများ ဖော်ပြမှုကြောင့် ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း(ငြိမ်း)နှင့် ၎င်း၏ သားအပေါ် အများပြည်သူ အထင်အမြင် လွှဲမှားစေခြင်း၊ ဂုဏ်သိက္ခာ ထိခိုက်စေခြင်း ဖြစ်သည်ဟုဆိုပြီး အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။
Source : https://goo.gl/BdAlJR
via IFTTT
Source : https://goo.gl/BdAlJR
via IFTTT
Wednesday, January 11, 2017
Kumudra
အသစ်ပြေးဆွဲလာမယ့် ဘတ်စ်ကားတွေမှာ ပြည်သူတွေကိုဘယ်ကားဘယ်လို စီးရမယ်ဆိုတာကို ရန်ကုန်မြို့မြို့နယ်အသီးသီးက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေက ပါဝင်ကူညီဆောင်ရွက်ကြမယ်လို့ သိရပါတယ်။ “အစ်မတို့မြို့နယ်အနေနဲ့တော့ အဲဒီရက်မတိုင်ခင် စနေ၊တနင်္ဂနွေရက်တွေမှာ အစ်မအပါအဝင် ကူညီပေးမယ့် ဗော်လန်တီယာတွေနဲ့ကြိုပြီး ပန်းဖလက်ဝေတာမျိုးစလုပ်ပေးမယ်။ပြီးတော့ ၁၆ ရက်နေ့မှာလည်းကားဂိတ်တွေမှာ လူတွေချထားတာမျိုးတွေတော့ လုပ်မယ်စဥ်းစားထားတယ် ပန်းဖလက်ဝေရင်း နဲ့ဘယ်လိုစီးရမယ်ဆိုတာမျိုးကို အစ်မတို့အသေးစိတ်ရှင်းပြပေးမှာပါ “လို့ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။ ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်တွေရဲ့ ကားဂိတ်တွေမှာ ဘယ်လိုကူညီသွားမယ်ဆိုတာ အသေးစိတ် အစည်းအဝေးထိုင်ဖို့ရှိတယ်လို့သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်ပြီး အဆိုပါယာဥ်လိုင်းအသစ်ပြေးဆွဲဖို့ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတွေကို ဘတ်စ်ကားလိုင်းသစ်တွေနဲ့ ပတ်သတ်လို့ လမ်းညွှန်ရာမှာလည်း မြို့နယ်အသီးသီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ ပါတီဝင်မဟုတ်တဲ့ပြည်သူတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ ၁၆ ရက်နေ့မှာကျွန်တော်တို့မြို့နယ်မှာရှိတဲ့ ကားမှတ်တိုင်တွေမှာ ဗော်လန်တီယာတွေနဲ့မှတ်တိုင် တစ်ခုစီမှာဘယ်လောက်ဆိုတာမျိုး လူခွဲပြီးလုပ်ဆောင်သွားမှာပါ ပြည်သူအတွက်ကော အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ခြင်းမျိုးလည်း ဖြစ်ပါတယ်”လို့ မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပညာပေးအစီအစဥ်ကို ကြိုပြီးလုပ်ဆောင်သွားဖို့ အစီအစဥ်ရှိတယ်လို့သိရပါတယ်။ “လာမယ့်၁၃ရက်နေ့မှာ အစိုးရကနေပြီးတော့ အဲကိစ္စနဲပတ်သက်ပြီး လုပ်ဆောင်ရမှာတွေကို ချမှတ်ဖို့ရှိတယ် ၁၆ ရက်နေ့က ရုံးဖွင့်ရက်လည်းဖြစ်တယ်ဆိုတော့အဲနေ့မှထလုပ်လို့ အဆင်မပြေဘူးပေါ့၁၆ ရက်နေ့မတိုင်ခင်ကတည်းက ကျွန်တော်တို့ကြိုတင်စီစဥ်ထားတာရှိပါတယ်။မနက်ခင်းကနေစပြီး ဖြန့်ထားမှာဖြစ်ပါတယ်။ ဘယ်လိုဘယ်ပုံချရမယ်ဆိုတာကတော့ ၁၃ ရက်နေ့မှာမြို့နယ်အလုပ်အမှုဆောင် နဲ့တိုင်ပင်ပြီးတော့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်”လို့ လှိုင်သာယာမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမောင်ကပြောပါတယ်။ “ကားလိုင်းအသစ်တွေပြောင်းတာတော့ ကောင်းပါတယ်ဒါပေမယ့် အဲ့နေ့ကိုဘယ်လိုစီးရမယ် ဘယ်ကားစီးရမယ်ဆိုတာကိုသေသေချာချာနားမလည်သေးတော့ ယာဥ်စီးခပဲပိုပေးရမှာလား ကားတွေပဲမှားစီးမိ မလားဆိုတာ မသိသေးတော့ နည်းနည်းတော့စိုးရိမ်တာပေါ့“ လို့မြောက်ဥက္ကလာမှာနေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။ လာမယ့်ဇန်နဝါရီလ ၁၆ ရက်နေ့မှာဆိုရင်ရန်ုကုန်မြို့တွင်းမှာ ဘတ်စ်ကားလိုင်းသစ် ၆ဝ နဲ့အစားထိုးပြီး ပြေးဆွဲရတော့မှာဖြစ်ပါတယ်။ Author ဝင်းနန္ဒာ၊နှင်းနှင်း Photo Credit -ကြည်ပြာ
Source : http://ift.tt/2judIcD
via IFTTT
Source : http://ift.tt/2judIcD
via IFTTT
ရန္ကုန္ဘတ္စ္ဆားဗစ္ - YBS
လက်တစ်ဖက်ကမ်းကြမယ် အဖွဲ့ မောင်နှမ များသို့ Yangon Bus Service ပထမ ရက်သတ္တပတ် အတွက် စေတနာဝန်ထမ်းမောင်မယ်များ အကူအညီတောင်းခံခြင်း ===================================== ဇန္ဇဝါရီလ (၁၆)ရက်နေ့ (လာမဲ့ တနင်္လာနေ့) ဆိုရင် ရန်ကုန်မြို့ကြီးရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍသစ် အတွက် အဆင်ပြေချောမွေ့စေဖို့ လုပ်အားပေး အကူအညီတွေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က တောင်းခံနေပါပြီ။ .... Yangon Bus Service ပထမ ရက်သတ္တပတ် အတွင်း ခရီးသည်တွေ အတွက် - ... ၁။ လမ်းကြောင်းမြေပုံကြည့်တတ်ဖို့ .... ၂။ ကိုယ်စီးမယ့်မှတ်တိုင်ကနေ သွားလိုတဲ့နေရာကိုအချိန်မီရောက်ဖို့အတွက် အချိန်အတိုဆုံးနဲ့၊အမြန်ဆုံး ဘယ်လိုစီးရမလဲ၊ဘယ်နှစ်ဆင့်စီးရမလဲဆိုတာတွေ တွက်ချက်ဖို့၊ တနေရာ က တနေရာ ကို ကူးပြောင်းစီးနငိးရာမှာ အဆင်ပြေဖို့၊ .... ၃။ ကျသင့်မဲ့ ယာဥ်စီးခ နဲ့ လက်ထဲက သုံးမဲ့ငွေ တွက်ချက်နိုင်ဖို့ ..... ၄။ အကြံပြုချင်တာလေးတွေ အမှန်တကယ်ဘတ်စ်ကားစီးနေသူများထံကတောင်းခံဖို့ .... ၅။Survey form လေးတွေ ခရီးသည်များထံမှ တို့မောင်နှမများ ဝိုင်းဝန်း ကောက်ခံပေးဖို့ ပြီးတော့ တိုင်းအစိုးရကို အမြန်ဆုံး report တင်ပေးပြီး ပြည်သူလူထု အဆင်ပြေအောင် ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်း၊ ကားအရေအတွက်၊ စျေးနှုန်း၊အချိန်၊ဝန်ဆောင်မှု တွေ ဖြစ်လာအောင် ကူညီဖို့။ .... ၆။ အခြားသော အခက်အခဲ အမျိုးမျိုး ကို ကူညီနိုင်ဖို့ စသည်တို့ အတွက် တို့မောင်နှမ လူငယ်မောင်မယ်တွေ၊ စေတနာ့ဝန်ထမ်းတွေအဖြစ် ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်။ .... ပြည်သူလူထုတွေရဲ့အခက်အခဲကို ကူညီနိုင်ဖို့အတွက် စေတနာဝန်ထမ်းလုပ်ပြီး ကူညီမယ့် လူငယ်မောင်မယ် တွေ လက်တစ်ဖက်ကမ်းကြမယ် အဖွဲ့ကို ဆက်သွယ်ပေးကြပါရန် ... *မောင်နှမတို့နဲ့ အတူ တာဝန်ခံ ကြီးကြပ်သူ တဦးပါဝင်ပေးသွားမှာပါ။ ဆက်သွယ်ရန် - ကိုကျော်မင်းဦး 09425298642 မလှဒါလီခင် 09 5133782 မစပယ်အောင် 095122540 မလှမျိုးစု 095138642 credit မစပယ်အောင်
Source : http://ift.tt/2jBZGtI
via IFTTT
Source : http://ift.tt/2jBZGtI
via IFTTT
7Day News Journal
အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ် စားလှယ်များနှင့် အစိုးရဝန်ကြီး များ၏ လစာစုဆောင်းငွေဖြင့် ပါ တီပိုင်ရုံးခန်းများ စတင်ဝယ်ယူနေ ပြီဖြစ်ကြောင်း ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းထံမှ သ တင်းရရှိသည်။ NLD လွှတ်တော်ကိုယ်စား လှယ်များနှင့် အစိုးရဝန်ကြီးများ ၏ လစာငွေ ၂၅ ရာခိုင်နှုန်းအနက် ၂ဝ ရာခိုင်နှုန်းကို တိုင်း၊ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပါတီရုံးခန်းများ ထူထောင်ရေးအတွက် အသုံးပြု ရန် စုဆောင်းခဲ့ပြီး ငါးရာခိုင်နှုန်း ကို ပါတီဗဟိုဌာနချုပ် ရန်ပုံငွေအ ဖြစ် ခွဲဝေခဲ့ကြောင်း NLD ပါတီမှ သတင်းရရှိသည်။ လက်ရှိတွင် စစ်ကိုင်း၊ မကွေးနှင့် ဧရာဝတီတိုင်းဒေသကြီး သုံးခုတွင် ပါတီတိုင်းရုံးများအ တွက် မြေနေရာများ ဝယ်ယူပြီး ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြော သည်။ ‘‘အခုလောလောဆယ် တိုင်းရုံးပေါ့။ တိုင်းပြီးရင် ခရိုင် ပေါ့။ ခရိုင်ပြီးရင် မြို့နယ်။ ဝယ် ပြီးသွားတာ သုံးခု။ တစ်ခုက ထပ် ဆောက်စရာမလိုတော့ဘူး။ အ ဆောက်အအုံပါတယ် ပုသိမ်မှာ’’ ဟု ၎င်းက ပြောသည်။ NLD ပိုင် ရုံးခန်းများ ဖော် ဆောင်ရခြင်းနှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက ‘‘တစ်ခါတလေ ကျတော့ လူတွေက သဘာဝပဲ ဥပမာ ကျွန်တော့်အိမ်မှာ ဆိုင်း ဘုတ်တပ်ထားတယ်။ နောက် တစ်ကြိမ်ကျတော့ ကျွန်တော်က မပါတော့ဘူး။ မပါရင် ကျွန်တော် က ဆိုင်းဘုတ်ကို မရွှေ့ပေးဘူးတို့၊ မဖယ်ပေးဘူးတို့ အတ္တစိတ်တွေနဲ့ ဒီလိုဖြစ်တတ်ကြတယ်။ အဲဒါ ကြောင့် ကိုယ်ပိုင်ရှိတာ ကောင်း တယ်ဆိုပြီးတော့ ကိုယ်ပိုင်အ ဆောက်အအုံနဲ့ ရုံးခန်းဖြစ်အောင် ကြိုးစားနေတာ’’ဟု ပြောသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် များအနက် ရန်ကုန်တိုင်းနှင့် ကရင်ပြည်နယ်တို့တွင် မူလက တည်းက NLD ပါတီပိုင်ရုံးခန်း များရှိနေကြောင်း သတင်းရရှိ သည်။ ‘‘ရန်ကုန်တိုင်းနဲ့ ကရင်ပြည် နယ်က တိုင်းနဲ့ပြည်နယ် ရုံးခန်း တွေရှိလို့ မပါပါဘူး။ မြို့နယ်ရုံး တွေက အလှည့်မရောက်သေး ဘူး’’ဟု ရန်ကုန်တိုင်း NLD အ လုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောသည်။ လက်ရှိတွင် NLD လွှတ် တော်ကိုယ်စားလှယ်များမှာ အ မျိုးသားလွှတ်တော်တွင် ၁၃၂ ဦး၊ ပြည်သူ့လွှတ်တော်တွင် ၂၅ဝ ဦး၊ ပြည်နယ်နှင့် တိုင်းလွှတ်တော်များ တွင် ၄၉၆ ဦး၊ စုစုပေါင်း ၈၇၈ ဦး ရှိကြောင်း NLD ပါတီမှ သတင်း ရရှိသည်။ လက်ရှိတွင် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် လစာ ငွေမှာ ၁ဝ သိန်းကျပ်ဖြစ်ပြီး ပြည် နယ်နှင့် တိုင်း လွှတ်တော်ကိုယ် စားလှယ်များ၏ လစာငွေမှာ ငါးသိန်းကျပ်ဖြစ်သည်။ ပြည် ထောင်စုဝန်ကြီးများ၊ ပြည်နယ် နှင့် တိုင်းဝန်ကြီးချုပ်များ၊ ပြည် နယ်နှင့် တိုင်းလွှတ်တော်ဥက္ကဋ္ဌ များ လစာငွေ ကျပ် ၃ဝ သိန်း ဖြစ် ပြီး ပြည်နယ်နှင့် တိုင်းဝန်ကြီးများ ၏ လစာငွေမှာ ကျပ် သိန်း ၂ဝ ဖြစ်သည်။
Source : http://ift.tt/2ihrW2U
via IFTTT
Source : http://ift.tt/2ihrW2U
via IFTTT
Tuesday, January 10, 2017
Lashio Media
Breaking News အရေးကြီးသတင်း ပါ............ နမ့်ဆန်မြို့မှာ ခုပစ်နေကြပါပြီ။ 11:58 AM Update 10.1.2017 ================================================ TNLA နဲ့ စစ်တပ် မြို့နားမှာ ပစ်ခတ်နေကြပါပြီ။ ပြည်သူတွေအထိပ်တစ်လန့်နဲ့ ပြေးလွားနေကြပါတယ်။ မြို့ပျက်ကြီးအလား စိတ်ပျက်စရာကောင်းတာကွာ ဇယန်းကြီးကျေးရွာမှာတော့ TNLA တွေအမြောက်အများရောက်ရှိနေပါတယ်။ စိတ္ပူတယ္ကြာ - ကိုမှန်ကြီး (နမ့်ဆန်) Update 11:40 AM 10.1.2017 TNLA ဇယန်းကြီးကိုရောက်နေပြီ ============================================ ဇယန်းကြီးကျေးရွာကို TNLA အဖွဲ့တွေဝင်ရောက်လာတဲ့အတွက် မြို့တွင်းတွင် ပြည်သူတွေစိုးရိမ်မကင်းစွာနဲ့ဖြစ်နေကြပါတယ်။ စျေးဆိုင်တွေအကုန်ပိတ်ထားကြပါပြီ။ ကျောင်းတွေစောဆင်းပေးလိုက်ကြပါပြီ။ ပြည်သူတွေလမ်းပေါ်တွင်ပြေးလွားနေကြပြီး မိမိခိုလှုံရာကိုအမြန်ဆုံးပြေးဝင်နေကြပါပြီ။ သတိနဲ့နေထိုင်ကြဖို့ကိုမှန်ကြီး သတိပေးပါရစေ။ စေတနာများစွာဖြင့် ကိုမှန်ကြီး (နမ့်ဆန်) Lashio Media
Source : http://ift.tt/2jopMw7
via IFTTT
Source : http://ift.tt/2jopMw7
via IFTTT
YESC-CallCenter
၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်းနေထိုင်သော မီးသုံးသူပြည်သူများ ဓာတ်လိုက်မှုအန္တရာယ် ကင်းဝေးစေရေးအတွက် ရှုပ်ထွေးဆားဗစ် ဝါယာကြိုးများရှင်းလင်းခြင်း လျှပ်စစ်အန္တရာယ် လုံခြုံစိတ်ချရသော လျှပ်ကာဓာတ်အား လိုင်းကြိုးများဖြင့် လဲလှယ်တည်ဆောက်ခြင်း လျှပ်စစ်ဓာတ်ကြိုးများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို "ပြည်သူပါဝင်သော လျှပ်စစ် အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစီမံချက်" အနေဖြင့် ယခုအပတ်၌ (၁၀.၁.၂၀၁၇)ရက်နေ့ (အင်္ဂ ါနေ့)နှင့် (၁၂.၇.၂၀၁၇)ရက်နေ့ (ကြာသပတေးနေ့)များတွင်သာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၂။ (၁၀.၁.၂၀၁၇) ရက်နေ့တွင် ဒဂုံဆိပ်ကမ်း၊ ဒဂုံမြောက်၊ ဒဂုံအရှေ့၊ ဒဂုံတောင်၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွှန့်၊ ကြည့်မြင်တိုင်၊ လှိုင်၊ ကျောက်တံတား၊အလုံ၊ ဗဟန်း၊ စမ်းချောင်း၊ မရမ်းကုန်း၊ ကော့မှူး၊ ကျိုတ်ထော်၊ ကွမ်းခြံကုန်း၊ သန်လျှင်၊ ကျောက်တန်း၊ လှည်းကူး၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ တိုက်ကြီး၊ ဥက္ကံ၊ ဒါးပိန်၊ ဖောင်ကြီး၊ အင်းတိုင်၊ အဖျောက်မြို့နယ်များ၏ ရပ်ကွက်အချို့ CNGဆိုင်အချို့နှင့် စက်မှုဇုန် အချို့တို့တွင် (၁၂းဝဝ)နာရီမှ(၁၄းဝဝ)နာရီ အတွင်းယာယီဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပါသည်။ ၃။ (၁၂.၁.၂၀၁၇) ရက်နေ့တွင် သာကေတ၊ ဒေါပုံ၊ ဒဂုံမြောက်၊ မင်္ဂလာတောင်ညွှန့်၊ လှိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ ဗဟန်း၊ အလုံ၊ ကြည့်မြင်တိုင်၊ သုံးခွ၊ တံတား၊ ဒလ၊ သန်လျှင်၊ ကျောက်တန်း၊ ဆိပ်ကြီးခနောင်တို၊ ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ထောက်ကြန့်၊ မှော်ဘီ၊တိုက်ကြီး၊ လှည်းကူး၊ ဥက္ကံ ်မြို့နယ်များ၏ ရပ်ကွက်အချို့ CNGဆိုင်အချို့နှင့် စက်မှုဇုန်အချို့တို့တွင် (၁၂းဝဝ)နာရီမှ(၁၄းဝဝ)နာရီ အတွင်းယာယီဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပါသည်။ ၄။ 230kV သာကေတပင်မဓာတ်အားခွဲရုံ၏ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများအား လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည် ဖြစ်သဖြင့် (၁၂.၁.၂၀၁၇)ရက်နေ့(ကြာသပတေးနေ့)တွင် မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ ရန်ကင်း၊ တာမွေ၊ ဗဟန်း၊မင်္ဂလာတောင်ညွှန့် မြို့နယ်များ၏ရပ်ကွက်အချို့CNGဆိုင်အချို့ တို့တွင်(၁၀းဝဝ)နာရီမှ(၁၄းဝဝ)နာရီအတွင်း ယာယီဓာတ်အားပြတ်တောက်မှုများရှိမည် ဖြစ်ပါသည်။ ၅။ ယခုပန်ကြားလွှာ၌ဖော်ပြပါရှိသော မြို့နယ် များ၏ ရပ်ကွက်အချို့နေရာအချို့တို့တွင်သာ အချိန်ပိုင်းဓာတ်အားပြတ်တောက်မည်ဖြစ်ပြီး မြို့နယ်တစ်မြို့နယ်လုံးလျှပ်စစ်မီးပြတ်တောက် မှုမျိုးမဟုတ်ပါကြောင်းနှင့်ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အလေးထားဆောင်ရွက်ရသည့်လုပ်ငန်း ဖြစ်ပါသဖြင့် ယာယီဓာတ်အားပြတ်တောက် မှုကြောင့် လူမှုရေးအခက်ခဲများပေါ်ပေါက်နိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အများ ပြည်သူများထံသို့ လေးစားစွာအသိပေး ပန်ကြားအပ်ပါသည်။
Source : http://ift.tt/2jvGhKC
via IFTTT
Source : http://ift.tt/2jvGhKC
via IFTTT
Monday, January 9, 2017
The Voice
ရဲနှင့် ရပ်ကွက်လူကြီးများကို တိုက်ခိုက်သူ ၁၀ ဦးအား ဖမ်းဆီး ရန်ကုန်၊ ဇန်န၀ါရီ ၈ မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက်၊ နတ်စင်လမ်းထိပ်တွင် နှစ်သစ်ကူးညက ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်များကို တုတ်၊ ဓား၊ ရဲတင်းတို့ဖြင့် ရန်ပြုတိုက်ခိုက် သည်ဆိုသော ၁၃ နှစ်မှ ၁၆ နှစ်ကြား လူငယ်လေးဦး အပါအဝင် လူ ၁၀ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဇန်နဝါရီလ ၁ ရက် နံနက် ၂ နာရီခွဲခန့်က အသက် ၁၇ နှစ်အရွယ် ယောက်ျားလေးတစ်ဦး အပါအဝင် လူငယ်သုံးဦး သည် နတ်စင်လမ်းတွင် အရက်မူးပြီး အော်ဟစ်ဆဲဆိုနေသောကြောင့် ရာအိမ်မှူး ဦးမျိုးမြင့် ပါဝင်သော ရပ်ကွက်အခြေပြု လုံခြုံရေး တာဝန် ဆောင်ရွက်နေသူများက သွားရောက် ထိန်းသိမ်းခဲ့ရာ ယင်းလူငယ်နှင့် လူငယ်နှစ်ဦးက ဆဲဆို၍ နေအိမ်သို့ ပြန်သွားခဲ့ပြီးနောက် ၎င်းင်း၏ ဖခင် ဖြစ်သူ အသက် ၄၅ နှစ် ဦးဌေးဝင်း (ခ) ဆန်နီ အပါအဝင် လူအယောက် ၂၀ ခန့်က နတ်စင်လမ်းထိပ်ရှိ ရပ်ကွက်အခြေပြုအဖွဲ့ လုံခြုံရေး တာဝန်ဆောင်ရွက်နေသူများထံ လာရောက်ဆဲဆိုကာ ထိုင်ခုံ၊ စားပွဲခုံနှင့် ဓာတ်ဘူးများကို တုတ်များဖြင့် ရိုက်ချိုးဖျက်ဆီးနေသဖြင့် ရဲတပ်ဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်များ ရောက်ရှိလာပြီး ဝင်ထိန်းသိမ်းစဉ် ၎င်းတို့အဖွဲ့က တုတ်၊ ဓား၊ ရဲတင်းတို့ဖြင့် ရန်ပြုတိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ အကြမ်းဖက် ရန်ပြုခံရသောကြောင့် လုံခြုံရေးတာဝန်ကျ ဦးမြခင်မှာ ဦးခေါင်းချိုစောင်း ရဲတင်းဖြင့် ခုတ်ခံရပြီး ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် ခြောက်လှန့်၍ လူစုခွဲပြီး အသက် ၁၇ နှစ်အရွယ် လူငယ်နှင့် ၎င်း၏ အစ်မဖြစ်သူ အသက် ၂၂ နှစ်အရွယ် ချယ်ရီသင်း၊ အသက် ၁၈ နှစ်အရွယ် အောင်ဟိန်းတို့ သုံးဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းမိသူသုံးဦးကို စစ်ဆေးပြီးနောက် ဇန်နဝါရီလ ၁ ရက် မွန်းလွဲ ၂ နာရီတွင် အသက် ၁၃ နှစ်အရွယ် ယောက်ျားလေး တစ်ဦးနှင့် အသက် ၃၇ နှစ်အရွယ် မသဇင်တို့ကို ဖမ်းမိခဲ့ကြောင်း၊ ယင်းနောက် ဇန်နဝါရီလ ၄ ရက် မွန်းလွဲပိုင်းတွင် ဦးဌေးဝင်း (ခ) ဆန်နီ အပါအဝင် အသက် ၁၄ နှစ်မှ ၁၆ နှစ်ကြား လူငယ်သုံးဦးနှင့် အသက် ၁၉ နှစ်အရွယ် မောင်မောင်ဦးတို့ကို ထပ်မံဖမ်းမိခဲ့ပြီး ၎င်းတို့ထံမှ ရဲဒင်းတစ်လက်၊ ဓားရှည် တစ်ချောင်း၊ ဝါးတုတ်နှင့် တစ်ပိဿာ အလေးချိန်ရှိ သံအလေးတုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ ရပ်ကွက်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေနိုင်သည့်အပြင် ရပ်ကွက်နေ ပြည်သူများကို အထိတ်တလန့်ဖြစ်စေရန် ပြုလုပ်ခဲ့ သူအဖွဲ့မှ ဦးဌေးဝင်း (ခ) ဆန်နီ၊ ၎င်း၏ သားနှင့် သမီးဖြစ်သူ မချယ်ရီသင်းနှင့် မောင်မောင်ဦး၊ အောင်ဟိန်းနှင့် မသဇင်တို့ကို ခြေချုပ်နှင့် ခံဝန်ဥပဒေ ပုဒ်မ ၅ (၁) (စ) (ဆ) တို့ဖြင့် ကနဦး အမှုဖွင့်အရေးယူထားပြီး လွတ်မြောက်နေသော ဖြိုးထက်အောင်ကို ဖမ်းဆီးနိုင်ရန် ဆက်လက်စုံစမ်း နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်
Source : https://goo.gl/4rrv6q
via IFTTT
Source : https://goo.gl/4rrv6q
via IFTTT
The Voice
သီရိလင်္ကာတွင် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုများကို ဆန္ဒပြ ကိုလံဘို၊ ဇန်နဝါရီ ၈ တရုတ်နိုင်ငံအား ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရန် ခွင့်ပြုမှုကို သီရိလင်္ကာ တောင်ပိုင်းတွင် ဆန္ဒပြခဲ့ကြရာမှ လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်ဟု BBC သတင်းတွင် ဖော်ပြထာသည်။ ထိုစီမံကိန်းသည် မြို့တော်ကိုလမ်ဘို၏ အရှေ့တောင်ဖက် ၂၄၀ ကီလိုမီတာ အကွာရှိ ဟမ်ဘန်တိုတာ ဆိပ်ကမ်းအနီး တစ်ဝိုက်မှ ဒေသခံ ရွာသားထောင်ပေါင်း များစွာကို ဖယ်ရှားပစ်မည် ဖြစ်သည်။ ၀န်ကြီးချုပ် ရာနီဝစ်ကရီမီဆင်းဂ် တက်ရောက်သည့် စီမံကိန်းဖွင့်ပွဲ အခမ်း အနားကို နှောင့်နှေးစေခဲ့သည့် ဆန္ဒပြမှုကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြု၍ နှိမ်နင်းရာမှ ဆန္ဒပြသူများ ထိခိုက်ခဲ့ခြင်း ဖြစ်သည်။ ကန့်ကွက်ဆန္ဒပြသူများက အဆိုပါ နယ်မြေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကိုလိုနီအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု ပြောကြားကြသည်။ တရုတ်တို့ ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်သော ကုမ္ပဏီထံ အဆိုပါနယ်မြေကို ၉၉ နှစ် ငှားရမ်းရန် အစိုးရက သဘောတူညီထားသည်။ ဆိပ်ကမ်းအနီးတစ်ဝိုက် နယ်မြေကို တရုတ်ကုမ္ပဏီများ လာရောက်လုပ်ကိုင်မည့် စက်မှုဇုန်အဖြစ် အကောင်အထည်ဖော်မည် ဖြစ်သည်။ ဒေသခံများကိုမူ မြေအစားပေးမည်ဟု အစိုးရက ပြောကြားထားသည်။ ထိုစီမံကိန်းသည် သီရိလင်္ကာတွင် တရုတ်တို့ ရင်းနှီးမြှုပ်နှံနေသော အခြေခံအဆောက်အဦး စီမံကိန်းများထဲမှ နောက်ဆုံးတစ်ခု ဖြစ်သည်။ သီရိလင်္ကာတွင် ၂၀၀၉ ခုနှစ်က ပြည်တွင်းစစ် ပြီးဆုံးပြီးနောက်ပိုင်း တရုတ်နိုင်ငံက ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ တောင်အာရှဒေသတွင် တရုတ်တို့ သြဇာဖြန့်ရန် ကြိုးစားမှုဖြစ်သည့် ပုလဲကုံးဟုခေါ်သော မဟာဗျူဟာသည် အငြင်းပွားစရာ ဖြစ်နေပြီး အထူးသဖြင့် ဒေသတွင်း ပြိုင်ဘက် အိန္ဒိယနိုင်ငံက သံသယဖြင့် စောင့်ကြည့်လျက် ရှိသည်။ ယခုရင်းနှီးမြှုပ်နှံမှုသည် ရေနံကြွယ်ဝသော အရှေ့အလယ်ပိုင်းသို့၊ ထိုမှတစ်ဆင့် ဥရောပအထိ ခြေဆန့်မည့် ‘ပိုးလမ်းမ ရေကြောင်းခရီး’ ကို အကောင်အထည်ဖော်မည့် ရည်မှန်းချက် ကြီးမားလွန်းသော အစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟု တောင်အာရှရေးရာ အကဲခတ်များက မှတ်ချက်ပေးထားသည်။
Source : https://goo.gl/0XoxI3
via IFTTT
Source : https://goo.gl/0XoxI3
via IFTTT
Sunday, January 8, 2017
Eleven Media Group
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချရာတွင် အရှုံးမပေါ်စေရန် ရောင်းချသည့် ဓာတ်အားစျေးနှုန်းနှင့် ဝယ်ယူနိုင်မှု စျေးနှုန်းကို ဝန်ဆောင်မှု အပြည့်အဝပေးပြီး ပေါက်စျေးအတိုင်း ကြိုက်သလောက် ဝယ်ယူခြင်းစနစ်ဖြင့် ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၆ ရက်က ပြောကြားသည်။ “ရောင်းနိုင်တဲ့စျေးနဲ့ ဝယ်နိုင်တဲ့စျေးကို ဝန်ဆောင်မှု ပြည့်ပြည့်ဝဝ ပေးလိုက်မယ်ဆိုရင် ဓာတ်ဆီ၊ ဒီဇယ်ပြဿနာလိုပဲ ဆီဆိုင်တွေမှာ ကြိုက်သလောက်ထည့် ပေါက်စျေးနဲ့ ဝယ်မယ်ဆိုရင် လျှပ်စစ်ပြဿနာကလည်း ဒီလိုပဲ ဖြစ်သွားနိုင်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချရာတွင် ပြီးခဲ့သည့် အစိုးရလက်ထက်၌ ဘတ်ဂျက် ဘီလျံ ၄၇ဝ ခန့် အရှုံးပေါ်ခဲ့ကြောင်း၊ လက်ရှိ မီတာခမှာ ထုတ်လုပ်သည့် စျေးသက်သက်ဖြစ်ပြီး ဖြန့်ချိစရိတ်နှင့် သွယ်တန်းစရိတ်တို့ မပါဝင်ကြောင်း၊ ယင်းစရိတ်သည် ကျပ် ၁၃ဝ၊ ၁၄ဝ အထိ ရှိနေသည်ကို အစိုးရက ၃၅ ကျပ်၊ ကျပ် ၅ဝ၊ ၇၅ ကျပ် ကဲ့သို့သော နှုန်းထားမျိုးနှင့် ရောင်းချကြောင်း၊ စက်မှုဇုန်များတွင် ကျပ် ၁ဝဝ၊ ကျပ် ၁၅ဝ နှုန်းဖြင့်သာ ရောင်းချသည့် အခြေအနေများကြောင့် အရှုံးပေါ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဒီအရှုံးခံမှုဟာ ပြည်သူလူထုရဲ့ ဘဏ္ဍာငွေတွေပဲ ဖြစ်ပါတယ်။ အရှုံးခံပြီး လုပ်ရမယ်ဆိုတဲ့ ခေတ်စနစ်ဟာ ဒီမိုကရေစီခေတ်စနစ်မှာ ပြန်သုံးသပ်ပြီး ဆောင်ရွက်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ အသစ်အနေနဲ့လည်း ဒီအခြေအနေတွေကို ပြန်လည်သုံးသပ်ပြီး ဘယ်လို အကောင်းဆုံး ကုစားနိုင်မလဲဆိုတဲ့ အခြေအနေကို စဥ်းစားရမှာပါ။ ဒါဟာ အဖြေတစ်ခု ထုတ်မယ်ဆိုရင် ခက်ခဲတဲ့ ပုစ္ဆာတစ်ခု ဖြစ်ပါတယ်။ အဖြေမှန်တော့ ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂ဝ၁၆ ခုနှစ် အောက်တိုဘာလအတွက် ပုဂ္ဂလိကနှင့် အစိုးရစက်မှုလုပ်ငန်းသုံး လျှပ်စစ်ယူနစ် စုစုပေါင်း ၂၅၈ ဒသမ ၃၉ သန်းရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ဓာတ်အားပျောက်ဆုံးမှု ရာခိုင်နှုန်းသည် အနည်းဆုံး ၁၃ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း၊ ထို့ပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် ယူနစ်နှင့် ကောက်ခံရရှိသည့် ရောင်းချယူနစ်သည် ကိုက်ညီမှု မရှိကြောင်း သိရသည်။ လျှပ်စစ်ဓာတ်အား သုံးစွဲရာတွင် မီတာ မတပ်ဘဲ နည်းအမျိုးမျိုးဖြင့် ခိုးယူသုံးစွဲမှုများ ရှိကြောင်း၊ တရားမဝင် လျှပ်စစ်သုံးစွဲမှုများတွင် တိုက်ရိုက်ခိုးယူ သုံးစွဲမှုက အများဆုံးဖြစ်ကြောင်း၊ ထိုသို့ ခိုးယူသုံးစွဲခြင်း နည်းအမျိုးမျိုးကြောင့် ပြီးခဲ့သည့်နှစ် ဇူလိုင်မှ စတင်ကာ သုံးလအတွင်း လျှပ်စစ်ဓာတ်အား ယူနစ်ပေါင်း ၅ဝ၄ဝဝဝ ကျော် ဆုံးရှုံးရပြီး ကျပ်ငွေ ၅၁ သန်းကျော် တိုင်းပြည်ဘဏ္ဍာအတွက် ဆုံးရှုံးရကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားထားသည်။ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာမှာ ရန်ကုန် လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းမှ ကုမ္ပဏီများမှတစ်ဆင့် ဓာတ်အားဖြန့်ဖြူးခြင်းများ ရှိသကဲ့သို့ ရန်ကုန်လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းမှ တိုက်ရိုက်ဖြန့်ဖြူးခြင်းလည်းရှိကြောင်း သိရသည်။ Writer: ထက်ရှိုင်း
Source : http://ift.tt/2iQpEbN
via IFTTT
Source : http://ift.tt/2iQpEbN
via IFTTT
7Day News Journal
အဆိုတော် စံလင်းက ၎င်း၏ ဂီတသက်တမ်း ၂၅ နှစ်အ တွင်း ပထမဆုံးအကြိမ် တစ်ကိုယ် တော်ဖျော်ဖြေပွဲကို ရွှေထွဋ်တင် ဝင်း၌ အခမဲ့ပြုလုပ်မည်ဖြစ် သည်။ ‘‘ပရိသတ်တွေအားလုံး အေး အေးဆေးဆေးနဲ့ ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် အခမဲ့ပွဲ လုပ်ဖြစ်တာပါ’’ဟု စံလင်းက ပြောသည်။ ဂီတသက်တမ်း ၂၅ နှစ်ပြည့် တွင် ပြုလုပ်ခြင်းဖြစ်၍ ဖျော်ဖြေပွဲ၏အမည်ကို စံလင်း အနုပညာ ငွေရတုခရီးဟု အမည်ပေးထားပြီး ၎င်း၏ ဂီတမောင်နှမများဖြစ်သည့် ခိုင်ထူး၊ ဂျေမောင်မောင်၊ ကော်နီ၊ချောစုခင်တို့လည်း ပါဝင်သီဆို ပေးကြမည်ဖြစ်သည်။ ‘‘စုံတွဲတွေလည်း ဆိုမယ်။ ဦးရဲ့ သီချင်းတွေကိုလည်း ဆိုကြ မယ်။ ပရိသတ်တွေကိုလည်း လာ ရောက်အားပေးစေချင်ပါတယ်’’ ဟု စံလင်းက ပြောသည်။ ဖျော်ဖြေပွဲကို ယနေ့ (ဇန်န ဝါရီ ၈ ရက်)ညတွင် ပြုလုပ်မည် ဖြစ်ပြီး ည ၇ နာရီ၌ စတင်မည် ဖြစ်ကာ သီချင်းစုစုပေါင်း ၃၅ ပုဒ်ခန့် ဖျော်ဖြေရန် စီစဥ်ထား ကြောင်း စံလင်းက ပြောသည်။ အဆိုတော် စံလင်းက တစ် ကိုယ်တော်အခွေ ဆယ်ခွေခန့် ထွက်ရှိထားပြီး ယင်းအခွေများမှ သီချင်းများကို ရွေးချယ်သီဆိုပေး မည်ဟု ဆိုသည်။
Source : http://ift.tt/2jpRMDq
via IFTTT
Source : http://ift.tt/2jpRMDq
via IFTTT
The Voice
စက်သုံးဆီ တင်သွင်းမှု တိုးမြင့် ရန်ကုန်၊ ဇန်နဝါရီ ၇ ၂၀၁၆ ခုနှစ်အတွင်း ပြည်ပမှ စက်သုံးဆီတင်သွင်းမှုမှာ ၂၀၁၅ ခုနှစ်ကထက် ပိုမို တိုးမြင့်လာကြောင်း မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းထံမှ သိရသည်။ စက်မှုကုန်ထုတ် လုပ်ငန်းနှင့် အခြား စီးပွားရေး လုပ်ငန်းများ အားကောင်းလာမှုကြောင့် ၂၀၁၅ ခုနှစ်နှင့်နှိုင်းလျှင် ၂၀၁၆ ခုနှစ်၌ စက်သုံးဆီ ပိုမို တင်သွင်းလာရပြီး တစ်လလျှင် တန်ချိန် ငါးသောင်းနီးပါး တိုးလာကြောင်း မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “နယ်တွေဘက်မှာလည်း စက်သုံးဆီက တော်တော်လေး ရောင်းကောင်းလာတယ်။ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေ များလာတာလည်း ဒီဇယ်တင်သွင်းမှု များလာရတဲ့ အကြောင်းအရင်း တစ်ခုပဲ။ ပြည်တွင်းစျေးကွက်ရဲ့ ဓာတ်ဆီ၊ ဒီဇယ် လိုအပ်ချက်ကလည်း နှစ်အလိုက် တိုးလာတယ်”ဟု ၎င်းက ရှင်းပြသည်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကာလများတွင် မော်တော်ယာဉ် တင်သွင်းမှု များပြားလာသည့် အတွက်ကြောင့် ပြည်တွင်း စက်သုံးဆီ လိုအပ်ချက် ပိုမို မြင့်မားလာခြင်း ဖြစ်ကြောင်း၊ စင်ကာပူမှ မြန်မာနိုင်ငံသို့ လစဉ် ဓာတ်ဆီတန်ချိန် တစ်သိန်း တင်သွင်းပြီး ဒီဇယ် တန်ချိန် နှစ်သိန်းကျော် တင်သွင်းနေကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးသူများအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။ အစိုးရအနေနှင့် စက်သုံးဆီ တင်သွင်းမှုကို ကန့်သတ်ထားခြင်း မရှိသဖြင့် ဝယ်လိုအားများခြင်းကြောင့် စျေးတက်ခြင်း မဖြစ်နိုင်ကြောင်း၊ လက်ရှိတွင် ပြည်တွင်း စက်သုံးဆီစျေးများ တက်နေခြင်းမှာ နိုင်ငံတကာ စက်သုံးဆီစျေး တက်ခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ တစ်နှစ်လျှင် စင်ကာပူမှတစ်ဆင့် ပင်လယ်ရေကြောင်းဖြင့် စက်သုံးဆီ တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ သုံးဘီလီယံ နီးပါးရှိကြောင်း မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းထံမှ သိရသည်။
Source : https://goo.gl/BYlnci
via IFTTT
Source : https://goo.gl/BYlnci
via IFTTT
Saturday, January 7, 2017
5 Plus News
အသစ်ပြေးဆွဲမယ့် ယာဥ်လမ်းကြောင်းခရီးစဥ်များ ********************************************************* ၁ လှည်းကူးစျေးရှေ့၊ တာဆုံ၊ ဒရယ်ဖို- ပေါက်ကုန်း -ရဲမွန်- စီအိုဘီ -ဇရပ်ကွင်း(တာဆုံ)-အင်းတိုင် - တရုတ်ကုန်း - သနပ်ပင် - သင်္ဃန်းကျွန်း - ရွာသာကြီး (စီပွားရေးတက္ကသိုလ်) - တောင်မြောက်လမ်းဆုံ - စံပြစျေး - ဇဝန - သုမင်္ဂလာ - ရတနာလမ်း - မြင်သာ(ကညန) - စံပြစျေး ၂ ယုဇနယျာဥ်မြိုတော်မုဒ်ဦး - ပဲခူးမြစ်လမ်း - ဧရာဝဏ်လမ်း - သာကေတအပိုင်း - သန်လျင်တံတားချဥ်းကပ်လမ်း - ရှုခင်းသာမြို့ပတ်လမ်း - ယမုံနာလမ်း မဟာဗန္ဓုလတံတား ၃ ယုဇနယျာဥ်မြိုတော််၊ ပဲခူးမြစ်လမ်း - ဧရာဝဏ်လမ်း - မောင်းမကန်လမ်း - စည်ပင်လမ်း- တောင်မြောက်လမ်းဆုံ - စံပြစျေး -လေးထောင့်ကန်လမ်း - အရှေ့မြင်းပြိုင်ကွင်းလမ်း - တာမွေအဝိုင်း - ဗညာဒလလမ်း - ယုဇနပလာဇာ - မင်္ဂလာစျေး - ကျိုက္ကဆံလမ်း ၄ ယုဇနယျာဥ်မြိုတော််၊ ပဲခူးမြစ်လမ်း - ဧရာဝဏ်လမ်း -ကွေ့မ - ရတနာလမ်း ၊ တိုင်းရင်းသားကျေးရွာ- သံလျင် တံတားချဥ်းကပ်လမ်း - သာကေတအဝိုင်း - ကျောက်တိုင် - မင်းနန္ဒာလမ်း - မဟာဗန္ဓုလတံတား - အနော်ရထာလမ်း - ဆူးလေ ၅ ရိုးမရိပ်သာ ၊ ၈၉ လမ်းဆုံ ၊ ပဲခူးမြစ်လမ်း - ယုဇနဥယျာဥ် ၊ ကျွန်းရွှေဝါလမ်း ၊ ရွှေလီလမ်း ၊ ရတနလမ်း - တိုင်းရင်းသားကျေးရွာ - သာကေတအဝိုင်း - ကျောက်တိုင် - မင်းနန္ဒာလမ်း - စက်ဆန်း - တံတား - ညောင်တန်း - အနော်ရထာလမ်း - ဗိုလ်တစ်ထောင်ဘုရားလမ်း - ဗိုလ်ချုပ်အောင်ဆန်းလမ်း ၆ အောင်မြင့်မိုရ် - လှော်ကားလမ်း - မောင်းမကန်လမ်း - စည်ပင်လမ်း - တောင်မြောက်လမ်းဆုံ - စံပြစျေး - သံသုမာလမ်း - ဘေလီ - ချော်တွင်းကုန်း - နဝဒေး - ၈မိုင်လမ်းဆုံ - ကျိုက်ဝိုင်းဘုရားလမ်း - မင်းဓမ္မလမ်း - စော်ဘွားကြီးကုန်း - ပြည်လမ်း - ၁ဝ မိုင်ကုန်း - ၉မိုင် - ၈မိုင်လမ်းဆုံ ၇ တောင်ဒဂုံ (၇၁/၇၂) ရပ်ကွက် - ရတနာပုံလမ်း - ကျန်စစ်သားလမ်း - လှော်ကားလမ်း - ဘုန်းကြီးကျောင်းကွေ့ - ကုန်တိုက် - ပြည်ထောင်စုလမ်း - စက်မှုဇုံ - တောင်မြောက်လမ်းဆုံ - စံပြစျေး - ဇဝန - တာမွေဗလီ - မင်္ဂလာစျေး - သိမ်ဖြူ - အနော်ရထာလမ်း - ဆူးလေ - မဟာဗန္ဓုလလမ်း ၈ အင်းဝအိမ်ရာ - သာကေတ(အဝိုင်း) - ဧရာဝဏ်လမ်း - (၇)စျေးလမ်း - မြင်တော်သာလမ်း - သုဓမ္မာလမ်း - မင်းနန္ဒာလမ်း - ယမုံနာလမ်း - သာကေတတံတား - မင်္ဂလာစျေး - နတ်မောက်လမ်း - ဦးထောင်ဘိုလမ်း - ရွှေတိဂုံဘုရားလမ်း - ဇီဝကလမ်း ၉ တိုင်းရင်းသား နည်းပညာတက္ကသိုလ် - ဧရာဝဏ်လမ်း - ကျောက်တိုင် - မင်းနန္ဒာလမ်း - ဒေါပုံ - သာကေတတံတား -ယုဇနပလာဇာ - ကျိုက္ကဆံလမ်း - ရွှေဗဟို - သမိန်ဘရမ်းလမ်း - ကြက်ဘဲစျေး - သံသုမာလမ်း - သုဝဏ္ဏတံတား - ကျောက်တိုင် ၁ဝ တိုင်းရင်းသားကျေးရွာ - ရှုခင်းသာမြို့ပါတ်လမ်း - ၅ကွေ့ - ဇင်ဂမလမ်း - မင်းနန္ဒာလမ်း - ကျောက်တိုင် - သုဝဏ္ဏတံတား - အသင်းတိုက် - ဇဝန - သုမင်္ဂလာလမ်း - ပါရမီလမ်း - ချော်တွင်းကုန်း - နဝဒေး - သုဓမ္မာလမ်း - မြောက်ဥက္ကလာအဝိုင်း - ဗိုလ်မှုးဗထူးလမ်း - ဒဂုံတက္ကသိုလ် ၁၁ ခရေရိပ်မွန်အိမ်ရာ - ခရေပင်လမ်းခွဲ - စော်ဘွားကြီးကုန်း - အင်းစိန်ပန်းခြံ - ဗဟိုလမ်း - ရွာမကျောင်းလမ်း - ဗဟိုလမ်း - လှည်းတန်း - ခိုင်ရွှေဝါ - ဟံသာဝတီလမ်း - အထက်ကြည်မြင်တိုင်လမ်း - ဗားကရာလမ်း - မြေနီကုန်း - ဓမ္မစေတီလမ်း - လင့်လမ်း - အနောက်ရွှေဂုံတိုင်လမ်း - သွေးဆေးကန်လမ်း - ရွှေတိဂုံဘုရားလမ်း - ဇီဝကလမ်း - ဦးဝိစာရလမ်း - ဦးထောင်ဘိုလမ်း ၁၂ (၅ဝ)ကွေ့ - ၄၆ လမ်းဆုံ - (၇/၈)လမ်းဆုံ - မဝတလမ်းဆုံ - ဘေလီ - ပါရမီလမ်း - နန္ဒဝန်စျေး - သစ္စာလမ်း - မိုးကောင်းလမ်း - ကံဘုံလမ်း - ရန်ကင်းလမ်း - ဂွတ္တလစ်စျေးကွေ့ - တာမွေအဝိုင်း - ရွှေဂုံတိုင်လမ်း - ရွှေဂုံတိုင် - ရန်ကုန်ဘူတာကြီး - ဆူးလေ ၁၄ ဒဂုံမြောက်(ဘုရင့်နောင်လမ်းဆုံ) - ဘုရင့်နောင်လမ်း- ပင်လုံလမ်း - ဘေလီ - သံသုမာလမ်း - ရတနာလမ်း - မိုးကောင်းလမ်း - တာမွေအဝိုင်း - ဦးချစ်မောင်လမ်း - ရန်ကင်းစင်တာ - ရန်ကင်းလမ်း - ရန်ရှင်းလမ်း - စက်မှု(၁)လမ်း - ကမ္ဘာအေးဘုရားလမ်း - ကုက္ကိုင်း - တက္ကသိုလ်ရိပ်သာလမ်း - လှည်းတန်းလမ်း - ဆင်မလိုက် - ကြည့်မြင်တိုင်ကမ်းနားလမ်း - သခင်မြပန်းခြံ ၁၅ (၅ဝ)ကွေ့၊ ပြည်ထောင်စုလမ်း ၊ ရာဇာသကင်္ြန်လမ်း ၊ ကြိုးတံတား - ခေမာသီလမ်း - မြောက်ဥက္ကလာအဝိုင်း - သုဓမ္မာလမ်း - နဝဒေး - ၈မိုင်လမ်းဆုံ - သမိုင်းလမ်းဆုံ - ဘုရင်နောင်လမ်းဆုံ - ဘုရင့်နောင်လမ်း - ပေါက်တောဝ - အင်းစိန်ပန်းခြံ - ဘီအိုစီ - YTU - သမိုင်းလမ်းဆုံ ၁၆ ရွှေပေါက်ကံ(တောင်ငူလမ်း) - ကျောက်လမ်း - ၆ကွေ့ - မြောက်ဥက္ကလာအဝိုင်း - နဝဒေး - ၈မိုင်လမ်းဆုံ - ဘုရင့်နောင်တံတား - ပုသိမ်လမ်း - သမကုန်း - ဒဂုံဧရာအဝေးပြေးဝင်း ၁၇ ရွှေပေါက်ကံ-(ဆင်ဖုံ)-၆ေေကွ့-အောင်မင်္ဂလာအဝေးပြေး-ခရေပင်လမ်းခွဲ-ဒညင်းကုန်းလမ်းဆုံ-ရွှေပြည်သာတံတား-ပေါက်တန်းအဝိုင်း-သမကုန်းအဝိုင်း-အနောက်ပိုင်းနည်းပညာတက္ကသိုလ် ၁၈ ခရေရိပ်မွန်-အမှန်သုံးလမ်းဆုံ-အောင်မင်္ဂလာအဝေးပြေး-၆ကွေ့-သုဓမ္မာလမ်း-ဘုန်းကြီးလမ်း-သံသုမာလမ်း-ဘေလီ-ပါရမီလမ်း-အသင်းတိုက်-သံသုမာလမ်း-ကြက်ဘဲစျေး-သမိန်ဗရမ်းလမ်း-ကျိုက္ကဆံလမ်း-အရှေ့မြင်းပြိုင်ကွင်းလမ်း-လေးထောင့်ကန်လမ်း-ဝေဇယန္တာလမ်း- ဇဝန ၁၉ ရွှေပေါက်ကံ-(ဆင်ဖုံ)-၆ကွေ့-သုဓမ္မာလမ်း-မြောက်ဥက္ကလာပအဝိုင်း-နဝဒေး-၈မိုင်လမ်းဆုံ-သမိုင်းလမ်းဆုံ-ဘုရင့်နောင်လမ်းဆုံ-သီရိမင်္ဂလာစျေးသစ်-ဆင်မလိုက်-စံပြငါးစျေး-သခင်မြပန်းခြံ ၂ဝ အလုပ်သမားဆေးရုံ-ဒဂုံဧရာအဝေးပြေး-သမကုန်းအဝိုင်း-ဘီအိုစီအဝိုင်း-ဘုရင့်နောင်တံတား-ဘုရင့်နောင် လမ်း၊သီရိမင်္ဂလာစျေးသစ်-ဆင်မလိုက်-စံပြငါးစျေး-ဗားကရာလမ်း-မြေနီးကုန်း-လင့်လမ်း-ရွှေဂုံတိုင်-တာမွေအ ဝိုင်း-တာမွေလမ်း-ဗညားဒလလမ်း-ယုဇနပလာဇာ-သိမ်ဖြူ-မြရာကုန်းလမ်း-မြန်မာ့ဂုဏ်ရည်လမ်း-သိမ်ဖြူ ၂၁အနောက်ပိုင်းတက္ကသိုလ်(ထန်းတပင်)-ပေါက်ကုန်းအဝိုင်း-ရွှေပြည်သာတံတား-၁၄လမ်းဆုံ-ဒညင်းကုန်း- အောက်မင်္ဂလာဒုံလမ်း-ပြည်တော်သာ-မင်းကြီးလမ်း-အင်းစိန်ပန်းခြံ-YTU-သမိုင်းလမ်းဆုံ-လှည်းတန်း-မြေနီ ကုန်း-စံပြ-ကမ်းနားလမ်း-မော်တင်-မဟာဗန္ဓုလလမ်း ၂၂ အနောက်ပိုင်းတက္ကသိုလ်(ထန်းတပင်)-ပေါက်ကုန်းအဝိုင်း-ရိုးကြီးရိုးလေး-သမကုန်း-မီးခွက်စျေး-အောင်ဇေ ယျတံတား-ပေါက်တောဝ-အင်းစိန်ပန်းခြံ-ဗဟိုလမ်း-အနောက်ကြို့ကုန်း-ဗဟိုလမ်း-ရွှာမကျောင်းလမ်း-လှည်း တန်းခိုင်ရွှေဝါ-ဟံသာဝတီ-အထက်ကြည့်မြင့်တိုင်လမ်း-စလင်းကွင်း-ဗားကရာ-အနောက်ပိုင်းဆေးရုံး-အလုံလျှပ် စစ်ရုံး-ဂျမခန်နာ-သခင်မြပန်းခြ ံ ၂၃ (တူးချောင်း)-အနောက်ပိုင်းနည်းပညာတကက္ကသိုလ်-ပုသိမ်လမ်း-သမကုန်းအဝိုင်း-ဘီအိုစီအဝိုင်း-ဘုရင့် နောင်တံတား-ဘုရင့်နောင်လမ်း-သီရိမင်္ဂလာစျေးသစ်-ဆင်မလိုက်-စံပြငါးစျေး-ကမ်းနားလမ်း-သခင်မြပန်းခြံ ၂၅ ဒဂုံတက္ကသိုလ်-မင်းရဲကျော်စွာလမ်း-(၇/၈)လမ်းဆုံ-ပြည်ထောင်စုလမ်း-တောင်မြောက်လမ်းဆုံ-ငမိုးရိပ် တံတား-သံသုမာလမ်း-ကြက်ဘဲစျေး-သမိန်ဗရမး်လမ်း-ရွှေဗဟိုရ်-တာမွေ(ဗလီ)-ကျိုက္ကဆံလမ်း-ယုဇနပလာဇာ- မင်္ဂလာစျေး ၂၆ ဒဂုံတက္ကသိုလ်-မင်းရဲကျော်စွာလမ်း-ပြည်ထောင်စုလမ်း-ပင်လုံလမ်း-ဘေလီ-သံသုမာလမ်း-ရတနာလမ်း- အောင်ဇေယျလမ်း-မိုးကောင်းလမ်း-အရှေ့မြင်းပြိုင်ကွင်းလမ်း-တာမွေအဝိုင်း-သမိန်ဗရမး်လမ်း-ကြက်ဘဲစျေး-အထက်ပုဇွန်တောင်လမ်း-ပုဇွန်တောင်စျေး-မဟာဗန္ဓုလတံတားအောက်-ရာဇဓိရာဇ်လမ်း-ကမ်းနားလမ်း-ဗိုလ် တစ်ထောင်ဘုရားလမ်း ၂၇ စိတ်ကျန်းမာရေး-မင်းရဲကျော်စွာလမ်း-၁၃၃ရပ်ကွက်-ဒဂုံတကက္ကသိုလ်-မင်းရဲကျော်စွာလမ်း-ပြည်ထောင်စု လမ်း-ဗိုလ်မှူးဗထူးလမ်း-ဦးဝိစာရလမ်း-ဘေလီ-သံသုမာလမ်း--ရတနာလမ်း-မိုးကောင်းလမ်း-အရှေ့မြင်းပြိုင် ကွင်းလမ်း-တာမွေအဝိုင်း-တာမွေလမ်း-ဗညားဒလလမ်း-ယုဇနပလာဇာ-မင်္ဂလာစျေး-ကျိုက္ကဆံလမ်း ၂၈ ဒဂုံတက္ကသိုလ်-ဗိုလ်ဗထူးလမ်း-မြောက်ဥက္ကလာအဝိုင်း-နဝဒေး-ကမ္ဘာအေးဘုရားလမ်း-ဗဟန်း(၃)လမ်း- ရန်ကုန်ဘူတာကြီး-ဆူးလေမြို့တော်ခန်းမ ၂၉ ဒဂုံတက္ကသိုလ်-ကျန်စစ်သားလမ်း-မင်းရဲကျော်စွာလမ်း-ပြည်ထောင်စုလမ်း-ပင်လုံလမ်း-ဘေလီ-သံသုမာ လမ်း-သစ္စာလမ်း-ကံဘဲ့လမ်း-ရန်ကင်းလမ်း-ဂွတ္တလစ်စျေး-တာမွေအဝိုင်း-ရွှေဂုံတိုင်-ကမ္ဘာအေးဘုရားလမ်း- ရန်ကုန်ဘူတာကြီး-ဆူးလေ ၃ဝ ဒဂုံတက္ကသိုလ်-ကျန်စစ်သားလမ်း-မင်းရဲကျော်စွာလမ်း-ပြည်ထောင်စုလမ်း-ဘေလီ-ပါရမီ-ညောင်ပင်-ကမ္ဘာအေးဘုရားလမ်း-၈မိုင်လမ်းဆုံ-လှည်းတန်းလမ်း-ကြည့်မြင့်တိုင်-သခင်မြပန်းခြံ ၂၄ ကျန်စစ်သားလမ်း - တပင်ရွှေထီးလမ်း - ပြည်ထောင်စုလမ်း - တောင်မြောက်လမ်းဆုံ - လေးထောင့်ကန်လမ်း - စံပြစျေး - ဇဝန - အသင်းတိုက် - သုဝဏ္ဏတံတား - သံသုမာလမ်း - ကြက်ဘဲစျေး - အထက်ပုဇွန်တောင်လမ်း - ပုဇွန်တောင်စျေး - မဟာဗန္ဓုလတံတားအောက် - ရာဇဓိရာဇ်လမ်း - ကမ်းနားလမ်း - ဗိုလ်တစ်ထောင်ဘုရားလမ်း ၃၁ သန်လျင်အရှေ့ပိုင်းတက္ကသိုလ်- သန်လျင်ကျောက်တန်းလမ်း-သန်လျင်အမှတ်(၁)တံတား-ရှုခင်းသာမြို့ပတ်လမ်း-ယမုံနာလမ်း-မဟာဗန္ဒုလတံတား-ဗိုလ်တစ်ထောင်စျေးလမ်း-အနော်ရထာလမ်း-ဗိုလ်တစ်ထောင်ဘုရားလမ်း-ကုန်သည်လမ်း- ဗိုလ်တစ်ထောင်စျေးလမ်း ၃၂ ရေကြောင်းတက္ကသိုလ်-ဘုရားလမ်းဆုံ-သန်လျင်(မြို့မစျေး)၊ဗိုလ်ချုပ်နေဝင်းလမ်း-သန်လျင်အမှတ်(၁)တံတား-သာကေတအဝိုင်း-ဧရာဝဏ်လမ်း-ကျောက်တိုင်-သုဝဏ္ဍတံတား-ဝေဇေယန္တာလမ်း-လေးထောင့်ကန်လမ်း-ဇဝန-သုမင်္ဂလာလမ်း-ပါရမီလမ်း-ဘေလီ-သံသုမာလမ်း-ဘုန်းကြီးလမ်း-မြောက်ဥက္ကလာအဝိုင်း-အမှတ်(၃)လမ်းဆုံ-ခရေရိပ်မွန်အိမ်ရာ ၃၃ ကျောက်တန်း- ကျောက်တန်း(သန်လျင်လမ်း)-သန်လျင်အမှတ်(၁)တံတား၊သာကေတအဝိုင်း-ကျောက်တန်း-မင်းနန္ဒာလမ်း-ဒေါပုံ-မင်္ဂလာစျေး-ကျိုက္ကစံလမ်း-ဗညားဒလလမ်း - ယုဇနပလာဇာ ၃၄ ခရမ်းသုံးခွ-အရှေ့ပိုင်းတက္ကသိုလ်-သန်လျင်ကျောက်တန်းလမ်း-သန်လျင်အမှတ်(၁)တံတား၊သာကေတ(အဝိုင်း)၊ မြင်တော်သာလမ်း-မဟာဗန္ဓုတံတား-ဗိုလ်တစ်ထောင်ဘုရားလမ်း-ကမ်းနားလမ်း-သိမ်ဖြူလမ်း-ဗဟာဗန္ဓုလမ်း ၃၅ ထောက်ကြန့်-နွယ်ခွေ-အမှတ်(၃)လမ်းဆုံ-ခရေပင်လမ်းခွဲ-ပြည်လမ်-၊၈မိုင်လမ်းဆုံး-လှည်းတန်း-မြေနီကုန်း-ဘုန်းကြီးလမ်း-ကမ်းနားလမ်း-မော်တင်-မဟာဗန္ဓုလလမ်း ၃၆ ထောက်ကြန့်-နွယ်ခွေ-အမှတ်(၃)လမ်း-ပုလဲမြို့သစ်-အမှတ်(၃)လမ်းဆုံ-သုဓမ္မာလမ်း-မြောက်ဥက္ကာလာအဝိုင်း-နဝဒေး-ကမ္ဘာအေးဘုရားလမ်း-ဗဟန်း(၃)လမ်း-ရန်ကုန်ဘူတာကြီးဆူးလေ ၃၇ ထောက်ကြန့်-ပြည်လမ်း-ခရေပင်လမ်းခွဲ-စော်ဘွားကြီးကုန်း-၁ဝမိုင်ကုန်း-၈မိုင်လမ်းဆုံ-လှည်းတန်း-မြေနီကနုး-စံပြ-ဘုန်းကြီးလမ်း-ကမ်းနားလမ်း-မော်တင်-မဟာဗန္ဓုလလမ်း ၃၈ ဘေလီ-သံသုမာလမ်း-တောင်ဥက္ကလာပဘုရား၊သစ္စာလမ်း၊မိုးကောင်းလမ်း၊ရန်ကင်းလမ်း၊ရန်ရှင်းလမ်း-စက်မှု(၁)လမ်း-ကမ္ဘာအေးဘုရားလမ်း-ကုက္ကိုင်း-တက္ကသိုလ်ရိပ်သာလမ်း-လှည်းတန်းလမ်း-ဆင်မလိုက်-ဘုရင့်နောင်လမ်း-သီရိမင်္ဂလာစျေးသစ် ၃၉ ရွှေပြည်သာ(လိန်းကုန်း)-အမှတ်(၄)လမ်း-ကွန်ပြူတာတက္ကသိုလ်-ဒညင်းကုန်း-ပြည်တော်သာ(အောက်လမ်း)-ဘီအိုစီ-YTU - သမိုင်းလမ်းဆုံ-လှည်းတန်း-မြေနီကုန်း-စံပြ-ဘုန်းကြီးလမ်း-ကမ်းနားလမ်း-မော်တင်-ဗဟာဗန္ဓုလမ်း ၄ဝ ရွှေပြည်သာ(လိန်ကုန်း)-ထန်းခြောက်ပင်-ပုလဲလမ်း-၁၄လမ်းဆုံ-ဒညင်းကုန်းလမ်း-ဒဂုံ-ပြည်တော်သာ-ဘုရင့်နောင်လမ်းမကြီး-ပေါက်တောဝ-ဘုရင့်နောင်-သီရိမင်္ဂလာစျေးသစ်-ဆင်မလိုက်-စံပြငါးစျေး-ကမ်းနားလမ်း-သခင်မြပန်းခြံ ၄၁ ရွှေပြည်သာ(လိန်ကုန်း)-ထန်းခြောက်ပင်-ပုလဲလမ်း-၁၄လမ်းဆုံ-ဒညင်းကုန်းလမ်းဆုံ-ပြည်တော်သာ-ဘုရင့်နောင်လမ်းမကြီး-ပေါက်တောဝ-ဘုရင့်နောင်-သီရိမင်္ဂလာစျေးသစ်-ဆင်မလိုက်-စံပြငါးစျေး-ကမ်းနားလမ်း-သခင်မြပန်းခြံ ၄၂ ရွှေပြည်သာ(လိန်ကုန်း)-လှော်ကားလမ်း-မဟာဗန္ဓုလလမ်း-ဘုရင့်နောင်လမ်း-ထန်းခြောက်ပင်-ရွှေပြည်သာကွေ့-ဒညင်းကုန်းလမ်းဆုံ-ခရေပင်လမ်းခွဲ-အမှတ်(၃)လမ်းဆုံ-သုဓမ္မာမာလမ်း-ဘုန်းကြီလမ်း-သံသုမာလမ်း-ကမာကြည်လမ်း-သာကေအဝိုင်း-သံလျင်တံတား-ချဥ်းကပ်လမ်း-ရှုခင်းသာပါတ်လမ်း-ရတနာလမ်း ၄၃ လိန်ကုန်း-လှော်ကားလမ်း-တာဆုံ-အမှတ်(၄)လမ်း-ပြည်လမ်း-မှော်ဘီစျေးရှေ့ ၄၄ လိန်ကုန်း-လှော်ကားလမ်း-တာဆုံ-အမှတ်(၄)လမ်း၊ဒညင်းကုန်း၊ခရေပင်လမ်းခွဲ-ထောက်ကြန့်၊ရန်ကုန်ပဲခူးလမ်း-လှည်းကူးစျေးရှေ့ ၄၅ လှည်းကူးစျေးရှေ့-ဖောင်ကြီးလမ်း-ဖောင်ကြီး-မင်းကုန်း ၄၆ ဒါးပိန်-အမှတ်(၂)လမ်း-ရွာသာကြီးစီးပွားရေးတက္ကသိုလ်-တောင်မြောက်လမ်းဆုံ ၄၇ လှိုင်သာယာဘီအိုစီ-တွံတေးကြိုးတံတား၊တွံတေးမြို့-ဘုရားငုတ်တို-ကံဘဲ့-တွံတေး ၄၈ ဒလ-ဘုရားငုတ်တို-တွံတေး ၄၉ လှိုင်သာယာဘီအိုစီ-တွံတေးကြိုးတံတား၊ဘုရားငုတ်တို-ကံဘဲ့-ကော့မှူး၊ကွမ်းခြံကုန်း ၅ဝ ဒလ-ဘုရားငုတ်တို-ကံဘဲ့-ကော့မှူး၊ကွမ်းခြံကုန်း ၅၁ ပဲခူး-သနပ်ပင်-ခရမ်း ၅၂ ထန်းတစ်ပင်-ရန်ကုန်ပုသိမ်လမ်း-ရန်ကုန်ညောင်တုန်းလမ်း-မီးခွက်စျေး ၅၃ ရွှေလင်ဗန်းလမ်းဆုံ-ကျန်စစ်သားလမ်း-ညောင်တုန်းလမ်း-ဗိုလ်အောင်ကျော်လမ်း-ရွှေလင်းဗန်းလမ်းဆုံ ၅၄ ၈၆ဂိတ်-အနော်ရထာလမ်း-ရွှေပြည်အေးလမ်း-ဗိုလ်အောင်ကျော်လမ်း(အောက်ထိပ်-ပုသိမ်လမ်း-ကျန်စစ်သားလမ်း-ညောင်တုန်းလမ်း-ဗိုလ်အောင်ကျော်လမ်း-ရွှေပြည်အေးလမ်း-၈၆ဂိတ် ၅၅ တိုက်ကြီးဥက္ကံ-မြောင်းတကာ-မှော်ဘီနည်းပညာတက္ကသိုလ်- မှော်ဘီ-ထောက်ကြန့် ၅၆ သခင်မြပန်းခြံ-ဗိုလ်ချုပ်အောင်ဆန်းလမ်း-ဗိုလ်တစ်ထောင်ဘုရားလမ်း-ကုန်သည်လမ်း-ကမ်းနားလမ်း-သခင်မြပန်းခြံ ၅၇ သခင်မြပန်းခြံ-ကမ်းနားလမ်း-မဟာဗန္ဓုလလမ်း-ဗိုလ်တစ်ထောင်-ဘုရားလမ်း-ကမ်းနားလမ်း-သခင်မြပန်းခြံ ၅၈ ဗိုလ်တစ်ထောင်ဘုရားလမ်း(ကမ်းနားလမ်း)-ဗိုလ်တစ်ထောင်ဘုရားလမ်း-အနော်ရထာလမ်း-ကမ်းနားလမ်း-ဗိုလ်တစ်ထောင်ဘုရား
Source : http://ift.tt/2jn1JBK
via IFTTT
Source : http://ift.tt/2jn1JBK
via IFTTT
လဝကဝန်ထမ်းများ ငွေကြေးတံစိုးလက်ဆောင်ရယူခြင်းအပါအဝင် ပြုပြင်ရမည့် အချက် ၃၀ ညွှန်ကြား
လဝကဝန်ထမ်းများ အနေဖြင့် ပြည်သူများထံမှ ငွေ ကြေးတံစိုးလက်ဆောင် ရယူနေ ခြင်းများ၊ဝန်ထမ်းစည်းမျဥ်းစည်း ကမ်းများ လျော့ရဲနေခြင်းအပါ အဝင် လူမျိုး၊ ကိုးကွယ်သည့်ဘာ သာအပေါ် မူတည်၍ ခွဲခြားဆက် ဆံနေခြင်းများ ပြုပြင်ရန် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အချက် ၃ဝ ပါ ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီး / ပြည်နယ်နှင့် ခရိုင်/မြို့နယ်ရုံးများတွင် သက်ဆိုင်ရာ နယ်မြေအလိုက် နေထိုင်သည့် ပြည်သူများက အဆိုပါရုံးများသို့ လာရောက်၍ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေး လျှောက်ထားခြင်း၊ ကတ်ရရှိသူများက လဲလှယ်၊ ပျောက်ဆုံး၊ ပျက်စီးခြင်းများအတွက် လာရောက်ဆောင်ရွက်ရာ၌ ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် အားနည်းချက် အချို့ရှိနေ၍ ပြုပြင်ကြရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်းဖြစ်သည်။ အများပြည်သူက လဝကရုံး များသို့ သွားရောက်ဆောင်ရွက် ရာတွင် တိုက်နယ်မှူးများက ကာ ယကံရှင်ကို မြို့နယ်မှူးများနှင့် တွေ့ခွင့်မပေးခြင်း၊ မြို့နယ်မှူး များကလည်း အတွေ့မခံခြင်း၊ ကာယကံရှင်အား အမှုအကြောင်းအရာနှင့် လိုအပ်ချက်များ ရှင်းလင်းပြသမှုမရှိခြင်း၊ ယဥ်ကျေးသိမ်မွေ့စွာ ဆက်ဆံမှုမရှိခြင်း၊ လာရောက်လျှောက်ထားသူများအပေါ် လူမျိုး၊ ကိုးကွယ်သည့် ဘာသာပေါ်မူတည်၍ ခွဲခြားဆက်ဆံနေခြင်းတို့ တွေ့ရှိရသည်ဟု ညွှန်ကြားစာတွင် ဖော်ပြထားသည်။ ထို့အပြင် ကာယကံရှင်ထံမှ တံစိုးလက်ဆောင် ရယူလိုစိတ် ရှိနေခြင်း၊ အချို့ တိုက်နယ်မှူး များက အမှုတွဲများကို ရုံးတွင်း စာရင်းမသွင်း၊ မှတ်ပုံမတင်ဘဲ ၎င်း၏နေအိမ်တွင်ထားရှိခြင်း၊ နေ အိမ်တွင် အမှုတွဲတည်ဆောက် ခြင်း၊ အချို့ဝန်ထမ်းများသည် ငွေ မရပါက အမှုတွဲများ သိမ်းထား ခြင်းနှင့် မကြာကြာအောင် ပြုလုပ်ခြင်း၊ အမှုကိစ္စအတွက်လာရောက်သည့် ကာယကံရှင်များကို ရုံးအတွက်ရန်ပုံငွေထည့်သွားရန် မသင့်မလျော် ပြောကြားခြင်း၊ ကာယကံရှင်က ရန်ပုံငွေတစ်ထောင်ကျပ်ထည့်ပါက နည်းသည်၊ ထပ်ထည့်ပါဦးဟု ပြောဆိုသည့် ဝန်ထမ်းများရှိကြောင်း ကြားသိနေရခြင်း၊ မြို့နယ်ဦးစီးမှူးများက ၎င်းနှင့်အဆင်ပြေသည့် ဝန်ထမ်းများကိုကောင်းသည့် တိုက်နယ်များ/ရပ်ကွက်များ ပေးထားခြင်းတို့ တွေ့ရှိနေရသည်ဟု ညွှန်ကြားစာ၌ ဖော်ပြထားသည်။ ထို့အပြင် ငွေရလွယ်သည့် အမှုတွဲများကို မြို့နယ်ဦးစီးမှူး များက ၎င်းနှင့်အဆင်ပြေသည့် ဝန်ထမ်းများကိုသာ တာဝန်ပေး ဆောင်ရွက်ခိုင်းထားခြင်း၊ အချို့ ရုံးများသို့ တင်ပြလာသည့် အမှုတွဲ များတွင် ပိုက်ဆံထည့်ထားသော စာအိတ်ကြားညှပ်ပါရှိမှသာ ယင်းအမှုတွဲကို လက်ခံဆောင်ရွက် ခြင်း၊ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ပျောက်ဆုံး၊ ပျက်စီးခြင်းအတွက် မိတ္တူလာရောက် လျှောက်ထားရာတွင် ငွေကြေး လက်ဆောင် ပေးသူအား နေ့ချင်းပြီးထုတ်ပေးခြင်း၊ မပေးနိုင်သူ များကို ဆိုင်းငံ့ထားခြင်း စသည့်အချက်များအပါအဝင် အားနည်းချက် ၃ဝ ခန့်ပြုလုပ်နေမှုများ တွေ့ရကြောင်း ဆက်လက်ဖော်ပြထား သည်။ အဆိုပါ ညွှန်ကြားချက်ကို ဒီဇင်ဘာ ၂၆ ရက်စွဲဖြင့် ဖြန့်ဝေခဲ့ပြီး ဝန်ထမ်းများ အနေဖြင့် မိမိတို့အားနည်းချက်များကို အချိန်မီပြင်ဆင်နိုင်ရန် အသိပေးရခြင်း ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။ ‘‘မီဒီယာတွေထဲမှာလည်း ပါပြီး အားလုံးသိတဲ့အတိုင်း ပြီးခဲ့ တဲ့နှစ်အတွင်းမှာ ဝန်ထမ်းစည်း ကမ်းချိုးဖောက်လို့ အရေးယူ လိုက်တဲ့ ဝန်ထမ်းတွေ အများကြီး ရှိခဲ့ပါတယ်။ အခု ညွှန်ကြားချက် ထုတ်တာကလည်း နောက်ဆို ဝန်ထမ်းတွေအနေနဲ့ အရေးယူတဲ့ အဆင့်မရောက်ခင် ဒီပြစ်ချက် တွေကို အချိန်မီ သိရှိပြင်ဆင်နိုင် ဖို့ အသိပေးရခြင်းဖြစ်ပါတယ်။ အရင်ကလည်း ဒီလို ညွှန်ကြား ချက်တွေ ထုတ်ပြန်တာ ရှိခဲ့ပါ တယ်’’ဟု ၎င်းကပြောသည်။ ‘‘မီဒီယာတွေထဲမှာလည်း ပါပြီး အားလုံးသိတဲ့အတိုင်း ပြီးခဲ့ တဲ့နှစ်အတွင်းမှာ ဝန်ထမ်းစည်း ကမ်းချိုးဖောက်လို့ အရေးယူ လိုက်တဲ့ ဝန်ထမ်းတွေ အများကြီး ရှိခဲ့ပါတယ်။ အခု ညွှန်ကြားချက် ထုတ်တာကလည်း နောက်ဆို ဝန်ထမ်းတွေအနေနဲ့ အရေးယူတဲ့ အဆင့်မရောက်ခင် ဒီပြစ်ချက် တွေကို အချိန်မီ သိရှိပြင်ဆင်နိုင် ဖို့ အသိပေးရခြင်းဖြစ်ပါတယ်။ အရင်ကလည်း ဒီလို ညွှန်ကြား ချက်တွေ ထုတ်ပြန်တာ ရှိခဲ့ပါ တယ်’’ဟု ၎င်းကပြောသည်။ အဆိုပါညွှန်ကြားချက်သည်ဒီဇင်ဘာလကုန်က ရောက်ရှိလာ ခဲ့ခြင်းဖြစ်ပြီး ယခင်က ရံဖန်ရံခါ ထုတ်ပြန်သည့် ညွှန်ကြားချက်များ ထက် အချက်ပိုမိုစုံလင်စွာ ပါရှိလာခြင်းဖြစ်သည်ဟု မြို့နယ် လဝက ဦးစီးအရာရှိတစ်ဦးက ပြောသည်။ ‘‘ညွှန်ကြားချက်နဲ့ပတ်သက် လို့ သိပ်တော့ အများကြီးပြော စရာမရှိပါဘူး။ ကျွန်တော်တို့က တော့ ညွှန်ကြားချက်ထဲမှာပါတဲ့ အချက်တွေနဲ့ ကင်းလွတ်အောင် နေတယ်။ ဒီလိုညွှန်ကြားတာ လည်း ကောင်းပါတယ်။ ဒါကိုယ့် ဌာနကောင်းဖို့အတွက် လုပ်တာ ဖြစ်တော့ လက်ခံပါတယ်’’ဟု ၎င်း က ပြောသည်။ အစိုးရသစ်လက်ထက် ကိုးလတာအတွင်း ဝန်ထမ်းစည်းကမ်းချိုးဖောက်၍ အရေးယူခဲ့သည့် အရာထမ်း၊ အမှုထမ်း ဦးရေမှာ ၄ဝ ခန့်ရှိပြီး ယခင် အစိုးရလက်ထက် တစ်နှစ်အတွင်း အရေးယူသည့်ဦးရေမှာ ၃ဝ ဦးခန့်သာရှိကြောင်း ဦးမြင့်ကြိုင်ကပြောကြားသည်။ ‘‘ညွှန်ကြားချက်တွေ ထုတ်ပြီး အမှန်တကယ် လိုက်နာကြ မယ်ဆိုရင် အကောင်းဆုံးပေါ့။ ညွှန်ကြားတယ်ဆိုမှတော့ လူကြီး တွေလည်း အောက်ခြေရုံးတွေမှာ ဒီအချက်တွေရှိနေတယ်ဆိုတာ လက်ခံလို့၊ သိကြလို့ဆိုတာ ပြော လို့ရတယ်။ ဒါကောင်းတဲ့လမ်းစ လို့ ပြောရမှာပဲ’’ဟု ရွှေပြည်သာ မြို့နယ်မှ ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။ http://ift.tt/2i3cpn1
Source : http://ift.tt/2j1pqvO
via IFTTT
Source : http://ift.tt/2j1pqvO
via IFTTT
Friday, January 6, 2017
The Irrawaddy - Burmese Edition
အာဆီယံဆွေးနွေးပွဲတွင် တောင်တရုတ်ပင်လယ်အရေး မဆွေးနွေးဟု ဖိလစ်ပိုင် ပြော တောင်တရုတ်ပင်လယ်ကို တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ပြောဆိုမှုကို ပယ်ချပြီး တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးကို တင်းမာစေခဲ့သော ခုံသမာဓိရုံး၏ ဆုံးဖြတ်ချက်သည် ယခုနှစ် အရှေ့တောင်အာရှ ထိပ်သီးဆွေးနွေးပွဲ အစီအစဉ်တွင် ပါဝင်မည် မဟုတ်ကြောင်း အဆင့်မြင့် ဖိလစ်ပိုင်အရာရှိတဦးက ဇန်နဝါရီ ၅ ရက် ကြာသပတေးနေ့တွင် ပြောကြားသည်။ တရုတ်နိုင်ငံနှင့် ထိပ်တိုက်တွေ့ခြင်းကို ရှောင်ရှားလိုကြောင်းနှင့် ဖိလစ်ပိုင်အလိုကျ ဆုံးဖြတ်ခဲ့သော ဇူလိုင်လက ဆုံးဖြတ်ချက်ကို လိုက်နာစေရန် ဘေ့ဂျင်းကို ဖိအားပေးရန် မလိုကြောင်း ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ကလည်း လွန်ခဲ့သောလက ထပ်မံအတည်ပြု ပြောကြားခဲ့သည်။ “သဟိဂ်ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာဥပဒေရဲ့ အစိတ်အပိုင်း ဖြစ်ပြီးသားမို့ ထိပ်သီးဆွေးနွေးပွဲ အစီအစဉ်မှာ မပါဝင်ပါဘူး” ဟု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Enrique Manalo က ဧပြီလတွင် ဖိလစ်ပိုင်က သဘာပတိအဖြစ် ဆောင်ရွက်မည့် အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်မီ သတင်းထောက်များအား ပြောကြားခဲ့သည်။ “ဒါကြောင့် ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ မဆွေးနွေးနိုင်ပါဘူး။ အဲဒါက သူ့ဘာသာ ရှိနေပြီးသားပါ” ဟုလည်း ၎င်းက ဆက်ပြောသည်။ ၂၀၁၆ ခုနှစ်ဇူလိုင်လက ဆုံးဖြတ်ချက်သည် တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ် ဒေသအများအပြားကို ပိုင်ဆိုင်ကြောင်း ပြောဆိုချက်ကို ပယ်ချခဲ့သည်။ ဘေဂျင်းက ထိုဆုံးဖြတ်ချက်ကို အခြေအမြစ် မရှိသော ဆုံးဖြတ်ချက် ဟု ကြေညာသည်။ သို့သော် ထိုပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ဆွေးနွေးပွဲများ စတင်ရေး အတွက် ပါဝင်ပတ်သက်သော နိုင်ငံများကို တောင်းဆိုသည်။ အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်သော အာဆီယံက အာရုံစိုက်မည့် ကိစ္စမှာ ထိုအငြင်းပွားနေသော ရေပိုင်နက်တွင် တင်းမာမှု လျှော့ချရေး အတွက် ကျင့်ဝတ်မူဘောင် ချမှတ်ရေးသာ ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး Manalo က ပြောသည်။ “ဖိလစ်ပိုင်က ဥက္ကဋ္ဌ တာဝန် ယူစဉ် အတွင်း သာသာယာယာ ဖြစ်ရပ်တွေပဲ မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံ ဘက်ကလည်း သူတို့ရဲ့ အကျိုးစီးပွားကိုပဲ ရှေ့တန်းတင်မယ်လို့ မျှော်လင့်ထားလို့ ကျနော်တို့ ကလည်း ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကိုပဲ ရှေ့တန်းတင်ပြီး တရုတ်နိုင်ငံနဲ့ ဆွေးနွေးသွားမှာပါ” ၎င်းက ပြောသည်။ ၂၀၁၀ ခုနှစ်မှ စတင်ပြီး တရုတ်နှင့် အာဆီယံတို့သည် ပဋိပက္ခ ရှောင်ရှားရေး အတွက် စည်းမျဉ်းများကို ဆွေးနွေး နေခဲ့ကြ သည်။ တရုတ်နိုင်ငံက စွမ်းအင်ကြွယ်ဝပြီး နှစ်စဉ် ရေကြောင်းကုန်သွယ်မှု ဒေါ်လာ ၅ ထရီလီယံဖိုး ဖြတ်သန်းနေသော ထို ရေပိုင်နက် အများစုကို ပိုင်ဆိုင်သည်ဟု ကြေညာထားသည်။ အိမ်နီးခြင်း ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့ ကလည်း ၎င်းတို့၏ ပိုင်နက်များကို ကြေညာထားသည်။ လွန်ခဲ့သောနှစ် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ၏ အရင်းနှီးဆုံး မဟာမိတ် ကမ္ဘောဒီးယားက ပူးတွဲ ကြေညာချက် တခုတွင် တရုတ်ကို ဆန့်ကျင်သော ခုံရုံး ဆုံးဖြတ်ချက်ကို မဖော်ပြရန် တားမြစ်မှု ရှိခဲ့သည်။ Duterte သမ္မတ ဖြစ်လာခဲ့အပြီး လွန်ခဲ့သော လအနည်းငယ်က တရုတ်နှင့် ထိတွေ့ဆက်ဆံမှုများ ရှိ လာပြီးနောက်တွင် အစဉ်အလာ မဟာမိတ် အမေရိကန်ကို ရန်စကားများ စတင်ပြောကာ ဖိလစ်ပိုင်၏ နိုင်ငံခြားရေးမူဝါဒကို အံ့သြဖွယ်ရာ ဂငယ်ကွေ့ ကွေ့ခဲ့သည်။
Source : https://goo.gl/37Wm9x
via IFTTT
Source : https://goo.gl/37Wm9x
via IFTTT
7Day News Journal
မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနား အစမ်းလေ့ကျင့်ရာသို့ ရောက်ရှိလာသော လှည်းယဥ် (ဓာတ်ပုံ − မျိုးမင်းဦး) တောင်သူတစ်ဦးသည် သမီးဖြစ်သူကို ဂုဏ်ပြုသည့်အနေ ဖြင့် ဇန်နဝါရီ ၅ ရက်က ကျင်းပ သော မုံရွာတက္ကသိုလ် ဘွဲနှင်း သဘင် အစမ်းလေ့ကျင့်ပွဲသို့ နွား လှည်းယဥ်ကြော့ဖြင့် ပို့ဆောင်ခဲ့သည်။ မုံရွာမြို့ အောင်သာကျေး ရွာနေ တောင်သူဦးကျော်ဝင်းသည် ရုက္ခဗေဒအထူးပြု သိပ္ပံ(ဂုဏ်ထူး) ဘွဲ့ယူမည့် သမီးဖြစ်သူ မအိမွန် ကျော်ကို ဂုဏ်ပြုကာ မုံရွာတက္ကသိုလ်၏ (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အစမ်းလေ့ကျင့်ပွဲသို့ နွားလှည်းယဥ်ကြော့ဖြင့် ပို့ဆောင်ခြင်းဖြစ်သည်။ ‘‘အခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ တောင်သူလယ်သမား ရဲ့ သားသမီးတစ်ယောက် ဘွဲ့ရရှိတဲ့အခါ ကျန်တဲ့ တောင်သူလယ် သမားတွေရဲ့ သားသမီးတွေကို အားပေးချင်လို့ပါ။ တောင်သူလယ်သမားတွေရဲ့ သားသမီးတွေ ကြိုးစားစေချင်အောင် အားပေးတာလည်းပါတယ်။ တောင်သူလယ်သမား သားသမီးဆိုတော့ နွားလှည်းနဲ့ ယူရတာ ပိုသဘာဝကျမယ်ထင်လို့ပါ။ မိဘက ကြိုမယ့်လှည်းကလည်း ခမောက်ကြီးက တောင်သူ လယ်သမားကိုယ်စားပြုတဲ့ ခမောက်ပါ။ မူလတန်းကနေ အခု အချိန်အထိ ပထမ၊ ဒုတိယ ဆုတွေ ရရှိခဲ့တယ်။ အခု သိပ္ပံ (ဂုဏ်ထူး)နဲ့ ဘွဲ့ရတာပါ။ မဟာ တန်း ဆက်တက်ရမှာပါ။ မိဘ အနေနဲ့ ဂုဏ်ပြုတဲ့အနေနဲ့ တော သူတောင်သား တောင်သူလယ် သမား သားသမီးအနေနဲ့ သရုပ် ဖော်ချင်တဲ့သဘောပါ’’ဟု တောင်သူဦးကျော်ဝင်းက ပြောသည်။ ဘွဲ့ယူမည့် ကျောင်းသူအား စစ်ကိုင်းမြို့မှ ပတ္တမြား လှည်း ယဥ်ကြော့ဖြင့် တင်ဆောင်ခဲ့ပြီး မုံရွာမြို့နယ် လယ်ဇင်ကျေးရွာမှ ရွှေလှည်းယဥ်ကြော့တွင် ခမောက်အမိုး တပ်ဆင်၍ ကျောင်းသူ၏ မိဘနှစ်ပါးက စီးနင်းကာ မုံရွာ တက္ကသိုလ် ဘွဲ့နှင်းသဘင်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၇ ရက်တွင် ကျင်း ပမည့် မုံရွာတက္ကသိုလ် (၁၇)ကြိမ် မြောက် ဘွဲ့နှင်းသဘင် အခမ်း အနားသို့ လှည်းယဥ်ကြော့ဖြင့် တက်ရောက်ရန် စီစဥ်ခဲ့သော် လည်း စစ်ကိုင်းမြို့မှ ပတ္တမြား လှည်းယဥ်ကြော့ကို ငှားရမ်းမရ သဖြင့် တက်ရောက်နိုင်မည် မဟုတ်ကြောင်း ဦးကျော်ဝင်းက ပြောသည်။ ‘‘နွားလှည်းနဲ့ ဘွဲ့နှင်းသဘင် တက်ရောက်ဖို့ ခွင့်ပြုချက်တင် ထားပါတယ်။ ခွင့်ပြုပေးထားပါ တယ်။ အရင်တုန်းက မရှိခဲ့ဖူး ဘူး။ လှည်းယဥ်ကြော့နဲ့ဆိုတော့ မော်တော်ယာဥ် စည်းကမ်း အတိုင်း ဝင်ရောက်ခွင့်ပြုထားပါ တယ်’’ဟု မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်က ပြောသည်။ အရာရှိအရာခံ ငွေကြေးဓန၊ စီးပွားချမ်းသာသော သားသမီး များသာမက တောသူတောင်သား တောင်သူ လယ်သမားများ၏ သားသမီးများလည်း ပညာတတ် များ ဖြစ်နိုင်သည်ကို သိရှိစေလို သော ရည်ရွယ်ချက်ဖြင့် မြန်မာ့ ရိုးရာ ယဥ်ကျေးမှုနှင့်အညီ ရွှေ လှည်းယဥ်ဖြင့် ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်ခွင့်ပြုရန် မုံရွာတက္ကသိုလ် ပါမောက္ခ ချုပ်ထံ ဒီဇင်ဘာ ၂၂ ရက်က ခွင့် ပြုချက် တောင်းခံခဲ့သည်ဟုဆို သည်။
Source : http://ift.tt/2iXoYPl
via IFTTT
Source : http://ift.tt/2iXoYPl
via IFTTT
7Day News Journal
ကလေးမြို့ တောင်ဇ လပ်ရပ်ကွက်ရှိ ရေမြောင်းတစ်ခု အတွင်း ကျားအင်္ဂါအဖြတ်ခံထား ရသည့် ဒဏ်ရာအပါအ၀င် ပြတ်ရှ၊ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦးအလောင်းကို တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ ကလေးမြို့ တောင်ဇလပ် ရပ်ကွက် နယ်မြေ (၉) တွင် နေ ထိုင်သော အသက် (၅၈)နှစ်အ ရွယ် ဦးတဲလ်ခွဆိုသူသည် ဇန်န ၀ါရီ ၃ ရက် နံနက် ၈ နာရီခန့်က နယ်မြေ (၆) ၌ နေထိုင်သည့် ဆွေမျိုးတော်စပ်သူ၏ နေအိမ်တွင် ပြု လုပ်သော ဆုတောင်းပွဲသို့ သွားရောက်ရာမှ နေအိမ်သို့ ပြန်မ ရောက်လာဘဲ နောက်တစ်နေ့ နံနက်တွင်မှ ၎င်း၏အလောင်းကို တွေ့ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဆိုသည်။ ‘‘သူ့အမျိုးတွေအိမ်မှာ လုပ် တဲ့ ဆုတောင်းပွဲကို သွားရင်းနဲ့ ပြန်မလာတော့တာပါ။ နောက်နေ့ မနက်ကျတော့မှ အိမ်နီးချင်းနေ တဲ့သူက သေဆုံးသူရဲ့ ဇနီးကို လာပြောတော့မှ ဒဏ်ရာတွေနဲ့ မြောင်းထဲမှာ သေနေတာကို တွေ့တာ’’ ဟု ၎င်းကဆိုသည်။ နေအိမ်မှထွက်သွားခဲ့ပြီး ဇန် န၀ါရီ ၄ ရက် နံနက်တွင် နယ်မြေ (၅) ရှိ ရေမြောင်းတစ်ခုအတွင်း သေဆုံးနေသည်ကို ဇနီးသည် ဒေါ်ခွန်နိုးက သိရှိခဲ့ပြီး ရဲစခန်း သို့ လာရောက်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း ကလေးမြို့မရဲစခန်း မှ သိရသည်။ ရေမြောင်းအတွင်း သေဆုံးနေသည့် ဦးတဲလ်ခွ၌ လည်ပင်းထက်၀က် ခန့်ပြတ်ရှဒဏ်ရာတစ် ချက်၊ မေးရိုးအောက်၌ ထိုးသွင်းဒဏ်ရာတစ်ချက်၊ ညာဘက်ပါး၌ပြတ်ရှဒဏ်ရာတစ်ချက်၊ ဘယ်ဘက်ရင်အုံ၌ ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ကျားအင်္ဂါအရင်းမှ ဖြတ်ထားသည့် ဒဏ်ရာတစ်ချက်ရရှိထားကြောင်း စစ်ကိုင်းတိုင်းရဲ တပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးမှ ဆိုသည်။ ‘‘တရားခံကတော့ ပေါ်တော့ မှာပါ။ သိပ်မကြာတော့ပါဘူး။ ကွင်းဆက်တွေနဲ့ လိုက်နေတယ်။ သံသယရှိတဲ့သူတော့ တွေ့နေ ပြီ။ မသေချာသေးလို့ ထုတ်မ ပြောသေးတာပါ’’ဟု ၎င်းကဆို သည်။ ယင်းအမျိုးသားအလောင်း နှင့်ပတ်သက်၍ ကလေးမြို့မရဲစ ခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ရုံးမှ သိရ သည်။
Source : http://ift.tt/2iImczP
via IFTTT
Source : http://ift.tt/2iImczP
via IFTTT
Eleven Media Group
မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ရာရရှိသူများ တစ်ဆင့်ပြန်လည်ရောင်းချပါက သိမ်းယူမည်ဟု စာချုပ်တွင် ထည့်သွင်းထားသော်လည်း အရေးယူမှု တစ်ခုမျှမရှိသေး မန္တလေးမြို့တွင် တည်ဆောက် ရောင်းချပြီးသွားသော မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ ရရှိသူများသည် တစ်ဆင့်ပြန်လည် ရောင်းချပါက ပြန်လည် သိမ်းယူသွားမည်ဖြစ်ကြောင်း ကြေညာထားသလို စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားသော်လည်း အရေးယူမှုတစ်ခုမျှ မရှိကြောင်း စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။ ၂၀၁၃ ခုနှစ်ကုန်ပိုင်းက စတင်အကောင်ထည် ဖော်ခဲ့သော တန်ဖိုးနည်းအိမ်ရာကို ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် တည်ဆောက်ခဲ့ကာ ကျပ်သိန်း ၆၀ မှ ကျပ်သိန်း ၁၃၀ တန် တိုက်ခန်းများကို အရစ်ကျစနစ်နှင့်လက်ငင်း ငွေချေစနစ်များဖြင့် အစိုးရဝန်ထမ်းများကို ရောင်းချပေးခဲ့ရာ တစ်ဆင့် ပြန်လည်ရောင်းချမှုများပြုလုပ်ပါက ပြန်လည် သိမ်းယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုသို့ တစ်ဆင့်ပြန်လည်ရောင်းချမှုများအတွက် တိုင်ကြားမှုများ ရှိခဲ့သော်လည်း သက်သေ မပြနိုင်သောကြောင့် အရေးယူမှုမရှိကြောင်း စည်ပင်သာယာရေးကော်မတီ အဆောက်အအုံ ကုန်ရုံဌာနမှူး ဦးဇော်ဝင်းထံမှ သိရသည်။ ဦးဇော်ဝင်းက “တန်ဖိုးနည်းအိမ်ရာ ပြန်လည်ရောင်းချမှုတွေကို တိုင်ကြားတာတွေရှိပါတယ်။ ဒါပေမဲ့ စစ်ဆေးတဲ့အခါ တိကျခိုင်လုံတဲ့ သက်သေမျိုးမပြနိုင်တဲ့အတွက် အရေးယူမှု မရှိပါဘူး” ဟု တန်ဖိုးနည်းအိမ်ရာ တစ်ဆင့် ပြန်လည် ရောင်းချမှုများနှင့်ပတ်သက်၍ ဖြေကြားခဲ့သည်။ မန္တလေးမြို့တွင် အမှန်တကယ်နေစရာ မရှိသူများအတွက်ဟုဆိုကာ ရည်ရွယ်ပြီး တန်ဖိုးနည်းအိမ်ရာကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတစ်ဆင့် ပြန်လည်ရောင်းချမှုများကြောင့် ပိုင်ရှင် အဆက်ဆက် လွှဲပြောင်းနေပြီဖြစ်သည်။ ထိုကဲ့သို့ အစိုးရဝန်ထမ်း၊ တပ်မတော် အငြိမ်းစားစသည့် ကန့်သတ်ချက်များဖြင့် ရွေးချယ် ရောင်းချပေးခဲ့ခြင်းကြောင့် အမှန်တကယ် နေစရာမရှိသည့် ပြည်သူများအတွက် လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။ အစိုးရ ရောင်းခဲ့စဉ်က ကျပ်သိန်း ၆၀ မှ ကျပ်သိန်း ၁၃၀ သာ ရှိခဲ့သော်လည်း ယခုအခါ အဆိုပါ တန်ဖိုးနည်းဟုဆိုသည့် မြရည်နန္ဒာအိမ်ရာရှိ တိုက်ခန်းများသည် ကျပ်သိန်း ၁၅၀ မှ ကျပ်သိန်း ၄၀၀ အထိ စျေးရှိနေပြီဖြစ်ကြောင်း တိုက်ခန်းနေသူများထံမှ စုံစမ်းသိရသည်။ “ကျွန်မတို့လည်း သူများဆီကတစ်ဆင့် ပြန်ဝယ်ထားတာ။ ဒီတိုက်ခန်းမှာ မဲပေါက်တဲ့ ပိုင်ရှင်ကိုယ်တိုင်နေတာ အတော်နည်းတယ်။ တစ်ဆင့်ပြန်ရောင်းရင် ရောင်း၊ မရောင်းရင် အငှားချထားတယ်။ တချို့တွေဆို တစ်တိုက်လုံးကို ပိုင်ရှင်တစ်ဦးတည်း ပိုင်တာတောင် ရှိတယ်” ဟု မြရည်နန္ဒာ တန်ဖိုးနည်းတိုက်ခန်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။ အိုးအိမ်ဦးစီးဌာနမှ တည်ဆောက်ပြီးစီးသွားသော ကျပ် ၁၆၃ သိန်းမှ ကျပ်၂၂၃ သိန်း တန်ဖိုးရှိ တန်ဖိုးမျှတ အိမ်ရာအခန်း ၅၆၀ ကို မဲနှိုက် ရောင်းချပေးခဲ့ရာ လျှောက်ထားသူ ၇၆၄၀ ဦး ရှိကြောင်း သိရသည်။ ထိုမဲနှိုက်သူများထဲတွင် အိမ်ရာရှိသည့် အစိုးရဝန်ထမ်းများ ပါဝင်နေသဖြင့် အမှန်တကယ် အိမ်ရာမရှိသူများ နစ်နာသောကြောင့် စိစစ် ရောင်းချပေးစေလိုကြောင်း မြို့ခံများထံက ပြောကြားသည်။
Source : http://ift.tt/2iKVRyP
via IFTTT
Source : http://ift.tt/2iKVRyP
via IFTTT
Thursday, January 5, 2017
MOI Webportal Myanmar
မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် တရုတ်နိုင်ငံက စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ သန်း လှူဒါန်းသွားမည် နေပြည်တော် ဇန်န၀ါရီ ၅ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရမှ ငွေကြေး ကူညီထောက်ပံ့မှု အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်က အမေရိကန်ဒေါ်လာ ၁ သန်းကို နိုင်ငံခြားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် ဦးကျော်ဇေယျထံ ပေးအပ်သည်။ နိုင်ငံခြားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် ဦးကျော်ဇေယျက သံအမတ်ကြီး မစ္စတာဟုန်လျန်ထံ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ကျေးဇူး တင်ရှိကြောင်း စာလွှာကို ပြန်လည် ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ သန်း လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)
Source : http://ift.tt/2jdrWCC
via IFTTT
Source : http://ift.tt/2jdrWCC
via IFTTT
7Day News Journal
တရုတ်သမ္မတအပါအ ၀င် ခေါင်းဆောင်သုံးဦးကမြန်မာ နိုင်ငံ၏ (၆၉)နှစ်မြောက်လွတ် လပ်ရေးနေ့အတွက်၀မ်းမြောက် ကြောင်းပေးပို့သည့် သ၀ဏ်လွှာ တွင် နှစ်နိုင်ငံဘက်စုံမဟာဗျူဟာ မြောက်ပူးပေါင်းဆောာင်ရွက်မှု မြှင့်တင်ရန် တွန်းအားပေးထား သည်ကိုတွေ့ရသည်။ အခြားနိုင်ငံများက ပေးပို့ သည့်၀မ်းမြောက်ကြောင်း သ၀ဏ် လွှာများတွင်မူ နှစ်နိုင်ငံဆက်ဆံ ရေးကောင်းမွန်ရေးကိုသာ ရေး သားခဲ့ကြပြီး ယင်းကဲ့သို့ စီမံကိန်း တစ်ခုအကြောင်းကို အသားပေး ရေးသားခြင်းမျိုးမရှိခဲ့ပေ။ သမ္မတဦးထင်ကျော်ထံ တ ရုတ်သမ္မတစီကျင်းပင်က ပေးပို့ သည့် သ၀ဏ်လွှာတွင် ‘‘ကျွနု်ပ် သည် တရုတ်-မြန်မာဆက်ဆံရေး အား များစွာအလေးထားပြီး အ ဆွေတော်နှင့်အတူတကွကြိုးပမ်း ကာ နှစ်နိုင်ငံဘက်စုံမဟာဗျူဟာ မြောက်ပူးပေါင်းဆောင်ရွက်မှု၊ မိတ်ဖက်ဆက်ဆံရေးပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် တွန်းအား ပေး၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူ လူထုအား ပိုမိုအကျိုးပြုနိုင်ရန် ဆန္ဒရှိပါသည်’’ဟုရေးသားထား သည်။ ထို့အပြင် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်ထံ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနိုင်ငံတော်ကောင်စီ၀န်ကြီး ချုပ်မစ္စတာလီကီကျန်းက ပေးပို့ သောသ၀ဏ်လွှာတွွင်လည်း ဒေါ် အောင်ဆန်းစုကြည်၏ ၂၀၁၆ဩ ဂုတ် တရုတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်မှုနှင့် ပတ်သက်၍ အရေးကြီးသော သ ဘောတူညီချက်တစ်ခုရရှိခဲ့သည် ဟုရေးသားထားသည်။ ‘‘အဆွေတော်၏ ခရီးစဉ်အ တွင်း တရုတ်-မြန်မာဘက်စုံမ ဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုကို အင်တိုက်အား တိုက်မြှင့်တင်ခဲ့ပါတယ်။ ကျွနု်ပ် သည် တရုတ်-မြန်မာဆက်ဆံရေး စဉ်ဆက်မပြတ်မြှင့်တင်ရေးကို အဆွေတော်နှင့်အတူ ကြိုးပမ်း ဆောင်ရွက်သွားရန် ဆန္ဒရှိပါ တယ်’’ဟု ရေးသားထားသည်။ အလားတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေး၀န်ကြီး ဌာန၀န်ကြီး မစ္စတာ၀မ်ယီက နိုင်ငံ ခြားရေး၀န်ကြီးဌာနပြည်ထောင်စု ၀န်ကြီးဒေါ်အောင်ဆန်းစုကြည် ထံ ပေးပို့သည့် သ၀ဏ်လွှာတွင် လည်း ယင်းကိစ္စကိုသာပြောကြား ထားသည်။ တရုတ်-မြန်မာနှစ်နိုင်ငံသည်ကဏ္ဍပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်မှုများသည် အဆက်မပြတ်တိုးမြှင့်လျက်ရှိပြီး နှစ်နိုင်ငံ နိုင်ငံခြားရေး၀န်ကြီးဌာနသည် ရင်းနှီီးသောပူးပေါင်းမှုများရှိကြောင်း သ၀ဏ်လွှာတွင်ရေးသားထားသည်။ ‘‘ကျွနု်ပ်သည် တရုတ်-မြန် မာနှစ်နိုင်ငံဘက်စုံမဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအဆက်မ ပြတ်တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက် ရေးအတွက် အဆွေတော်နှင့်အ တူတကွကြိုးပမ်းရန် ဆန္ဒရှိပါ သည်’’ဟု တရုတ်နိုင်ငံခြားရေး၀န် ကြီး၏ သ၀ဏ်လွှာတွင်ပါရှိသည်။ တရုတ်သမ္မတစီကျင်းပင် သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် အိန္ဒိယနိုင်ငံဂိုအာပြည်နယ် တွင် ၂၀၁၆အောက်တိုဘာ ၁၇ ရက်က ကျင်းပသော BRICSထိပ် သီးအစည်းအ၀ေးနှင့်အတူတွဲ လျက်ပြုလုပ်သည့် နှစ်နိုင်ငံအ စည်းအ၀ေး၌ တွေ့ဆုံစဉ်က လည်း ယင်းအကြောင်းကိုသာ ပြောကြားခဲ့သည်။
Source : http://ift.tt/2hU8evq
via IFTTT
Source : http://ift.tt/2hU8evq
via IFTTT
The Irrawaddy - Burmese Edition
မြန်မာကို တိုက်ခိုက်ရန် စီစဉ်နေသော IS ဆက်စပ် သံသယရှိသူကို မလေးအာဏာပိုင်တို့ ဖမ်းဆီး ပုံ - မလေးရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဌာန အကြီးအကဲ Ayob Khan Mydin Pitchay / Bernama မလေးရှား အာဏာပိုင်များသည် တိုက်ခိုက်မှုများ ပြုလုပ်ရန် မြန်မာနိုင်ငံသို့ သွားရောက်မည့် အစ္စလမ်မစ် နိုင်ငံတော် အဖွဲ့ (IS) ၏ နောက်လိုက်တဦး ဖြစ်သည်ဟု သံသယရှိသူ တဦးကို ဖမ်းဆီးလိုက်သည် ဟု မလေးရှား အကြမ်းက်မှု တိုက်ဖျက်ရေး ထိပ်တန်းအရာရှိတဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ ရိုဟင်ဂျာ ဟု ခေါ်ဆိုနေကြသော ရခိုင်မြောက်ပိုင်းရှိ မွတ်စလင်များကို ထောက်ခံသော အရှေ့တောင်အာရှ ကွန်ရက်မှ စုစည်းထားသည့် IS ထောက်ခံသူများ၏ ကြီးမားသော တိုက်ခိုက်မှု အန္တရာယ်ကို မြန်မာနိုင်ငံ ရင်ဆိုင်နေရသည် ဟု မလေးရှား ရဲတပ်ဖွဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဌာန အကြီးအကဲ Ayob Khan Mydin Pitchay က ထည့်သွင်းပြောကြားသည်။ အကြမ်းဖက် တိုက်ဖျက်ရေး အကြီးအကဲက အမည်ထုတ်ဖော်ပြောကြားခြင်း မရှိသော ထိုသံသယရှိသူ အင်ဒိုနီးရှား နိုင်ငံသားကို လွန်ခဲ့သောလက မလေးရှားတွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ဗုဒ္ဓဟူးနေ့တွင် အကြမ်းဖက် အုပ်စုများနှင့် ပတ်သက်သည့် ပစ္စည်းများ ပိုင်ဆိုင်မှုဖြင့် တရားစွဲဆိုရန် စီစဉ်ထားပြီး ထိုစွဲချက်မှာ ထောင်ဒဏ် ၇ နှစ် သို့မဟုတ် ငွေဒဏ်အထိ ခံရနိုင်သည်ဟု Ayob Khan က ပြောသည်။ အခြားသော စစ်သွေးကြွများသည် ရိဟင်ဂျာအရေး ထောက်ခံသောအားဖြင့် သူ့နည်းတူ လုပ်ဆောင်လာကြမည် ဟု လည်း Ayob Khan က ပြောသည်။ မြန်မာ လုံခြုံရေး တပ်ဖွဲများသည် အောက်တိုဘာလ ၉ ရက်နေ့က ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးစေသော တိုက်ခိုက်မှုကို တုံ့ပြန်သော စစ်ဆင်ရေးများ အတွင်း အကျဉ်းနည်းဖြင့် စီရင်ခြင်း၊ အဓမ္မ ပြုကျင့်ခြင်းများ ကျူးလွန်သည်ဟု ဒေသခံများနှင့် လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုသည်။ ရခိုင်ပြည်နယ်တွင် အောက်တိုဘာလ တိုက်ခိုက်မှုနှင့် ပတ်သက်သော တရားဝင် အစီရင်ခံစာ တစောင်ကမူ ထို တိုက်ခိုက်မှုသည် IS အဖွဲ့နှင့် ပတ်သက်သည့် သို့မဟုတ် ထိုအဖွဲ့ ရောက်ရှိနေသည့် အထောက်အထား မတွေ့ကြောင်း ဆိုသည်။ သို့သော် ရခိုင်ပြည်နယ်မှ ပဋိပက္ခသည် အရှေ့အလယ်ပိုင်းမှ IS အဖွဲ့နှင့် အချိတ်အဆက် ရှိသော ဖိလစ်ပိုင်မှ အင်ဒိုနီးရှားနှင့် မလေးရှားအထိ ကျယ်ပြန့်သော လျှို့ဝှက်ကွန်ရက်မှ အစ္စလမ်မစ်များကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်လာနေသည်ဟု ဒေသတွင်းနှင့် နိုင်ငံတကာ လုံခြုံရေး သုတေသီများနှင့် အရာရှိများက ပြောသည်။ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့မှ များပြားလှစွာသော အရှေ့တောင်အာရ ှမွတ်စလင်များသည် IS အဖွဲ့နှင့် ပူးပေါင်းရန် အရှေ့အလယ်ပိုင်းသို့ သွားရောက်နေကြသည်ဟု ဒေသတွင်းမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး အရာရှိများက ပြောသည်။ လွန်ခဲ့သောနှစ်က အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်မှ တိုက်ခိုက်မှု အများအပြား သို့မဟုတ် ဖော်ထုတ် အရေးယူ ခဲ့သော တိုက်ခိုက်ရန် ကြံစည်မှုများသည် IS အဖွဲ့က ၎င်းတို့လက်ချက်ဟု ကြေညာခဲ့ပြီး ခြေမှုန်းခံရပြီး သေဆုံးသူများ သည်လည်း ၎င်းတို့အဖွဲ့ဝင် ဖြစ်သည်ဟု ကြေညာသည်။ “သူတို့ရဲ့ ရိုဟင်ဂျာညီအကိုတွေကို ကူညီဖို့ IS အဖွဲ့ ဒါမှမဟုတ် တခြားအဖွဲ့ တဖွဲ့က မွတ်စလင်တွေဟာ မြန်မာနိုင်ငံကို သွားဖို့ နည်းလမ်းရှာဖွေနိုင်ခြေ အရမ်းမြင့်မားပါတယ်” ဟုလည်း Ayob Khan က ပြောသည်။ ထိုသံသယရှိသူ အင်ဒိုနီးရှား လူမျိုးမှာ IS အဖွဲ့နှင့် အချိတ်အဆက်ရှိသည်ဟု ယူဆရသူ ၇ ဦးအနက် တဦးဖြစ်ပြီး ၎င်းသည် အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းရှိ ပိုဆိုဒေသသို့ လက်နက်မှောင်ခိုသွင်းမှုတွင်လည်း ပါဝင်ပတ်သက် နေသည် ဟု Ayob Khan က ပြောသည်။ အင်ဒိုနီးရှား အာဏာပိုင်များသည် ပိုဆိုသို့ ရောက်ရှိရန် ကြိုးစားခဲ့ကြသော အခြားနိုင်ငံခြားသား သံသယရှိသူ အများအပြားကိုလည်း ထိန်းသိမ်းထားသည်။ ၂၀၁၄ ခုနှစ်မှ စ၍ မလေးရှားရှိ စက်ရုံတရုံတွင် လုပ်ကိုင်နေသော ထိုအင်ဒိုနီးရှား နိုင်ငံသားသံသယရှိသူသည် မြန်မာနိုင်ငံမှ မည်သည့်အဖွဲ့နှင့် ဆက်စပ်နေသည်ကိုမူ Ayob Khan က ပြောကြားခြင်း မရှိပေ။ ထိုသူသည် လွန်ခဲ့သောနှစ် ဇွန်လက ဘားတခုကို လက်ပစ်ဗုန်းဖြင့် တိုက်ခိုက်မှု အတွက် IS ကိုယ်စား ၎င်း၏ လက်ချက်ဖြစ် ကြောင်း ကြေညာခဲ့သူ ဆီးရီးယားအခြေစိုက် မလေးရှားစစ်သွေးကြွ Muhammad Wanndy Muhammad Jedi နှင့် အဆက်အသွယ်ရှိသည်ဟု ဆက်ပြောသည်။ နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group – ICG) ၏ လွန်ခဲ့သော လက အစီရင်ခံစာတွင်မူ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ရဲကင်းများကို အချိန်ကိုက် တိုက်ခိုက်မှုကို Harakah al-Yakin အဖွဲက ပြုလုပ်သည်ဟု ဖော်ပြထားသည်။ ထိုအုပ်စုသည် ဆော်ဒီအာရေးဗီးယားနှင့် ပါကစ္စတန်တို့နှင့် အချိတ်အဆက် ရှိသော်လည်း နိုင်ငံတကာ အဆက်အသွယ်နှင့် ပတ်သက်ပြီး အလွန်အကျွံဖွင့်ဆိုလျှင် မှားလိမ့်မည်ဟု ICG က သတိပေးထားသည်။ “မည်သို့ပင် ဆိုစေကာမူ အကြမ်းဖက် တိုက်ခိုက်မှုများ ရှည်ကြာလာလေလေ ထိုကဲ့သို့သော နိုင်ငံတကာ အချိတ်အဆက်များ နက်ရှိုင်းလာမည့် အန္တရာယ်က ကြီးမားလာကာ လုပ်ငန်း စတင် သက်ဝင်လာမည့် အလားအလာ ရှိလေလေ ဖြစ်သည်” ဟု ထိုအစီအရင်ခံစာက ဆိုသည်။ ရိုဟင်ဂျာ ၅ သောင်း ၅ ထောင်ကျော်မှာ မလေးရှားရှိ ကုလသမဂ္ဂတွင် မှတ်ပုံတင်ထားသည်။ အခြား အဖွဲ့အစည်းများကမူ မလေးရှားတွင် ရိုဟင်ဂျာ ၂ သိန်းခန့် ရှိမည်ဟု ခန့်မှန်းကြပြီး အများအပြားမှာ စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေကြသည်။ များပြားလှသော ရိုဟင်ဂျာရွှေ့ပြောင်း နေထိုင်သူများသည် စစ်သွေးကြွများ အတွက် လူသစ်စုဆောင်းရာ နေရာကြီး ဖြစ်နေသည်ဟု လေ့လာသူများက ပြောသည်။ “မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ရိုဟင်ဂျာတွေရဲ့ ကွန်ရက်က ရှိနေတယ်” ဟု မလေးရှား စစ်သွေးကြွ တိုက်ဖျက်ရေး အုပ်စု Iman Research ၏ အစီအစဉ် အမှုဆောင်ဒါရိုက်တာ Badrul Hisham Ismail က ပြောသည်။ သူ၏ အုပ်စုသည် ရိုဟင်ဂျာများကို လူသစ် စုဆောင်းပြီး ပိုဆိုသို့ လေ့ကျင့်ရန် ပို့ပေးသော မလေးရှား စစ်သွေးကြွများ ကို တွေရှိခဲ့သည်ဟု Badrul Hisham Ismail က ပြောသည်။ ဒေသတွင်းရှိ IS အဖွဲ့မှ လှုပ်ရှားသူများသည် မြန်မာပြည်တွင်းနှင့် ပြည်ပမှ မြန်မာပစ်မှတ်များကို တိုက်ခိုက်ရန် ဆုံးဖြတ်ထားသည် ဟု စင်္ကာပူအခြေစိုက် နိုင်ငံတကာ လေ့လာရေးကျောင်း Rajaratnam School of International Studies မှ လုံခြုံရေးကျွမ်းကျင်သူ Rohan Gunaratna ကလည်း ပြောသည်။ နိုဝင်ဘာလက အင်ဒိုနီးရှား အာဏာပိုင်များသည် အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို တိုက်ခိုက်မည့် IS အဖွဲ့နှင့် အချိတ်အဆက်ရှိသော စစ်သွေးကြွတဦးကို ဖမ်းဆီးခဲ့သည်။ “မြန်မာနိုင်ငံအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုက IS ကွန်ရက်တွေကနေ လာတာ” ဟုလည်း သူက ပြောသည်။
Source : http://ift.tt/2iebzSl
via IFTTT
Source : http://ift.tt/2iebzSl
via IFTTT
Subscribe to:
Posts (Atom)