ခရီးသည်များကို ရဲကား ၄၁ စီးဖြင့် ယနေ့ ညနေ လိုက်လံပို့ဆောင်မည် ရန်ကုန်၊ ဇန်နဝါရီ ၁၇ YBS ယာဉ်လိုင်းများ စတင်ပြေးဆွဲချိန် ခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေစေရန် ယနေ့ (ဇန်နဝါရီလ ၁၇ ရက်) ညနေ ၅ နာရီတွင် ရဲတပ်ဖွဲ့မှ လုံခြုံရေးယာဉ် ၄၁ စီးဖြင့် မဟာဗန္ဓုလပန်းခြံရှေ့မှ လိုအပ်သည့် ခရီးစဉ်များကို အခမဲ့ လိုက်လံပို့ဆောင်ပေးမည် ဖြစ်ကြောင်း အမှတ် (၂) လုံခြံုရေး ရဲကွပ်ကဲမှု ရဲမှူးချုပ် မြဝင်းက ပြောသည်။ “လုံခြုံရေး ရဲတပ်ဖွဲ့နဲ့ ယာဉ်ထိန်းရဲ ပူးပေါင်းပြီး ရဲကားတွေနဲ့ ခရီးသွားပြည်သူတွေကို လိုက်လံပို့ဆောင်ပေးမှာပါ၊ သွားလာမယ့် ယာဉ်တွေရဲ့ ရှေ့မှာ ယာဉ်ထိန်းရဲက ဆိုင်ကယ်နဲ့ ရှေ့ပြေးလမ်းကြောင်း ရှင်းလင်းရေး ဆောင်ရွက်သွားမယ်” ဟု ရဲမှူးချုပ် မြဝင်းက ဆက်လက်ပြောကြားသည်။ လိုက်လံပို့ဆောင်မည့် ယာဉ်များမှာ FAW လိုက်ထရပ် ယာဉ်အမျိုးအစားများ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ လုံခြုံရေးယာဉ် ၁၀ စီး၊ အမှတ် (၂) လုံခြံုရေး ရဲကွပ်ကပ်မှုမှ ယာဉ် ၂၅ စီးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ် ၆ စီး ပါဝင်ကြောင်း သိရသည်။
Source : https://goo.gl/2zju7h
via IFTTT
No comments:
Post a Comment