Friday, January 13, 2017

Eleven Media Group

စတမ်းဖို့ဒ်ဘရစ်ချ်အား ပရိသတ် ၆၀၀၀၀ ဆံ့ကွင်းအဖြစ် ပြင်ဆင်ရန် ချယ်လ်ဆီးအသင်း ခွင့်ပြုချက်ရ ပုံ - တိုးချဲ့ပြင်ဆင်မည့် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း နမူနာပုံစံငယ်အား တွေ့ရစဉ် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ထိပ်ဆုံးနေရာတွင် ဦးဆောင်နေသည့် ချယ်လ်ဆီးအသင်းသည် အိမ်ကွင်းဖြစ်သည့် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအား ပရိသတ် ၆၀၀၀၀ ဆံ့ကွင်း အဖြစ် တိုးချဲ့ပြင်ဆင်ရန် ခွင့်ပြုချက် ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအား ၁၈၇၇ ခုနှစ်ကတည်းက အသုံးပြုနေခြင်းဖြစ်ပြီး ပရိသတ် ၄၁၄၉၀ ဦးသာ ဝင်ဆံ့ကြောင်း သိရသည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းအနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ယူ၊ အာဆင်နယ်၊ လီဗာပူးလ် အသင်းများနှင့်ယှဉ်လျှင် ကွင်းဝင်ကြေးမှရရှိသည့် ဝင်ငွေ နည်းပါးလျက်ရှိသည်။ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်သည် ယင်းကွင်းအား ပေါင်သန်း ၅၀၀ (ဒေါ်လာ သန်း ၆၁၀) အကုန်အကျခံ၍ လူ ၆၀၀၀၀ ဆံ့ ကွင်းအဖြစ် တိုးချဲ့ပြင်ဆင်ရန် လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက ကြိုးပမ်းခဲ့သော်လည်း အပြီးသတ်ခွင့်ပြုချက် မရသဖြင့် ကြန့် ကြာနေခြင်းဖြစ်သည်။ “စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကို ပရိသတ်ဦးရေတိုးချဲ့မယ့် ကွင်းသစ်စီမံကိန်းကို ကျွန်တော်တို့ရဲ့ ဒေသခံကောင်စီ (ဟမ်းမားစမစ်နှင့် ဖူလ်ဟမ်ကောင်စီ) ထံ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက တင်ပြထားတာပါ။ ၁၂ လကျော်ကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေ၊ ဒေသခံစီးပွားရေးလုပ်ငန်းတွေ၊ ဥပဒေအာဏာပိုင်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုလုပ်ခဲ့ပါတယ်။ ဒီနေ့ည (ဇန်နဝါရီ ၁၁ ရက်) မှာ ကောင်စီရဲ့ စီမံကိန်းကော်မတီက ဒီလျှောက်ထားမှုကို ခွင့်ပြုမိန့် ပေးလိုက်ပါပြီ။ ကော်မတီရဲ့ဆုံးဖြတ်ချက်က ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်လုပ်ကိုင်ခွင့်ရတော့မယ်လို့ မဆိုလိုပါဘူး” ဟု ချယ်လ်ဆီးအသင်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ကနဦးအစီအစဉ်အရ ချယ်လ်ဆီးအသင်းသည် ကွင်းစီမံကိန်းအား ၂၀၂၁- ၂၀၂၂ ရာသီတွင် ပြီးစီးရန် စီစဉ်ထားကြောင်း သိရသည်။
Source : http://ift.tt/2iOHskJ
via IFTTT

No comments:

Post a Comment