ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းဘက်သို့ ချဉ်းကပ်လာနိုင်သည့် အခြေအနေရှိ “အခုဖြစ်စဉ်ဟာ အရှေ့ဘက်က လာတာမဟုတ်ဘဲ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ် အရှေ့အလယ်ပိုင်း၊ တောင်ပိုင်းဒေသတွေမှာ ပင်လယ်ရေ ပူနွေးဖောက်ပြန်မှုက ဖြစ်စေတာပါ။ မြေပြင်လေဖိအားစနစ်ကလည်း ပုံမှန်ဆောင်းရဲ့ လေဖိအားစနစ်မျိုး မဟုတ်ပါဘူး။ သီးခြားဆဲလ်တွေ နေရာယူနေတာ လွန်ခဲ့တဲ့ သုံးရက်လောက် ကတည်းက တွေ့ခဲ့ပါတယ်။ ဒီအခြေအနေက ဘင်္ဂလား ပင်လယ်တောင်ပိုင်းမှာ လေဖိအားနည်းဆဲလ်ဖြစ်ဖို့ လေဝဲလေပွေ (Vortex) တွေ အစပျိုးစေခဲ့တာပါ။ သတိပြုရန်က လွဲမှားစိုးရိမ်စိတ် လွန်ကဲတာမျိုး မဖြစ်စေချင်ပါ။ ဆောင်းတွင်း မုန်တိုင်းငယ်တွေဟာ အားမကောင်းတတ်ပါ။ ဒါကလည်း ပတ်ဝန်းကျင်က အေးနေလို့ပါ။ လေဖိအားနည်း အဆင့်ကနေ မုန်တိုင်းငယ် ယောင်ယောင်အဆင့်လောက်သာ ရောက်နိုင်ကြောင်း အခုတွက်ချက်မှုက ပြနေပါတယ်။ စောင့်ကြည့်လေ့လာ စိစစ်နေရမှာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၇ ရက်ကနေ ၁၁ ရက်တွေဟာ အရေးကြီးပါတယ်။ မြန်မာ့ကမ်းရိုးတန်းဘက် ချဉ်းကပ်လာနိုင်သော်လည်း အောက်ပိုင်းဒေသ၊ မြစ်ဝကျွန်းပေါ်၊ ပဲခူး၊ ရန်ကုန်၊ ရှမ်းပြည်နယ်တွေမှာ ဆောင်းလေပွေ မိုးရွာစေပြီး အားပျော့သွားနိုင်စရာ ရှိပါတယ်။ ထူးခြားအခြေအနေ စောင့်ကြည့်လေ့လာ အသိပေးသွားပါမယ်” ဟု မိုးလေဝသပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။
Source : http://ift.tt/2hP1Nd9
via IFTTT
No comments:
Post a Comment