လဝကဝန်ထမ်းများ အနေဖြင့် ပြည်သူများထံမှ ငွေ ကြေးတံစိုးလက်ဆောင် ရယူနေ ခြင်းများ၊ဝန်ထမ်းစည်းမျဥ်းစည်း ကမ်းများ လျော့ရဲနေခြင်းအပါ အဝင် လူမျိုး၊ ကိုးကွယ်သည့်ဘာ သာအပေါ် မူတည်၍ ခွဲခြားဆက် ဆံနေခြင်းများ ပြုပြင်ရန် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အချက် ၃ဝ ပါ ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီး / ပြည်နယ်နှင့် ခရိုင်/မြို့နယ်ရုံးများတွင် သက်ဆိုင်ရာ နယ်မြေအလိုက် နေထိုင်သည့် ပြည်သူများက အဆိုပါရုံးများသို့ လာရောက်၍ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေး လျှောက်ထားခြင်း၊ ကတ်ရရှိသူများက လဲလှယ်၊ ပျောက်ဆုံး၊ ပျက်စီးခြင်းများအတွက် လာရောက်ဆောင်ရွက်ရာ၌ ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် အားနည်းချက် အချို့ရှိနေ၍ ပြုပြင်ကြရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်းဖြစ်သည်။ အများပြည်သူက လဝကရုံး များသို့ သွားရောက်ဆောင်ရွက် ရာတွင် တိုက်နယ်မှူးများက ကာ ယကံရှင်ကို မြို့နယ်မှူးများနှင့် တွေ့ခွင့်မပေးခြင်း၊ မြို့နယ်မှူး များကလည်း အတွေ့မခံခြင်း၊ ကာယကံရှင်အား အမှုအကြောင်းအရာနှင့် လိုအပ်ချက်များ ရှင်းလင်းပြသမှုမရှိခြင်း၊ ယဥ်ကျေးသိမ်မွေ့စွာ ဆက်ဆံမှုမရှိခြင်း၊ လာရောက်လျှောက်ထားသူများအပေါ် လူမျိုး၊ ကိုးကွယ်သည့် ဘာသာပေါ်မူတည်၍ ခွဲခြားဆက်ဆံနေခြင်းတို့ တွေ့ရှိရသည်ဟု ညွှန်ကြားစာတွင် ဖော်ပြထားသည်။ ထို့အပြင် ကာယကံရှင်ထံမှ တံစိုးလက်ဆောင် ရယူလိုစိတ် ရှိနေခြင်း၊ အချို့ တိုက်နယ်မှူး များက အမှုတွဲများကို ရုံးတွင်း စာရင်းမသွင်း၊ မှတ်ပုံမတင်ဘဲ ၎င်း၏နေအိမ်တွင်ထားရှိခြင်း၊ နေ အိမ်တွင် အမှုတွဲတည်ဆောက် ခြင်း၊ အချို့ဝန်ထမ်းများသည် ငွေ မရပါက အမှုတွဲများ သိမ်းထား ခြင်းနှင့် မကြာကြာအောင် ပြုလုပ်ခြင်း၊ အမှုကိစ္စအတွက်လာရောက်သည့် ကာယကံရှင်များကို ရုံးအတွက်ရန်ပုံငွေထည့်သွားရန် မသင့်မလျော် ပြောကြားခြင်း၊ ကာယကံရှင်က ရန်ပုံငွေတစ်ထောင်ကျပ်ထည့်ပါက နည်းသည်၊ ထပ်ထည့်ပါဦးဟု ပြောဆိုသည့် ဝန်ထမ်းများရှိကြောင်း ကြားသိနေရခြင်း၊ မြို့နယ်ဦးစီးမှူးများက ၎င်းနှင့်အဆင်ပြေသည့် ဝန်ထမ်းများကိုကောင်းသည့် တိုက်နယ်များ/ရပ်ကွက်များ ပေးထားခြင်းတို့ တွေ့ရှိနေရသည်ဟု ညွှန်ကြားစာ၌ ဖော်ပြထားသည်။ ထို့အပြင် ငွေရလွယ်သည့် အမှုတွဲများကို မြို့နယ်ဦးစီးမှူး များက ၎င်းနှင့်အဆင်ပြေသည့် ဝန်ထမ်းများကိုသာ တာဝန်ပေး ဆောင်ရွက်ခိုင်းထားခြင်း၊ အချို့ ရုံးများသို့ တင်ပြလာသည့် အမှုတွဲ များတွင် ပိုက်ဆံထည့်ထားသော စာအိတ်ကြားညှပ်ပါရှိမှသာ ယင်းအမှုတွဲကို လက်ခံဆောင်ရွက် ခြင်း၊ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ပျောက်ဆုံး၊ ပျက်စီးခြင်းအတွက် မိတ္တူလာရောက် လျှောက်ထားရာတွင် ငွေကြေး လက်ဆောင် ပေးသူအား နေ့ချင်းပြီးထုတ်ပေးခြင်း၊ မပေးနိုင်သူ များကို ဆိုင်းငံ့ထားခြင်း စသည့်အချက်များအပါအဝင် အားနည်းချက် ၃ဝ ခန့်ပြုလုပ်နေမှုများ တွေ့ရကြောင်း ဆက်လက်ဖော်ပြထား သည်။ အဆိုပါ ညွှန်ကြားချက်ကို ဒီဇင်ဘာ ၂၆ ရက်စွဲဖြင့် ဖြန့်ဝေခဲ့ပြီး ဝန်ထမ်းများ အနေဖြင့် မိမိတို့အားနည်းချက်များကို အချိန်မီပြင်ဆင်နိုင်ရန် အသိပေးရခြင်း ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။ ‘‘မီဒီယာတွေထဲမှာလည်း ပါပြီး အားလုံးသိတဲ့အတိုင်း ပြီးခဲ့ တဲ့နှစ်အတွင်းမှာ ဝန်ထမ်းစည်း ကမ်းချိုးဖောက်လို့ အရေးယူ လိုက်တဲ့ ဝန်ထမ်းတွေ အများကြီး ရှိခဲ့ပါတယ်။ အခု ညွှန်ကြားချက် ထုတ်တာကလည်း နောက်ဆို ဝန်ထမ်းတွေအနေနဲ့ အရေးယူတဲ့ အဆင့်မရောက်ခင် ဒီပြစ်ချက် တွေကို အချိန်မီ သိရှိပြင်ဆင်နိုင် ဖို့ အသိပေးရခြင်းဖြစ်ပါတယ်။ အရင်ကလည်း ဒီလို ညွှန်ကြား ချက်တွေ ထုတ်ပြန်တာ ရှိခဲ့ပါ တယ်’’ဟု ၎င်းကပြောသည်။ ‘‘မီဒီယာတွေထဲမှာလည်း ပါပြီး အားလုံးသိတဲ့အတိုင်း ပြီးခဲ့ တဲ့နှစ်အတွင်းမှာ ဝန်ထမ်းစည်း ကမ်းချိုးဖောက်လို့ အရေးယူ လိုက်တဲ့ ဝန်ထမ်းတွေ အများကြီး ရှိခဲ့ပါတယ်။ အခု ညွှန်ကြားချက် ထုတ်တာကလည်း နောက်ဆို ဝန်ထမ်းတွေအနေနဲ့ အရေးယူတဲ့ အဆင့်မရောက်ခင် ဒီပြစ်ချက် တွေကို အချိန်မီ သိရှိပြင်ဆင်နိုင် ဖို့ အသိပေးရခြင်းဖြစ်ပါတယ်။ အရင်ကလည်း ဒီလို ညွှန်ကြား ချက်တွေ ထုတ်ပြန်တာ ရှိခဲ့ပါ တယ်’’ဟု ၎င်းကပြောသည်။ အဆိုပါညွှန်ကြားချက်သည်ဒီဇင်ဘာလကုန်က ရောက်ရှိလာ ခဲ့ခြင်းဖြစ်ပြီး ယခင်က ရံဖန်ရံခါ ထုတ်ပြန်သည့် ညွှန်ကြားချက်များ ထက် အချက်ပိုမိုစုံလင်စွာ ပါရှိလာခြင်းဖြစ်သည်ဟု မြို့နယ် လဝက ဦးစီးအရာရှိတစ်ဦးက ပြောသည်။ ‘‘ညွှန်ကြားချက်နဲ့ပတ်သက် လို့ သိပ်တော့ အများကြီးပြော စရာမရှိပါဘူး။ ကျွန်တော်တို့က တော့ ညွှန်ကြားချက်ထဲမှာပါတဲ့ အချက်တွေနဲ့ ကင်းလွတ်အောင် နေတယ်။ ဒီလိုညွှန်ကြားတာ လည်း ကောင်းပါတယ်။ ဒါကိုယ့် ဌာနကောင်းဖို့အတွက် လုပ်တာ ဖြစ်တော့ လက်ခံပါတယ်’’ဟု ၎င်း က ပြောသည်။ အစိုးရသစ်လက်ထက် ကိုးလတာအတွင်း ဝန်ထမ်းစည်းကမ်းချိုးဖောက်၍ အရေးယူခဲ့သည့် အရာထမ်း၊ အမှုထမ်း ဦးရေမှာ ၄ဝ ခန့်ရှိပြီး ယခင် အစိုးရလက်ထက် တစ်နှစ်အတွင်း အရေးယူသည့်ဦးရေမှာ ၃ဝ ဦးခန့်သာရှိကြောင်း ဦးမြင့်ကြိုင်ကပြောကြားသည်။ ‘‘ညွှန်ကြားချက်တွေ ထုတ်ပြီး အမှန်တကယ် လိုက်နာကြ မယ်ဆိုရင် အကောင်းဆုံးပေါ့။ ညွှန်ကြားတယ်ဆိုမှတော့ လူကြီး တွေလည်း အောက်ခြေရုံးတွေမှာ ဒီအချက်တွေရှိနေတယ်ဆိုတာ လက်ခံလို့၊ သိကြလို့ဆိုတာ ပြော လို့ရတယ်။ ဒါကောင်းတဲ့လမ်းစ လို့ ပြောရမှာပဲ’’ဟု ရွှေပြည်သာ မြို့နယ်မှ ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။ http://ift.tt/2i3cpn1
Source : http://ift.tt/2j1pqvO
via IFTTT
No comments:
Post a Comment