ရဲနှင့် ရပ်ကွက်လူကြီးများကို တိုက်ခိုက်သူ ၁၀ ဦးအား ဖမ်းဆီး ရန်ကုန်၊ ဇန်န၀ါရီ ၈ မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက်၊ နတ်စင်လမ်းထိပ်တွင် နှစ်သစ်ကူးညက ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်များကို တုတ်၊ ဓား၊ ရဲတင်းတို့ဖြင့် ရန်ပြုတိုက်ခိုက် သည်ဆိုသော ၁၃ နှစ်မှ ၁၆ နှစ်ကြား လူငယ်လေးဦး အပါအဝင် လူ ၁၀ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဇန်နဝါရီလ ၁ ရက် နံနက် ၂ နာရီခွဲခန့်က အသက် ၁၇ နှစ်အရွယ် ယောက်ျားလေးတစ်ဦး အပါအဝင် လူငယ်သုံးဦး သည် နတ်စင်လမ်းတွင် အရက်မူးပြီး အော်ဟစ်ဆဲဆိုနေသောကြောင့် ရာအိမ်မှူး ဦးမျိုးမြင့် ပါဝင်သော ရပ်ကွက်အခြေပြု လုံခြုံရေး တာဝန် ဆောင်ရွက်နေသူများက သွားရောက် ထိန်းသိမ်းခဲ့ရာ ယင်းလူငယ်နှင့် လူငယ်နှစ်ဦးက ဆဲဆို၍ နေအိမ်သို့ ပြန်သွားခဲ့ပြီးနောက် ၎င်းင်း၏ ဖခင် ဖြစ်သူ အသက် ၄၅ နှစ် ဦးဌေးဝင်း (ခ) ဆန်နီ အပါအဝင် လူအယောက် ၂၀ ခန့်က နတ်စင်လမ်းထိပ်ရှိ ရပ်ကွက်အခြေပြုအဖွဲ့ လုံခြုံရေး တာဝန်ဆောင်ရွက်နေသူများထံ လာရောက်ဆဲဆိုကာ ထိုင်ခုံ၊ စားပွဲခုံနှင့် ဓာတ်ဘူးများကို တုတ်များဖြင့် ရိုက်ချိုးဖျက်ဆီးနေသဖြင့် ရဲတပ်ဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်များ ရောက်ရှိလာပြီး ဝင်ထိန်းသိမ်းစဉ် ၎င်းတို့အဖွဲ့က တုတ်၊ ဓား၊ ရဲတင်းတို့ဖြင့် ရန်ပြုတိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ အကြမ်းဖက် ရန်ပြုခံရသောကြောင့် လုံခြုံရေးတာဝန်ကျ ဦးမြခင်မှာ ဦးခေါင်းချိုစောင်း ရဲတင်းဖြင့် ခုတ်ခံရပြီး ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် ခြောက်လှန့်၍ လူစုခွဲပြီး အသက် ၁၇ နှစ်အရွယ် လူငယ်နှင့် ၎င်း၏ အစ်မဖြစ်သူ အသက် ၂၂ နှစ်အရွယ် ချယ်ရီသင်း၊ အသက် ၁၈ နှစ်အရွယ် အောင်ဟိန်းတို့ သုံးဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းမိသူသုံးဦးကို စစ်ဆေးပြီးနောက် ဇန်နဝါရီလ ၁ ရက် မွန်းလွဲ ၂ နာရီတွင် အသက် ၁၃ နှစ်အရွယ် ယောက်ျားလေး တစ်ဦးနှင့် အသက် ၃၇ နှစ်အရွယ် မသဇင်တို့ကို ဖမ်းမိခဲ့ကြောင်း၊ ယင်းနောက် ဇန်နဝါရီလ ၄ ရက် မွန်းလွဲပိုင်းတွင် ဦးဌေးဝင်း (ခ) ဆန်နီ အပါအဝင် အသက် ၁၄ နှစ်မှ ၁၆ နှစ်ကြား လူငယ်သုံးဦးနှင့် အသက် ၁၉ နှစ်အရွယ် မောင်မောင်ဦးတို့ကို ထပ်မံဖမ်းမိခဲ့ပြီး ၎င်းတို့ထံမှ ရဲဒင်းတစ်လက်၊ ဓားရှည် တစ်ချောင်း၊ ဝါးတုတ်နှင့် တစ်ပိဿာ အလေးချိန်ရှိ သံအလေးတုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ ရပ်ကွက်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေနိုင်သည့်အပြင် ရပ်ကွက်နေ ပြည်သူများကို အထိတ်တလန့်ဖြစ်စေရန် ပြုလုပ်ခဲ့ သူအဖွဲ့မှ ဦးဌေးဝင်း (ခ) ဆန်နီ၊ ၎င်း၏ သားနှင့် သမီးဖြစ်သူ မချယ်ရီသင်းနှင့် မောင်မောင်ဦး၊ အောင်ဟိန်းနှင့် မသဇင်တို့ကို ခြေချုပ်နှင့် ခံဝန်ဥပဒေ ပုဒ်မ ၅ (၁) (စ) (ဆ) တို့ဖြင့် ကနဦး အမှုဖွင့်အရေးယူထားပြီး လွတ်မြောက်နေသော ဖြိုးထက်အောင်ကို ဖမ်းဆီးနိုင်ရန် ဆက်လက်စုံစမ်း နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်
Source : https://goo.gl/4rrv6q
via IFTTT
No comments:
Post a Comment