ကစားသမားသုံးဦးကို စာချုပ်သစ် လက်မှတ်ရေးထိုးလိုက်နိုင်ပြီ ဖြစ်ကြောင်း အာဆင်နယ် အတည်ပြု လန်ဒန်၊ ဇန်နဝါရီ ၁၂ အာဆင်နယ်အသင်းသည် အသင်းအဓိက ကစားသမားသုံးဦး ဖြစ်သည့် နောက်ခံလူ ကော့စီရယ်လ်နီ၊ ကွင်းလယ်လူ ကိုကွီလင်နှင့် တိုက်စစ်မှူး ဂျီရုဒ်တို့ကို စာချုပ်သစ်များ အသီးသီး လက်မှတ်ရေးထိုးလိုက်နိုင်ပြီ ဖြစ်ကြောင်း Arsenal Media က ဖော်ပြထားသည်။ အာဆင်နယ်သည် ကစားသမားတစ်ဦးချင်းစီ၏ စာချုပ်သက်တမ်းများ အပါအဝင် အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ဘဲ သက်တမ်းရှည် စာချုပ်များ ဖြစ်သည်ဟုသာ ခြုံငုံအသိပေးသွားခဲ့သည်။ အာဆင်နယ်နည်းပြ အာဝင်ဝင်းဂါးသည် ၎င်းအနေနှင့် အသင်းအနာဂတ်အတွက် အရေးပါသည့် ကစားသမားသုံးဦးကို စာချုပ်သစ်များ လက်မှတ်ရေးထိုးလိုက်နိုင်သည့် အတွက် လွန်စွာကျေနပ်မိကြောင်း ဝမ်းသာစကား ဆိုသွားခဲ့ပြီး များမကြာမီတွင် ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့လည်း ယခုကဲ့သို့ စာချုပ်သစ်များ ချုပ်ဆိုကြလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း အာစင်ဝင်းဂါးက ဆက်လက်ပြောဆိုသွားခဲ့သည်။ ဆန်းချက်ဇ်နှင့် အာဆင်နယ်အသင်း တာဝန်ရှိသူများအကြားတွင် စာချုပ်သစ် ဆွေးနွေးမှုသည် လုပ်ခလစာ သဘောတူညီမှု ရရှိရန် ခက်ခဲနေပြီး အာဆင်နယ်ဘက်က ဆန်းချက်ဇ်၏ တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့်ကို ပေါင်နှစ်သိန်းအထိ တိုးမြှင့်ပေးထားသော်လည်း ဆန်းချက်ဇ်ကမူ ပေါင်နှစ်သိန်းခွဲ ရရှိမှသာ စာချုပ်သစ်ကို လက်မှတ်ထိုးမည်ဟု တင်းခံလျက်ရှိသည်။ အိုဇေးလ်သည် နည်းပြအာစင်ဝင်းဂါး၏ အနာဂတ်ကို အတိအကျသိရှိခွင့် ရပြီးမှသာ စာချုပ်သစ်အတွက် အဖြေပေးမည်ဟု အာဆင်နယ်အသင်း တာဝန်ရှိသူများကို အကြောင်းပြန်ထားပြီး စာချုပ်သစ် ချုပ်ဆိုဖြစ်ခဲ့မည် ဆိုပါက အိုဇေးလ်၏ တစ်ပတ်လုပ်ခ အကျိုးခံစားခွင့်ကိုလည်း အာဆင်နယ်က ပေါင်နှစ်သိန်းဝန်းကျင် တိုးမြှင့်ပေးချေရဖွယ် ရှိနေသည်။
Source : https://goo.gl/eYDPys
via IFTTT
No comments:
Post a Comment