Tuesday, January 31, 2017

7Day News Journal

တရားမဝင်ကုန်စည်များကို သတင်းပေးသူနှင့်ဖမ်းဆီးသူများအား ချီးမြှင့်သောဆုကြေးပမာဏ တိုးမြှင့်ရန်စီစဥ် Byထက်မြက်On Tue, 2017-01-31 06:30Location ရန်ကုန်Issue No.No.1350 Tuesday, January 31, 2017 တရားမဝင်ကုန်စည်များ ကို ဖမ်းဆီးပေးသည့်ဝန်ထမ်းများ နှင့်သတင်းပေးသူများအား ချီးမြှင့် သည့် ဆုကြေးပမာဏကို တိုးမြှင့်သွားရန်စီစဥ်နေကြောင်း သတင်းရရှိသည်။ တရားမဝင်ကုန်သွယ်သည့် ပစ္စည်းများကို ဖမ်းဆီးသည့်ဌာန (သို့မဟုတ်)အဖွဲ့နှင့် သတင်းပေး တိုင်ကြားသူတို့အား ဖမ်းဆီးရမိ သောကုန်စည်ကို လေလံတင်ထုခွဲရောင်းချရငွေ၏ ၁ဝရာခိုင်နှုန်းစီအား ဆုကြေးအဖြစ် ချီးမြှင့်လျက်ရှိရာ ဖမ်းဆီးသည့်ဌာန(သို့မဟုတ်)အဖွဲ့ကို ၃ဝရာခိုင်နှုန်း၊ သတင်းပေးတိုင်ကြားသူကို ၂ဝရာခိုင်နှုန်းအဖြစ် တိုးမြှင့်ပေးရန်စီစဥ်နေခြင်းဖြစ်ကြောင်း အကောက်ခွန်ဒုတိယညွှန်ကြားရေးမှူး ဦးစန်းလွင်က ပြောသည်။ ‘‘အရင်က ထုတ်ထားတဲ့ အ မိန့်ကြော်ငြာစာထုတ်ထားတဲ့ဟာ ကို ပြန်ပြင်မှာ။ အမြန်ဆုံးပြင်နိုင် ဖို့လုပ်နေပါတယ်။ အရင်ကအမိန့် ကြော်ငြာစာက ဖမ်းပေးသူကို ၁ဝ ရာခိုင်နှုန်း၊ သတင်းပေးသူကို ၁ဝ ရာခိုင်နှုန်းပေါ့။ ဖမ်းပေးတဲ့အဖွဲ့ ဆိုတာကတော့ ဥပမာအခုဖွင့်တဲ့ ရေပူစစ်ဆေးရေးစခန်းမှာဆိုရင် စခန်းရှိတဲ့ ဌာနဆိုင်ရာတွေအကုန် လုံး ဆုကြေးရရှိမှာပါ။ ဆုကြေး တိုးမြှင့်တာကတော့ အဓိက က လာဘ်ပေး၊ လာဘ်ယူမှုကင်းရှင်း ဖို့အတွက် လုပ်တာပါ’’ဟု ဦးစန်း လွင်ကပြောသည်။ ဖမ်းဆီးရမိသည့်ကုန်စည် များ ရောင်းချခြင်း၊ လေလံတင် ခြင်းများပြုလုပ်ပြီးမှ ဆုကြေးများ ပေးရသဖြင့် လက်ရှိတွင် ဆုကြေးကိုသုံးလတစ်ကြိမ်သာ ထုတ်ပေးနေပြီး ယင်းထက်ပိုမိုမြန်ဆန်စွာထုတ်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။ ပစ္စည်းသိမ်းယူမှုမရှိဘဲဒဏ် ကြေးသာချမှတ်သည့် ကုန်များအ တွက် ဒဏ်ကြေးများထဲမှ ဆုကြေးထုတ်ပေးမည်ဖြစ်ကြောင်း ဦးစန်းလွင်ကပြောသည်။ မူးယစ်ဆေးဝါးတို့ကဲ့သို့ ဖျက်ဆီးရမည့်ပစ္စည်းများအတွက် ဆုကြေးခံစားခွင့်ရရှိမည်မဟုတ်ကြောင်း ဦးစန်းလွင်က ဆက်လက်ပြောသည်။ ပြည်ထောင်စုအစိုးရအဖွဲ့ က ၂ဝ၁၅ အောက်တိုဘာ ၂၇ ရက်တွင်ထုတ်ပြန်သည့် အမိန့် ကြော်ငြာစာတွင် အကောက်ခွန် ဥပဒေအရ သိမ်းဆည်းသည့် ပစ္စည်းများ၊ နယ်စပ်ဝင်ပေါက် များတွင် ဌာနဆိုင်ရာပူးပေါင်းစစ် ဆေးရေးအဖွဲ့များက ဖမ်းဆီးရမိ သည့်ကုန်စည်များ ထုခွဲရောင်းချရငွေ၏ ၈ဝရာခိုင်နှုန်းကို ပြည် ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ထည့် သွင်းပြီး ၁ဝရာခိုင်နှုန်းကိုသတင်း ပေးသူ(သတင်းပေးသူမရှိက ပြည် ထောင်စုဘဏ္ဍာရန်ပုံငွေ)နှင့်ကျန် ၁ဝရာခိုင်နှုန်းကို ဖမ်းဆီးသည့်အ ဖွဲ့သို့ ဆုငွေအဖြစ်ပေးရသည်။ ထို့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ အစီအ စဥ်ဖြင့် အကောက်ခွန်ဥပဒေအရ သိမ်းဆည်းသည့်ပစ္စည်းများ ထုခွဲရောင်းချရငွေ၏ ၅ဝရာခိုင်နှုန်းကိုသက်ဆိုင်ရာ တိုင်း၊ ပြည်နယ်ရန်ပုံငွေသို့ ထည့်သွင်းရန် ၃ဝရာခိုင်နှုန်းကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ထည့်သွင်းရန် သတ်မှတ်ထားသည်။ ထို့အပြင် ၁ဝရာခိုင်နှုန်းကိုသတင်းပေးသူ (သတင်းပေးသူမရှိက ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ)နှင့် ကျန်၁ဝရာခိုင်နှုန်းကို ဖမ်းဆီးသည့်အဖွဲ့အား ဆုငွေအဖြစ်ပေးရန်သတ်မှတ်ထားသည်။
Source : http://ift.tt/2kMSFqk
via IFTTT

No comments:

Post a Comment