မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် တရုတ်နိုင်ငံက စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ သန်း လှူဒါန်းသွားမည် နေပြည်တော် ဇန်န၀ါရီ ၅ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရမှ ငွေကြေး ကူညီထောက်ပံ့မှု အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်က အမေရိကန်ဒေါ်လာ ၁ သန်းကို နိုင်ငံခြားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် ဦးကျော်ဇေယျထံ ပေးအပ်သည်။ နိုင်ငံခြားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် ဦးကျော်ဇေယျက သံအမတ်ကြီး မစ္စတာဟုန်လျန်ထံ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ကျေးဇူး တင်ရှိကြောင်း စာလွှာကို ပြန်လည် ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ သန်း လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)
Source : http://ift.tt/2jdrWCC
via IFTTT
No comments:
Post a Comment