Friday, January 27, 2017

Kumudra

ညကြီးကားတွေခရီးသည်ကုန်တဲ့အထိ စောင့်ဆိုင်းပြေးဆွဲမည်။ ၂၆၊ဇန်နဝါရီ၊ရန်ကုန်။ ညကြီးကားတွေကို ညဆယ်နာရီအထိသတ်မှတ်ထားပြီး ခရီးသည်ကုန်တဲ့အထိ စောင့်ဆိုင်းပြေးဆွဲစေမှာဖြစ်တယ်လို့သိရပါတယ်။ ညကြီးကားများကို ကားဂိတ်တဂိတ်မှာ အနည်းဆုံး ငါးစီး ခန့်ပြင်ဆင်ထားကာ ကားများရပ်နားဖို့နေရာကို သီးခြားသတ်မှတ်ထားတယ်လို့ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးကုမ္ပဏီလိမိတက် အတွင်းရေးမှူး ဦးမောင်မောင်လွင်က ပြောပါတယ်။ ရန်ကုန်မြို့နေပြည်သူများ ညနေခင်းအိမ်ပြန်ချိန်မှာ ယာဥ်လိုင်းများနည်းပါးခြင်းနဲ့ ယာဥ်လိုင်းတချို့ကသတ်မှတ်ထားတဲ့အချိန်ထိ ပြေးဆွဲပေးခြင်းများမရှိတာကြောင့် ပြည်သူအများ အခက်အခဲဖြစ်နေတာကြောင့် ညကြီးကားများကို ဇန်နဝါရီလ(၂၅)ရက်နေ့ညက စတင်ပြေးဆွဲခဲ့ပါတယ်။ ညကြီးကားပြေးဆွဲခြင်းကို ညနေအများပြည်သူရုံဆင်းချိန်တည်းက ကားဂိတ်တွေမှာ လူအုံလာတဲ့အခြေအနေမျိုး၊ ကားလာတာကြာတဲ့အခါ ယာဥ်လိုင်းတချို့ကနေ အရန်သင့်ထားထားတဲ့ ကားများကို ခေါ်ယူပြေးဆွဲစေတာဖြစ်တယ်လို့ ဦးမောင်မောင်လွင်ကပြောပါတယ်။ သူကဆက်ပြီးအချိန်ကာလတခုအဖြစ် သတ်မှတ်ထားခြင်းမျိုးမဟုတ်ပဲ အမြဲတမ်းပြေးဆွဲပေးသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဇန်နဝါရီလ(၂၅)ရက်နေ့ကမနက်က မြေနီကုန်းဂုံးတံတားအနုပညာစီမံကိန်းပွဲမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ရှိခရီးသည်တွေအတွက် ညကြီးကားများ ပြေးဆွဲပေးနိုင်ဖို့စီစဥ်နေကြောင်းပြောခဲ့ပါတယ်။ ထက်လင်းထက်
Source : http://ift.tt/2jWLsRt
via IFTTT

No comments:

Post a Comment