Wednesday, January 4, 2017

Eleven Media Group

ကန်ကြီးထောင့်မြို့နယ် ဟွာမှုန်အထည်ချုပ် စက်ရုံတွင် အလုပ်ရှင်နှင့် အလုပ်သမားများ အငြင်းပွားရာမှ အလုပ်သမားခေါင်းဆောင်အချို့ အလုပ်ထုတ်ပယ်ခံရ ဖြစ်စဥ်မှာ ဟွာမှုန်အထည်ချုပ် စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအား စက်ရုံတာဝန်ရှိသူများက ဒီဇင်ဘာ ၃၁ ရက်တွင် စည်းကမ်းချက် စာချုပ်များချုပ်ရန် ညွှန်ကြားခဲ့ကြောင်း၊ ယင်းစာချုပ်တွင် အလုပ်သမားများဘက်မှ မလိုက်နာနိုင်သော စည်းကမ်းချက်များ ပါဝင်နေသောကြောင့် လက်မှတ်ရေးထိုးပေးခြင်း မပြုခဲ့ကြောင်း၊ လက်မှတ်ရေးထိုးပေးခြင်း မရှိသူများကို အလုပ်မှ ထွက်ခွာရန် ညွှန်ကြားခဲ့ကြောင်း၊ ဇန်နဝါရီ ၂ ရက်တွင် တံခါးပိတ်ထားပြီး စက်ရုံမှ အလုပ်သမားများအား စက်ရုံအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ကြောင်း၊ အဆိုပါ အငြင်းပွားမှု ဖြစ်စဥ်အား မြို့နယ်တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ လာရောက် ညိှနှိုင်းပေးခဲ့ပြီး ပြေလည်မှုများ ရခဲ့ကြောင်း၊ ဇန်နဝါရီ ၃ ရက်တွင် စက်ရုံတာဝန်ရှိသူများက အလုပ်သမား ခေါင်းဆောင်များကို ခေါ်ယူပြီး ရာထူးများ လျှော့ချခဲ့ကြောင်း၊ ရာထူးဖြုတ်ချမှုကို မကျေနပ်သည့် အလုပ်သမားများက မြို့နယ်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားရန် သွားရောက်ခဲ့သည်ကို စက်ရုံတာဝန်ရှိသူများမှ အလုပ်မှအပြီးတိုင် ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် --->>> http://ift.tt/2j3zWSB
Source : http://ift.tt/2j3zWSB
via IFTTT

No comments:

Post a Comment