Tuesday, January 3, 2017


ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအ၀င် ရပ်တည်ချက်ခုနစ်ရပ်ကို ‘၀’လက်နက်ကိုင်အဖွဲ့ အစိုးရထံတင်ပြ ရန်ကုန်၊ ဇန်နဝါရီ ၃ ပုံ - နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့၀င်များနှင့် ‘၀’လက်နက်ကိုင်အဖွဲ့ UWSA ကိုယ်စားလှယ်များအား ၂၀၁၆ ဇူလိုင်လကတွေ့ရစဉ် (ဓာတ်ပုံ - Myanmar State Counsellor Office) အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် ကိုယ်စားလှယ်အဖွဲ့ နှင့် ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA)တို့သည် ဒီဇင်ဘာလကုန်ပိုင်း က ‘၀’ဒေသ ပန်ဆန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ရာ ‘၀’လက်နက်ကိုင်အဖွဲ့က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအပါအ၀င် ၎င်းတို့၏ ရပ်တည်ချက် ခုနစ်ရပ်ကို တင်ပြခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့၀င် ဦးအောင်စိုးက ပြောသည်။ အဆိုပါတွေ့ဆုံမှုတွင် အစိုး ရဘက်က ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်အပါအ ၀င် တပ်မတော်အရာရှိများ၊ ရှမ်း ပြည်နယ်အစိုးရအဖွဲ့တာ၀န်ရှိသူ များပါ၀င်ပြီး UWSA ဘက်မှ ဒု ဥက္ကဋ္ဌ ဦးရှောက်မင်လျှံ ခေါင်း ဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သတင်းရ ရှိသည်။ ‘‘ ‘၀’နဲ့တွေ့တော့ ‘၀’က သူ့ ရဲ့ မူ၀ါဒခုနစ်ချက် တင်ပြတယ် ဗျ။ သူတို့ ‘၀’ ရဲ့ ရပ်တည်ချက် ပေါ့။ သူတို့က ကျွန်တော်တို့ နိုင်ငံ ထဲကနေ ဘယ်တော့မှ ခွဲမထွက် ဘူး။ လွတ်လပ်ရေးမတောင်းဆို ဘူးဆိုတဲ့ မူပေါ့ဗျာ။ ပြီးတော့ ငြိမ်း ချမ်းရေးဖြစ်စဉ်မှာ သူတို့ အမြဲ တမ်းပါ၀င်သွားမယ်ဆိုတဲ့ အ ကြောင်းပေါ့။ ပြီးတော့ သူတို့ ဥပဒေအရ ‘၀’ ပြည်နယ်အဖြစ် ရပ်တည်ခွင့်ရဖို့အတွက် ဥပဒေ ဘောင်အတွင်းက သူတို့ တင်ပြ မယ်ပေါ့။ ပြီးတော့ ၂၀၀၈ ဖွဲ့စည်း ပုံရဲ့ မူ၀ါဒတွေကို ပြင်ဆင်ရမယ် ဆိုတဲ့ အချက်အလက်ပါတယ်’’ ဟု ငြိမ်းချမ်းရေးကော်မရှင်၏ ‘၀’ နှင့် မိုင်းလား ခရီးစဉ်တွင် လိုက်ပါ သွားသည့် ကော်မရှင်အဖွဲ့၀င် ဦးအောင်စိုးက ပြောသည်။ ထို့အပြင် ‘၀’ ဒေသရှိ ပြည် သူလူထု လူနေမှုဘ၀ မြှင့်တင်ရေး အတွက် ကြိုးစားဆောင်ရွက်ရေး အစိုးရနှင့် ငြိမ်းချမ်းရေးယူထား သည့် ၂၇ နှစ် အတွင်း လက်မှတ် ရေးထိုးခဲ့သည့် စာချုပ်ကို မူအဖြစ် ဆက်လက်ကိုင်စွဲမည့် အချက်တို့ ကိုလည်း ‘၀’ အဖွဲ့က အစိုးရကိုယ် စားလှယ်အဖွဲ့ထံ တင်ပြခဲ့ကြောင်း သတင်းရရှိသည်။ ‘‘သူတို့က NCA (တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်)မှာ သူတို့မ ကြိုက်တဲ့ အချက်လေးတွေ ပါပါ တယ်တဲ့။ ဒါကို တင်ပြပါတယ်။ တကယ်တမ်းတော့ ယူဆမှုလေး တွေနည်းနည်းလွဲတာပါ။ လက် နက်စွန့်ရမယ့်အချက်ကလေးကို သဘောမကျဘူးတဲ့။ ကျွန်တော် တို့ဘက်ကလည်း ပြောပါတယ်။ NCA မှာ လက်နက်စွန့်ရမယ်လို့ မဟုတ်ပါဘူးလို့။ ခင်ဗျားတို့ အခု လည်း ငြိမ်းချမ်းရေးယူနေတာ ဒီ လက်နက်က နောင်တစ်ချိန်မှာ တစ်ယောက်နဲ့တစ်ယောက် စားပွဲ ၀ိုင်းမှာ ဆွေးနွေးလို့ ပြေလည်ပြီး ပြီဆိုရင် ဒီလက်နက်က လွယ် ထားစရာတောင် မလိုတော့ဘူး ပေါ့ဗျာ။ သိမ်းထားရုံအဆင့်ကို ရောက်သွားအောင် ကြိုးစားနေ တာငြိမ်းချမ်းရေးဆိုတာ’’ဟု ဦးအောင်စိုးက ဆက်လက်ပြော သည်။ ငြိမ်းချမ်းရေးကော်မရှင်နှင့် ‘၀’ လက်နက်ကိုင်အဖွဲ့ (UWSA) တို့၏ ဆွေးနွေးမှုအခြေအနေကို မေးမြန်းရန် UWSA တာ၀န်ရှိသူ များထံ ဆက်သွယ်ရာ အဆက်အ သွယ်မရရှိခဲ့ပေ။ ‘၀’လက်နက်ကိုင်အဖွဲ့သည် ယခင်စစ်အစိုးရလက်ထက်က တည်းက အပစ်ရပ်စဲရေးဆောင် ရွက်ထားသည့်အဖွဲ့ဖြစ်သည်။ တပ်မတော်နှင့် ၎င်းတို့အကြား နှစ်ပေါင်းရှည်ကြာစွာ အပစ်ရပ်စဲ ရေးခိုင်မြဲ၍ NCA လက်မှတ်ရေး ထိုးမည်မဟုတ်ကြောင်း၊ နိုင်ငံ ရေးဆွေးနွေးမှုသာ ပြုလုပ်လို ကြောင်း ‘၀’အဖွဲ့က ၎င်းတို့၏ သ ဘောထားကို ထုတ်ဖော်ပြောဆို ထားသည်။ တပ်မတော်နှင့် ‘၀’ အဖွဲ့အကြားတိုက်ပွဲမဖြစ်ပွားခဲ့ သော်လည်း စစ်ရေးတင်းမာမှုများ ရှိခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာက ‘၀’ လက်နက်ကိုင်အဖွဲ့များသည် စစ်ရေးလေ့ကျင့်သည်ဆိုကာ မိုင်း လားဒေသသု့ိ အင်အားအလုံးအ ရင်းဖြင့် ရောက်ရှိလာ၍ ‘၀’နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့ (NDAA) တို့အကြားပြဿနာပြေ လည်ရေးဆွေးနွေးခဲ့ရသည်။ ယင်းသို့ ‘၀’ လက်နက်ကိုင်အဖွဲ့၏ စစ်ရေးလှုပ်ရှားမှုကြောင့် တပ်မ တော်နှင့် ‘၀’ လက်နက်ကိုင်အဖွဲ့ တို့အကြား တင်းမာမှုဖြစ်ပေါ်ခဲ့ သည်။ ငြိမ်းချမ်းရေးကော်မရှင်၏ ယခု ‘၀’နှင့်မိုင်းလားခရီးစဉ်တွင် မိုင်းလားဒေသတွင် ‘၀’တပ်ဖွဲ့များ ပြန်ရေးကို ဆွေးနွေးခဲ့ကြောင်း ကော်မရှင်နှင့် မိုင်းလားအဖွဲ့ကိုယ် စားလှယ်များက ပြောကြားသည်။ မိုင်းလားဒေသသို့ စစ်ရေး လေ့ကျင့်သည်ဆိုကာ ‘၀’လက် နက်ကိုင်အဖွဲ့များ ရောက်ရှိလာ သည်မှာ သုံးလကြာပြီဖြစ်၍ လေ့ ကျင့်မှုပြီးဆုံးသင့်ကြောင်း၊ သို့မှ သာ နယ်မြေပြန်လည်အေးချမ်း မည်ဖြစ်၍ ‘၀’တပ်ဖွဲ့များ ပြန်ရေး ကို အစိုးရက တိုက်တွန်းခဲ့ကြောင်း သတင်းရရှိသည်။
Source : http://ift.tt/2j3Df0c
via IFTTT

No comments:

Post a Comment