Wednesday, January 4, 2017


ဒိုင်လူကြီး မိုက်ဒင်းန်၏ ဆုံးဖြတ်ချက် အမှားကြောင့် အရှုံးရလဒ် ကြုံခဲ့ရခြင်းဟု ဘီလစ် ဝေဖန် လန်ဒန်၊ ဇန်နဝါရီ ၃ ဝက်စ်ဟမ်းနည်းပြ ဘီလစ်သည် မန်ယူက ဝက်စ်ဟမ်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ၎င်းတို့အနေနှင့် ကွင်းလယ်ဒိုင်လူကြီး မိုက်ဒင်းန်၏ ဆုံးဖြတ်ချက် အမှားကြောင့် လွန်စွာ နစ်နာခဲ့ရသည်ဟု ဝေဖန်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။ ဘီလစ်သည် ပွဲအစ ၁၅ မိနစ်တွင် ဝက်စ်ဟမ်း ကွင်းလယ်ကစားသမား ဖီဂူလီကို တိုက်ရိုက် အနီကတ် ပြသထုတ်ပယ်လိုက်သည့် ဒိုင်လူကြီး မိုက်ဒင်းန်၏ ဆုံးဖြတ်ချက်ကို မကျေမနပ် ဖြစ်နေပြီး ယင်းဆုံးဖြတ်ချက် အမှားကြောင့်ပင် ကြီးစွာသော ပွဲအလှည့်အပြောင်း ဖြစ်သွားခဲ့ရသည်ဟု ဘီလစ်က ပြောကြားသွားခဲ့သည်။ ဖီဂူလီသည် မန်ယ ူနောက်ခံလူ ဖီးလ်ဂျုံးစ်နှင့် ဘောလုံး ယှဉ်လုရာတွင် အဝင်ကြမ်းတမ်းသွားခဲ့သည့်အတွက် တိုက်ရိုက် အနီကတ် ထိသွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်တွင် အမှန်တကယ် အပြစ်ပေးခြင်း ခံရမည့်သူမှာ ဖီဂူလီ မဟုတ်ဘဲ ဖီးလ်ဂျုံးစ်သာ ဖြစ်ကြောင်းလည်း ဘီလစ်က မှတ်ချက်ပြုထားသေးသည်။ Sky Sports ရုပ်သံတွင် အစီအစဉ် တင်ဆက်သူအဖြစ် ပူးပေါင်းပါဝင်ခဲ့သော ဆန်းဒါးလန်း ကွင်းလယ်လူဟောင်း နေးလ်ကွင်းကလည်း ဘီလစ်ကို ထောက်ခံသွားခဲ့ပြီး ဖီဂူလီ၏ ခြေထောက်မြှောက်မှုမှာ တိုက်ရိုက် အနီကတ် ပြသလောက်သည်အထိ ဆိုးရွားခြင်း မရှိခဲ့ကြောင်း နေးလ်ကွင်းက သုံးသပ်သွားခဲ့သည်။ ဘီလစ်သည် မန်ယူအသင်း၏ ဒုတိယသွင်းဂိုးမှာ လူကျွံဘော ဖြစ်နေကြောင်းလည်း ထောက်ပြထားကာ ဒိုင်လူကြီး မိုက်ဒင်းန်၏ ဆုံးဖြတ်ချက်များသာ တစ်ဖက်စောင်းနင်း မဖြစ်ခဲ့ပါက ယခုပွဲစဉ်တွင် ၎င်းတို့အတွက်လည်း အမှတ်ရရှိရန် လွန်စွာ ကောင်းမွန်သည့် အခြေအနေများ ရှိခဲ့သည်ဟု ဘီလစ်က ပြောကြားသွားခဲ့သေးသည်။ သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် ဘီလစ်က “ဖီဂူလီကို တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်လိုက်တာဟာ ကျွန်တော်တို့ကို သတ်ပစ်လိုက်တာနဲ့ အတူတူပါပဲ။ ဖီဂူလီနဲ့ ဖီးလ်ဂျုံးစ်တို့ ဘောလုံးဆီ ခုန်ဝင်လာကြတာချင်း အတူတူမှာ ဖီးလ်ဂျုံးစ် ဝင်လာပုံက ပိုပြီး အန္တရာယ်များခဲ့ပါတယ်။ တကယ်တမ်း အရေးယူကြကြေးဆို ဖီးလ်ဂျုံးစ်ကို အရေးယူရမှာပါ။ ဖီးလ်ဂျုံးစ်ရဲ့ ခြေထောက်တွေက ဖီဂူလီကို ကပ်ကြေးလို ညှပ်ထားခဲ့တာ အားလုံးအမြင်ပါပဲ။ ဖီဂူလီကို အဝါကတ် ပြခဲ့တယ်ဆိုရင်တောင် ကျွန်တော် ဒေါသ ထွက်မိမှာပါ။ အဲ့ဒီ အနီကတ်ဟာ ဒီပွဲစဉ် တစ်ခုလုံးရဲ့ ပွဲအလှည့်အပြောင်း သော့ချက်ပါပဲ”ဟု အသိပေးသွားခဲ့သည်။
Source : https://goo.gl/obQwza
via IFTTT

No comments:

Post a Comment