Wednesday, January 11, 2017

7Day News Journal

အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ် စားလှယ်များနှင့် အစိုးရဝန်ကြီး များ၏ လစာစုဆောင်းငွေဖြင့် ပါ တီပိုင်ရုံးခန်းများ စတင်ဝယ်ယူနေ ပြီဖြစ်ကြောင်း ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းထံမှ သ တင်းရရှိသည်။ NLD လွှတ်တော်ကိုယ်စား လှယ်များနှင့် အစိုးရဝန်ကြီးများ ၏ လစာငွေ ၂၅ ရာခိုင်နှုန်းအနက် ၂ဝ ရာခိုင်နှုန်းကို တိုင်း၊ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပါတီရုံးခန်းများ ထူထောင်ရေးအတွက် အသုံးပြု ရန် စုဆောင်းခဲ့ပြီး ငါးရာခိုင်နှုန်း ကို ပါတီဗဟိုဌာနချုပ် ရန်ပုံငွေအ ဖြစ် ခွဲဝေခဲ့ကြောင်း NLD ပါတီမှ သတင်းရရှိသည်။ လက်ရှိတွင် စစ်ကိုင်း၊ မကွေးနှင့် ဧရာဝတီတိုင်းဒေသကြီး သုံးခုတွင် ပါတီတိုင်းရုံးများအ တွက် မြေနေရာများ ဝယ်ယူပြီး ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြော သည်။ ‘‘အခုလောလောဆယ် တိုင်းရုံးပေါ့။ တိုင်းပြီးရင် ခရိုင် ပေါ့။ ခရိုင်ပြီးရင် မြို့နယ်။ ဝယ် ပြီးသွားတာ သုံးခု။ တစ်ခုက ထပ် ဆောက်စရာမလိုတော့ဘူး။ အ ဆောက်အအုံပါတယ် ပုသိမ်မှာ’’ ဟု ၎င်းက ပြောသည်။ NLD ပိုင် ရုံးခန်းများ ဖော် ဆောင်ရခြင်းနှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက ‘‘တစ်ခါတလေ ကျတော့ လူတွေက သဘာဝပဲ ဥပမာ ကျွန်တော့်အိမ်မှာ ဆိုင်း ဘုတ်တပ်ထားတယ်။ နောက် တစ်ကြိမ်ကျတော့ ကျွန်တော်က မပါတော့ဘူး။ မပါရင် ကျွန်တော် က ဆိုင်းဘုတ်ကို မရွှေ့ပေးဘူးတို့၊ မဖယ်ပေးဘူးတို့ အတ္တစိတ်တွေနဲ့ ဒီလိုဖြစ်တတ်ကြတယ်။ အဲဒါ ကြောင့် ကိုယ်ပိုင်ရှိတာ ကောင်း တယ်ဆိုပြီးတော့ ကိုယ်ပိုင်အ ဆောက်အအုံနဲ့ ရုံးခန်းဖြစ်အောင် ကြိုးစားနေတာ’’ဟု ပြောသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် များအနက် ရန်ကုန်တိုင်းနှင့် ကရင်ပြည်နယ်တို့တွင် မူလက တည်းက NLD ပါတီပိုင်ရုံးခန်း များရှိနေကြောင်း သတင်းရရှိ သည်။ ‘‘ရန်ကုန်တိုင်းနဲ့ ကရင်ပြည် နယ်က တိုင်းနဲ့ပြည်နယ် ရုံးခန်း တွေရှိလို့ မပါပါဘူး။ မြို့နယ်ရုံး တွေက အလှည့်မရောက်သေး ဘူး’’ဟု ရန်ကုန်တိုင်း NLD အ လုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောသည်။ လက်ရှိတွင် NLD လွှတ် တော်ကိုယ်စားလှယ်များမှာ အ မျိုးသားလွှတ်တော်တွင် ၁၃၂ ဦး၊ ပြည်သူ့လွှတ်တော်တွင် ၂၅ဝ ဦး၊ ပြည်နယ်နှင့် တိုင်းလွှတ်တော်များ တွင် ၄၉၆ ဦး၊ စုစုပေါင်း ၈၇၈ ဦး ရှိကြောင်း NLD ပါတီမှ သတင်း ရရှိသည်။ လက်ရှိတွင် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် လစာ ငွေမှာ ၁ဝ သိန်းကျပ်ဖြစ်ပြီး ပြည် နယ်နှင့် တိုင်း လွှတ်တော်ကိုယ် စားလှယ်များ၏ လစာငွေမှာ ငါးသိန်းကျပ်ဖြစ်သည်။ ပြည် ထောင်စုဝန်ကြီးများ၊ ပြည်နယ် နှင့် တိုင်းဝန်ကြီးချုပ်များ၊ ပြည် နယ်နှင့် တိုင်းလွှတ်တော်ဥက္ကဋ္ဌ များ လစာငွေ ကျပ် ၃ဝ သိန်း ဖြစ် ပြီး ပြည်နယ်နှင့် တိုင်းဝန်ကြီးများ ၏ လစာငွေမှာ ကျပ် သိန်း ၂ဝ ဖြစ်သည်။
Source : http://ift.tt/2ihrW2U
via IFTTT

No comments:

Post a Comment