Tuesday, January 24, 2017


ရခိုင်အရေး ကုလအတွင်းရေးမှူးချုပ်ကိုယ်တိုင်ကိုင်တွယ်မည် အသစ်ရွေးချယ်ခန့်အပ်ခြင်းခံရတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ရခိုင် အရေးနဲ့ ပတ်သက်ပြီး လာမယ့်ရက်တွေမှာ ကိုယ်တိုင်ကိုင်တွယ်သွားဖို့ ရှိတယ်လို့ အတွင်းရေးမှူးချုပ် ရဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဖာဟန် ဟက်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး VOA သတင်းကဆိုပါ တယ်။ ရခိုင်မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားနိုင်ငံကနေ အဖွဲ့ဝင် ၅၇နိုင်ငံပါတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ရာမှာလည်း မြန်မာ အပေါ်ဖိအားပေးဖို့ တိုက်တွန်းပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးက မလေးရှားနိုင်ငံဟာ ရခိုင်အရေးကို အကြောင်းပြကာ နိုင်ငံရေးရည်မှန်းချက်အတွက် ကိုယ်ကျိုးအတွက် အသုံးချနေတယ်လို့ ပြောခဲ့သလို၊ မြန်မာအစိုးရဖြေရှင်းနေတာ တွေကို အသိအမှတ်ပြုရာမရောက်ကြောင်းလည်း ဆိုပါတယ်။ အခြားအစ္စလာမ်နိုင်ငံတခုဖြစ်တဲ့ အင်ဒိုနီးရှားကတော့ စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ မြန်မာအစိုးရမှ တဆင့် ပေးပို့ကူညီခဲ့ပါတယ်။ လက်ရှိအခြေအနေမှာတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ သက်တမ်းကုန်ဆုံးလို့ အနားယူသွားခဲ့သလို့၊ သူခန့်အပ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီယာရဲ့ တာဝန်ဟာ ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် သက်တမ်း ထပ်မံမတိုးတော့သလို၊ အစားထိုးခန့် အပ်မှုတွေလည်း မရှိသေးပါဘူး။
Source : https://goo.gl/xYMqqJ
via IFTTT

No comments:

Post a Comment