ကော်တင်ညိုကို ကလပ်အသင်းသမိုင်းကြောင်း တစ်လျှောက် စံချိန်တင် လုပ်ခလစာ ပေးချေ၍ လီဗာပူး စာချုပ်သစ်ချုပ် လီဗာပူး၊ ဇန္နဝါရီ ၂၅ လီဗာပူးအသင်းသည် ကွင်းလယ်ကစားသမား ကော်တင်ညိုကို အသင်းသမိုင်းကြောင်း တစ်လျှောက် စံချိန်တင် လုပ်ခလစာ ပေးချေ၍ စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကာ ယင်းစာချုပ်သစ်အရ ကော်တင်ညိုမှာ လာမည့် ၂၀၂၂ ခုနှစ်တိုင်သည်အထိ လီဗာပူးထံတွင် ဆက်ရှိသွားတော့မည် ဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။ ကော်တင်ညိုသည် လွန်ခဲ့သည့် လေးနှစ်ခန့်က စီးရီးအေကလပ် အင်တာမီလန်မှနေ၍ လီဗာပူးထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ခြင်း ဖြစ်ကာ လက်ရှိတွင် ၎င်းကိုခေါ်ယူရန် စပိန်လာလီဂါ ထိပ်သီးအသင်းများ ဖြစ်ကြသည့် ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့က စောင့်ကြည့်အကဲခတ်မှုများ ရှိလာသည့်အတွက် စာချုပ်သစ် အကောင်အထည်ဖော်မှုကို လီဗာပူးက အလျင်အမြန် ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။ လီဗာပူးသည် ယခုလက်မှတ်ရေးထိုးလိုက်သည့် စာချုပ်သစ်အရ ကော်တင်ညို၏ တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့်ကို ပေါင် ၂၂၀,၀၀၀ ပေးချေသွားရတော့မည်ဖြစ်ကာ စာချုပ်သစ်တွင် စာချုပ်ဖျက်သိမ်းခ တန်ကြေး မည်ရွေ့မည်မျှဟု တရားဝင် ထည့်သွင်းထားခြင်း မရှိသည်ကမူ ထူးခြားချက်တစ်ရပ်သဖွယ် ဖြစ်လျက်ရှိသည်။ ကော်တင်ညို မတိုင်မီတွင် လီဗာပူး အသင်းသမိုင်းကြောင်း တစ်လျှောက် လုပ်ခလစာ အကျိုးခံစားခွင့် အများဆုံးရ ကစားသမားအဖြစ် စံချိန်တင်ထားခဲ့သူမှာ ဆွာရက်ဇ်ဖြစ်ပြီး လီဗာပူးနှင့် ၎င်းအကြားတွင် စာချုပ်သစ ်အကောင်အထည်ပေါ်လာခဲ့ခြင်းအတွက် ၎င်းကိုယ်တိုင်သာမက ၎င်း၏ မိသားစုဝင်များလည်း ဝမ်းသာကျေနပ်လျက် ရှိကြောင်း ကော်တင်ညိုက အသိပေးထားသည်။ အသက် ၂၄ နှစ် အရွယ်ရှိ ကော်တင်ညိုသည် လက်ရှိဘောလုံးရာသီတွင် လီဗာပူးကို ကိုယ်စားပြု၍ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ရာ၌ သွင်းဂိုး ငါးဂိုးနှင့် ဂိုးဖန်တီးမှု ငါးကြိမ် ရယူပံ့ပိုးပေးနိုင်ခဲ့ကာ ခရစ္စမတ်နှင့် နှစ်သစ်ကူး ပွဲကျပ်ကာလကိုမူ ခြေမျက်စိဒဏ်ရာ ပြဿနာကြောင့် သီတင်းခြောက်ပတ်ခန့် နားရသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် ၎င်းက လွဲချော်ခဲ့ရသည်။
Source : https://goo.gl/dnxpc5
via IFTTT
No comments:
Post a Comment