Sunday, January 22, 2017

The Voice

ရန်ကုန်တိရစ္ဆာန်ဥယျာဥ် (၁၁၁) နှစ်ပြည့်ပွဲတော် ငါးရက် ကျင်းပမည် အများပြည်သူများ အားလပ်ရက်တွင် အပန်းဖြေ သွားလေ့ရှိသည့် ရန်ကုန် တိရစ္ဆာန်ဥယျာဥ် ဖွင့်လှစ်ခဲ့သည်မှာ ၁၁၁ နှစ်ပြည့်ခဲ့ပြီး ဖြစ်သည့်အတွက် ဇန်နဝါရီ ၂၁ ရက်မှ ငါးရက်တိုင် ဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေရေး အစီအစဥ်များဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါတိရစ္ဆာန်ဥယျာဥ်ကို ၂ဝ၁၂ ခုနှစ်မှစပြီး အစိုးရပိုင်မှ ပုဂ္ဂလိက ကုမ္ပဏီပိုင်အဖြစ် ပြောင်းလဲခဲ့၍ ယခုလက်ရှိတွင် ထူးကုမ္ပဏီက ပြောင်းလဲ လုပ်ကိုင်လျက်ရှိကြောင်း စီမံခန့်ခွဲမှု မန်နေဂျာ ဦးမျိုးကျော်သူက ပြောကြားသည်။ ခုဆိုရင် တိရစ္ဆာန် အကောင်ရေပေါင်း ၁၃၉၅ ကောင်ကို ပြသထားပါတယ်။ အမျိုးအစား ပေါင်းကတော့ ၁၃၃ မျိုးလောက်ပဲ ပြသ ထားနိုင်သေးပါတယ်။ အမျိုးအစား နည်းတာက ကျွန်တော်တို့ အနေနဲ့ ပိုက်ဆံရှိတိုင်းလည်း ဝယ်မရပါဘူး။ လှောင်အိမ်ရှိနေလည်း မရပါဘူး။ ပြသမယ်ဆိုရင် သစ်တောဦးစီးဌာန လက်အောက်က တိရစ္ဆာန် ဥယျာဥ်ဌာနက ခွင့်ပြုမှသာ ဝယ်ယူ ပြသခွင့် ရှိကြောင်း ၎င်းက ဆိုသည်။ ယခုနှစ်အတွင်း ရန်ကုန်တိရစ္ဆာန် ဥယျာဥ်ကို အများပြည်သူများ ပိုမိုစိတ်ဝင်စား၍ တိရစ္ဆာန် အမျိုးအစား ထပ်တိုးရန်နှင့် အဆင့်မြှင့်ရန် စတင်လုပ်ကိုင်လျက်ရှိပြီး လက်ရှိတွင် ရေဘောလုံးကစားကွင်းကို ယခုနှစ်ဆန်းတွင်း တိုးချဲ့ထားသည်။
Source : https://goo.gl/SDlQzR
via IFTTT

No comments:

Post a Comment