ဇန်နဝါရီ ၁ဝ ရက်က RB News ဝက်ဘ်ဆိုက်၌ ပါရှိခဲ့သည့် သတင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ မမှန်မကန် သတင်းထုတ်လွှင့်ခြင်းသာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ နေပြည်တော် ဇန်နဝါရီ ၁၂ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျားခေါင်းတောင် ကျေးရွာ၌ ဇန်နဝါရီ ၈ ရက်က နယ်မြေခံတပ်မှ အဘရှာ ဟာတူလ္လာ၏သား ကော်ရီမူလ္လာကိုဖမ်းဆီး၍လူမဆန် စွာရိုက်နှက်ပြီး လက်နက်များသိုဝှက်ထားသည့် နေရာများကို ပြောခိုင်းကြောင်းနှင့် နှိပ်စက်မခံလိုပါက ငွေကျပ်၁ဝ သိန်းပေးရန် တောင်းသဖြင့် ငွေကျပ် ၁ဝ သိန်းပေးခဲ့ရ ကြောင်း RB News ဝက်ဘ်ဆိုက် ဇန်နဝါရီ ၁ဝ ရက်က ရေးသားဖော်ပြခဲ့သည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်မှ တာဝန်ရှိသူများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျားခေါင်းတောင်ကျေးရွာမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ရွာသားများရှေ့မှောက်၌ ကော်ရီမူလ္လာကို စစ်ဆေးမေးမြန်းရာ တပ်မတော် စစ်ကြောင်းများက လူမဆန်စွာရိုက်ခြင်း၊ ငွေကျပ် ၁ဝ သိန်းပေးခဲ့ရခြင်း မရှိကြောင်း၊ ၄င်းဖြစ်စဉ်မှာလည်း ဖြစ်ပွားခဲ့ခြင်းမရှိဟု ကျေးရွာမှတာဝန်ရှိသူများနှင့် ဒေသခံများ ရှေ့မှောက်တွင် ဝန်ခံကတိလက်မှတ်ရေးထိုး ထွက်ဆိုခဲ့ကြောင်းနှင့် ကော်ရီမူလ္လာမှာလည်း ညှဉ်းပန်း နှိပ်စက်ခံထားရသည့် ဒဏ်ရာများ ရရှိထားခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။ တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ် မောင်တော ဒေသအတွင်း အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး တို့အတွက် ဥပဒေနှင့်အညီ တာဝန်ရှိအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နယ်မြေဒေသ တည်ငြိမ် အေးချမ်းစေရန် ဆောင် ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။
Source : http://ift.tt/2in1S36
via IFTTT
No comments:
Post a Comment