Thursday, January 12, 2017

The Irrawaddy - Burmese Edition

စာပေဝါသနာရှင်များအတွက် ပြုလုပ်တဲ့ နိုဘယ်လ်-မြန်မာ ရသ စာပေပွဲတော်၂၀၁၇ ကို လာမယ့် ဇန်နဝါရီလ ၂၂၊ ၂၃၊ ၂၄ ရက်တွေမှာ ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်တော့မယ်လို့ သိရပါတယ်။ နိုဘယ်လ်-မြန်မာ စာပေပွဲတော်ကို ကျင်းပပြုလုပ်လာခဲ့တာဟာ ဒီနှစ်နဲ့ဆို ၃ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ရသ စာပေ စာအုပ်များကို ပြသ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ နိုဘယ်လ်-မြန်မာ စာပေပွဲတော်ကို အရင်နှစ်များက ငြိမ်းချမ်းရေးစာပေပွဲတော် နဲ့ ကလေးစာပေပွဲတော်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ယခုနှစ် ကျင်းပပြုလုပ်မယ့် နိုဘယ်လ်-မြန်မာ စာပေပွဲတော်နဲ့ ပတ်သက်ပြီး ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးမော်လင်းက “ရသ စာပေဆိုတာက စာ စဖတ်တဲ့သူတွေ၊ စာဖတ်ချင်အောင် ရေးသားထားတဲ့ စာပေ အမျိုးအစားဖြစ်ပါတယ်။ ရသ စာပေကောင်းတခုကို ဖတ်လိုက်မယ်ဆိုရင် စာတွေကို ဆက်ပြီးဖတ်ချင်လာအောင် နှိုးဆော်ပေးတဲ့ စာပေ အမျိုးအစားလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရသ စာပေကို စာပေပရိသတ်တွေအတွက် ဒီနှစ်တော့ ရွေးကြစို့ဆိုပြီး ရသ စာပေကို ရွေးဖြစ်တာပါ” လို့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြပါတယ်။ ဒီနှစ် နိုဘယ်လ်-မြန်မာ ရသ စာပေပွဲတော်မှာ ရသ စာပေကောင်းများစွာကို ယခင်နှစ်များလို ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ဖွင့်လှစ်ပြီး ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပွဲတော်မှာ ရသ စာပေ စာရေးဆရာကြီး၊ ဆရာမကြီးများစွာလည်း တက်ရောက်ပြီး ရသ စာပေ စကားဝိုင်း၊ စာတမ်းဖတ်ပွဲ ၊ ဆွေးနွေးပွဲများကို ပြုလုပ်သွားကြမှာဖြစ်ပြီး တက်ရောက်လာတဲ့ စာဖတ်ပရိသတ်များလည်း ပါဝင် ဆွေးနွေးနိုင်မယ့် စာပေဆွေးနွေးပွဲများကို ပြုလုပ်ပေးသွားမယ်လို့လည်း သိရပါတယ်။ ရသ စာပေ စာရေးဆရာကြီးများဖြစ်တဲ့ ဆရာနေဝင်းမြင့်၊ အကယ်ဒမီငြိမ်းမင်း၊ မောင်ခင်မင်(ဓနုဖြူ)၊ ဆရာမဂျူး၊ မင်းခိုက်စိုးစံ အစရှိတဲ့ စာရေးဆရာများ ပါဝင်ပြီး စာပေစကားဝိုင်း၊ စာပေဆွေးနွေးပွဲများ ပါဝင်မှာ ဖြစ်ပါတယ်။ စာပေပွဲတော်ကို မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမှာဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်များလည်း ထည့်သွင်းထားကာ ဖျော်ဖြေရေးကဏ္ဍကိုတော့ ည ၇ နာရီမှာ စတင်သွားမယ်လို့ သိရပါတယ်။
Source : https://goo.gl/kTYQWP
via IFTTT

No comments:

Post a Comment