Monday, January 30, 2017

7Day News Journal

တရားလွှတ်တော်ရှေ့ နေဦးကိုနီကို လုပ်ကြံသတ်ဖြတ် ခဲ့သူ ဦးကြည်လင်းဆိုသူ၏ ထွက် ဆိုချက်များအရ မန္တလေးရှိ ၎င်း၏ နေအိမ်သို့ သွားရောက်ရှာဖွေ သော်လည်း အိမ်လိပ်စာမှားယွင်း နေကြောင်း သတင်းရရှိသည်။ ရန်ကုန်လေဆိပ်တွင် ဦးကို နီအား လုပ်ကြံသတ်ဖြတ်သူ၏ မှတ်ပုံတင်ပါ နေအိမ်လိပ်စာကို သွားရောက်ရှာဖွေခဲ့သော်လည်း ၎င်းအမှန်တကယ် နေထိုင်သည့် အိမ်မဟုတ်သဖြင့် မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့က စုံစမ်းမှုများ ဆက်လက်ပြုလုပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲမှူးကြီး ဟန်ထွန်းက ပြောသည်။ ၃၄ လမ်း၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြားမှ နေအိမ်နှစ်လုံးကို ဆက်တိုက်ရှာဖွေခဲ့သော်လည်း ၎င်းနေထိုင်ခဲ့ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရသည်ဟု ရဲမှူးကြီးက ပြောသည်။ ‘‘အိမ်နံပါတ်နဲ့ လမ်းနံပါတ်မ သိသေးဘူး။ အကွက်နံပါတ်ပဲသိ သေးတာ’’ဟု ရဲမှူးကြီးဟန်ထွန်း က ဇန်နဝါရီ ၂၉ ရက် ည ၉ နာရီ တွင် ပြောသည်။ ရွေးကောက်ပွဲတွင် မဲပေးခဲ့ သူများ၏ မဲစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ခဲ့သော် လည်း ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိ ကြောင်း ရဲမှူးကြီးက ဆက်လက် ပြောကြားသည်။ ဦးကိုနီကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သူ ဦးကြည် လင်းဆိုသူသည် လတ်တလော သတင်းများအရ ရှေ့နေတစ်ဦး ဖြစ်ကာ ဘုရားခိုးသည်ဆိုသော ပြစ်မှုဖြင့် ထောင်ကျဖူးသူတစ်ဦး ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့၏ ကနဦး စုံစမ်းထား မှုများအရ သိရသည်။ ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၉ ရက်ည၌ ရှာဖွေမှုများဆက်တိုက် ပြုလုပ်နေစဥ် ပြည်သူ ၁ဝဝ ခန့်ကလည်း စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြပြီး တရားခံ၏ နေအိမ်သို့ စုံစမ်းဖော်ထုတ်ပေးရန် ရဲတပ်ဖွဲ့ဝင်များအားတောင်းဆိုပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ဗဟိုဥပဒေအထောက် အကူပြုအဖွဲ့ ဥပဒေအကြံပေး ဦးကိုနီသည် အင်ဒိုနီးရှားသမ္မတ နိုင်ငံ ဂျကာတာမြို့နှင့် မာလူူကူ ပြည်နယ်တို့၌ Senior Leader-ship Program လေ့လာရေးခရီးစဥ်မှ ပြန်လာစဥ် ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီကျော် က ရန်ကုန်လေဆိပ်၌ သေနတ် သမားတစ်ဦးက လုပ်ကြံပစ်ခတ် သဖြင့် သေဆုံးခဲ့ရသည်။
Source : http://ift.tt/2kJqgNQ
via IFTTT

No comments:

Post a Comment