Friday, January 6, 2017

7Day News Journal

မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနား အစမ်းလေ့ကျင့်ရာသို့ ရောက်ရှိလာသော လှည်းယဥ် (ဓာတ်ပုံ − မျိုးမင်းဦး) တောင်သူတစ်ဦးသည် သမီးဖြစ်သူကို ဂုဏ်ပြုသည့်အနေ ဖြင့် ဇန်နဝါရီ ၅ ရက်က ကျင်းပ သော မုံရွာတက္ကသိုလ် ဘွဲနှင်း သဘင် အစမ်းလေ့ကျင့်ပွဲသို့ နွား လှည်းယဥ်ကြော့ဖြင့် ပို့ဆောင်ခဲ့သည်။ မုံရွာမြို့ အောင်သာကျေး ရွာနေ တောင်သူဦးကျော်ဝင်းသည် ရုက္ခဗေဒအထူးပြု သိပ္ပံ(ဂုဏ်ထူး) ဘွဲ့ယူမည့် သမီးဖြစ်သူ မအိမွန် ကျော်ကို ဂုဏ်ပြုကာ မုံရွာတက္ကသိုလ်၏ (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အစမ်းလေ့ကျင့်ပွဲသို့ နွားလှည်းယဥ်ကြော့ဖြင့် ပို့ဆောင်ခြင်းဖြစ်သည်။ ‘‘အခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ တောင်သူလယ်သမား ရဲ့ သားသမီးတစ်ယောက် ဘွဲ့ရရှိတဲ့အခါ ကျန်တဲ့ တောင်သူလယ် သမားတွေရဲ့ သားသမီးတွေကို အားပေးချင်လို့ပါ။ တောင်သူလယ်သမားတွေရဲ့ သားသမီးတွေ ကြိုးစားစေချင်အောင် အားပေးတာလည်းပါတယ်။ တောင်သူလယ်သမား သားသမီးဆိုတော့ နွားလှည်းနဲ့ ယူရတာ ပိုသဘာဝကျမယ်ထင်လို့ပါ။ မိဘက ကြိုမယ့်လှည်းကလည်း ခမောက်ကြီးက တောင်သူ လယ်သမားကိုယ်စားပြုတဲ့ ခမောက်ပါ။ မူလတန်းကနေ အခု အချိန်အထိ ပထမ၊ ဒုတိယ ဆုတွေ ရရှိခဲ့တယ်။ အခု သိပ္ပံ (ဂုဏ်ထူး)နဲ့ ဘွဲ့ရတာပါ။ မဟာ တန်း ဆက်တက်ရမှာပါ။ မိဘ အနေနဲ့ ဂုဏ်ပြုတဲ့အနေနဲ့ တော သူတောင်သား တောင်သူလယ် သမား သားသမီးအနေနဲ့ သရုပ် ဖော်ချင်တဲ့သဘောပါ’’ဟု တောင်သူဦးကျော်ဝင်းက ပြောသည်။ ဘွဲ့ယူမည့် ကျောင်းသူအား စစ်ကိုင်းမြို့မှ ပတ္တမြား လှည်း ယဥ်ကြော့ဖြင့် တင်ဆောင်ခဲ့ပြီး မုံရွာမြို့နယ် လယ်ဇင်ကျေးရွာမှ ရွှေလှည်းယဥ်ကြော့တွင် ခမောက်အမိုး တပ်ဆင်၍ ကျောင်းသူ၏ မိဘနှစ်ပါးက စီးနင်းကာ မုံရွာ တက္ကသိုလ် ဘွဲ့နှင်းသဘင်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၇ ရက်တွင် ကျင်း ပမည့် မုံရွာတက္ကသိုလ် (၁၇)ကြိမ် မြောက် ဘွဲ့နှင်းသဘင် အခမ်း အနားသို့ လှည်းယဥ်ကြော့ဖြင့် တက်ရောက်ရန် စီစဥ်ခဲ့သော် လည်း စစ်ကိုင်းမြို့မှ ပတ္တမြား လှည်းယဥ်ကြော့ကို ငှားရမ်းမရ သဖြင့် တက်ရောက်နိုင်မည် မဟုတ်ကြောင်း ဦးကျော်ဝင်းက ပြောသည်။ ‘‘နွားလှည်းနဲ့ ဘွဲ့နှင်းသဘင် တက်ရောက်ဖို့ ခွင့်ပြုချက်တင် ထားပါတယ်။ ခွင့်ပြုပေးထားပါ တယ်။ အရင်တုန်းက မရှိခဲ့ဖူး ဘူး။ လှည်းယဥ်ကြော့နဲ့ဆိုတော့ မော်တော်ယာဥ် စည်းကမ်း အတိုင်း ဝင်ရောက်ခွင့်ပြုထားပါ တယ်’’ဟု မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်က ပြောသည်။ အရာရှိအရာခံ ငွေကြေးဓန၊ စီးပွားချမ်းသာသော သားသမီး များသာမက တောသူတောင်သား တောင်သူ လယ်သမားများ၏ သားသမီးများလည်း ပညာတတ် များ ဖြစ်နိုင်သည်ကို သိရှိစေလို သော ရည်ရွယ်ချက်ဖြင့် မြန်မာ့ ရိုးရာ ယဥ်ကျေးမှုနှင့်အညီ ရွှေ လှည်းယဥ်ဖြင့် ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်ခွင့်ပြုရန် မုံရွာတက္ကသိုလ် ပါမောက္ခ ချုပ်ထံ ဒီဇင်ဘာ ၂၂ ရက်က ခွင့် ပြုချက် တောင်းခံခဲ့သည်ဟုဆို သည်။
Source : http://ift.tt/2iXoYPl
via IFTTT

No comments:

Post a Comment