Monday, January 23, 2017

The Voice

Latest New>>> အမြန်​လမ်း ကားမီးလာင်​မှုဖြစ်​စဥ်​ ​နောက်​ဆုံးရ..၁ ဇန်​နဝါရီ ၂၃-ည၇း၃ဝ (၂၁.၁.၂ဝ၁၇) နေ့ အမြန်လမ်း ၄ မိုင် ၂ ဖာလုံ ယာဥ်မီးလောင်မှုနဲ့ပတ်သက်ပြီး အခင်းဖြစ်ပွားချိန်တွင် ယာဥ်မောင်းသူမှာ တစ်ဦးတည်းအသက်ရှင်လွတ် မြောက်သူ ကိုအောင်ခန့် ကိုယ်တိုင်ဖြစ်ကြောင်း ၄င်းကိုယ်တိုင် ယနေ့ နံနက်ပိုင်းတွင် အမြန်လမ်း ၁၁ မိုင်ရဲစခန်းတွင် ဝန်ခံထုတ်ဖော်ပြောကြား လိုက်ပြီဖြစ်ပြီး ရဲစခန်းမှလည်း အဖြစ်မှန်ကို ထုတ်ပြန်ပေးမည်ဟု သိရှိခဲ့ရပါသည်။ ၃၉ မိုင် နားနေစခန်းထွက်ကတည်းက ကားကိုယာဥ်မောင်း ကိုအောင်ခန့် မောင်းလာကြောင်း၊ ကားမှာ အခင်းဖြစ်နေရာအရောက်တွင် ဘယ်ရှေ့တာယာ ပွင့်၊ ဘယ်ဘက်သို့ဆွဲသွားပြီး အလူမီနီယမ် တန်းအုတ်ခုံနှင့်တိုက်မိစဥ် ရှေ့ခေါင်းဘယ်ခြမ်း အတွင်းသို့ကျွံဝင်သဖြင့် ကိုဝင်းထွန်းခြေထောက် ၂ ဖက်လုံးညပ်နေခဲ့ကြောင်း၊ ကိုအောင်ခန့်မှာ ညာဘက်တံခါးဖွင့်ထွက်ပြီး ကိုဝင်းထွန်းဘက်မှ တံခါးကိုသွားဖွင့်ပြီး ဆွဲထုတ်ရာ ခြေထောက်ညပ်ပြီး ထုတ်မရသဖြင့် ကိုဝင်းထွန်းမှ သူ့ကိုမထုတ်ပဲ နောက်ခန်းမှလူများ ကိုကယ်ရန် ပြောရာ နောက်ခန်း ဘယ်တံခါးမှာ တန်းများနှင့်တိုက်မိသောအရှိန်ဖြင့် လုံးဝဖွင့်မရကြောင်း၊ ၄င်းအချိန်တွင်ကားအတွင်းမှ မီးခိုးများအရမ်းထွက်လာနေပြီ ဖြစ်သဖြင့် အနီးသို့ရောက်လာသူများက သူ့အားနောက် ဆုတ်ရန်ပြောစဥ် ပေါက်ကွဲမှု ဖြစ်ပွားကြောင်း ရဲစခန်းမှကနဦးစစ်ဆေးချက်များအရမိသားစုထံရှင်းလင်း ပြောကြားခဲ့သော သတင်းဖြစ်ပါသည်။ ကိုအောင်ခန့်အား မည်သည့်ဥပဒေနှင့်တရားစွဲဆိုသွားမည်ကိုအတည် မပြုနိုင် သေးဘဲလက်ရှိရဲလုပ်ထုံးလုပ် နည်းများအတိုင်းတရား ပဒေဘောင်အတွင်းမှဆောင်ရွက်လျက်ရှိပါကြောင်း။ Zaw Win Khaing #မြတ်သူထွန်း Via Lwin Oo MMA@Ko Gyi Maung
Source : https://goo.gl/vdMdCP
via IFTTT

No comments:

Post a Comment