၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်းနေထိုင်သော မီးသုံးသူပြည်သူများ ဓာတ်လိုက်မှုအန္တရာယ် ကင်းဝေးစေရေးအတွက် ရှုပ်ထွေးဆားဗစ် ဝါယာကြိုးများရှင်းလင်းခြင်း လျှပ်စစ်အန္တရာယ် လုံခြုံစိတ်ချရသော လျှပ်ကာဓာတ်အား လိုင်းကြိုးများဖြင့် လဲလှယ်တည်ဆောက်ခြင်း လျှပ်စစ်ဓာတ်ကြိုးများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို "ပြည်သူပါဝင်သော လျှပ်စစ် အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစီမံချက်" အနေဖြင့် ယခုအပတ်၌ (၁၀.၁.၂၀၁၇)ရက်နေ့ (အင်္ဂ ါနေ့)နှင့် (၁၂.၇.၂၀၁၇)ရက်နေ့ (ကြာသပတေးနေ့)များတွင်သာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၂။ (၁၀.၁.၂၀၁၇) ရက်နေ့တွင် ဒဂုံဆိပ်ကမ်း၊ ဒဂုံမြောက်၊ ဒဂုံအရှေ့၊ ဒဂုံတောင်၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွှန့်၊ ကြည့်မြင်တိုင်၊ လှိုင်၊ ကျောက်တံတား၊အလုံ၊ ဗဟန်း၊ စမ်းချောင်း၊ မရမ်းကုန်း၊ ကော့မှူး၊ ကျိုတ်ထော်၊ ကွမ်းခြံကုန်း၊ သန်လျှင်၊ ကျောက်တန်း၊ လှည်းကူး၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ တိုက်ကြီး၊ ဥက္ကံ၊ ဒါးပိန်၊ ဖောင်ကြီး၊ အင်းတိုင်၊ အဖျောက်မြို့နယ်များ၏ ရပ်ကွက်အချို့ CNGဆိုင်အချို့နှင့် စက်မှုဇုန် အချို့တို့တွင် (၁၂းဝဝ)နာရီမှ(၁၄းဝဝ)နာရီ အတွင်းယာယီဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပါသည်။ ၃။ (၁၂.၁.၂၀၁၇) ရက်နေ့တွင် သာကေတ၊ ဒေါပုံ၊ ဒဂုံမြောက်၊ မင်္ဂလာတောင်ညွှန့်၊ လှိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ ဗဟန်း၊ အလုံ၊ ကြည့်မြင်တိုင်၊ သုံးခွ၊ တံတား၊ ဒလ၊ သန်လျှင်၊ ကျောက်တန်း၊ ဆိပ်ကြီးခနောင်တို၊ ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ထောက်ကြန့်၊ မှော်ဘီ၊တိုက်ကြီး၊ လှည်းကူး၊ ဥက္ကံ ်မြို့နယ်များ၏ ရပ်ကွက်အချို့ CNGဆိုင်အချို့နှင့် စက်မှုဇုန်အချို့တို့တွင် (၁၂းဝဝ)နာရီမှ(၁၄းဝဝ)နာရီ အတွင်းယာယီဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပါသည်။ ၄။ 230kV သာကေတပင်မဓာတ်အားခွဲရုံ၏ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများအား လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည် ဖြစ်သဖြင့် (၁၂.၁.၂၀၁၇)ရက်နေ့(ကြာသပတေးနေ့)တွင် မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ ရန်ကင်း၊ တာမွေ၊ ဗဟန်း၊မင်္ဂလာတောင်ညွှန့် မြို့နယ်များ၏ရပ်ကွက်အချို့CNGဆိုင်အချို့ တို့တွင်(၁၀းဝဝ)နာရီမှ(၁၄းဝဝ)နာရီအတွင်း ယာယီဓာတ်အားပြတ်တောက်မှုများရှိမည် ဖြစ်ပါသည်။ ၅။ ယခုပန်ကြားလွှာ၌ဖော်ပြပါရှိသော မြို့နယ် များ၏ ရပ်ကွက်အချို့နေရာအချို့တို့တွင်သာ အချိန်ပိုင်းဓာတ်အားပြတ်တောက်မည်ဖြစ်ပြီး မြို့နယ်တစ်မြို့နယ်လုံးလျှပ်စစ်မီးပြတ်တောက် မှုမျိုးမဟုတ်ပါကြောင်းနှင့်ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အလေးထားဆောင်ရွက်ရသည့်လုပ်ငန်း ဖြစ်ပါသဖြင့် ယာယီဓာတ်အားပြတ်တောက် မှုကြောင့် လူမှုရေးအခက်ခဲများပေါ်ပေါက်နိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အများ ပြည်သူများထံသို့ လေးစားစွာအသိပေး ပန်ကြားအပ်ပါသည်။
Source : http://ift.tt/2jvGhKC
via IFTTT
No comments:
Post a Comment