အသစ်ပြေးဆွဲလာမယ့် ဘတ်စ်ကားတွေမှာ ပြည်သူတွေကိုဘယ်ကားဘယ်လို စီးရမယ်ဆိုတာကို ရန်ကုန်မြို့မြို့နယ်အသီးသီးက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေက ပါဝင်ကူညီဆောင်ရွက်ကြမယ်လို့ သိရပါတယ်။ “အစ်မတို့မြို့နယ်အနေနဲ့တော့ အဲဒီရက်မတိုင်ခင် စနေ၊တနင်္ဂနွေရက်တွေမှာ အစ်မအပါအဝင် ကူညီပေးမယ့် ဗော်လန်တီယာတွေနဲ့ကြိုပြီး ပန်းဖလက်ဝေတာမျိုးစလုပ်ပေးမယ်။ပြီးတော့ ၁၆ ရက်နေ့မှာလည်းကားဂိတ်တွေမှာ လူတွေချထားတာမျိုးတွေတော့ လုပ်မယ်စဥ်းစားထားတယ် ပန်းဖလက်ဝေရင်း နဲ့ဘယ်လိုစီးရမယ်ဆိုတာမျိုးကို အစ်မတို့အသေးစိတ်ရှင်းပြပေးမှာပါ “လို့ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။ ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်တွေရဲ့ ကားဂိတ်တွေမှာ ဘယ်လိုကူညီသွားမယ်ဆိုတာ အသေးစိတ် အစည်းအဝေးထိုင်ဖို့ရှိတယ်လို့သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်ပြီး အဆိုပါယာဥ်လိုင်းအသစ်ပြေးဆွဲဖို့ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတွေကို ဘတ်စ်ကားလိုင်းသစ်တွေနဲ့ ပတ်သတ်လို့ လမ်းညွှန်ရာမှာလည်း မြို့နယ်အသီးသီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ ပါတီဝင်မဟုတ်တဲ့ပြည်သူတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ ၁၆ ရက်နေ့မှာကျွန်တော်တို့မြို့နယ်မှာရှိတဲ့ ကားမှတ်တိုင်တွေမှာ ဗော်လန်တီယာတွေနဲ့မှတ်တိုင် တစ်ခုစီမှာဘယ်လောက်ဆိုတာမျိုး လူခွဲပြီးလုပ်ဆောင်သွားမှာပါ ပြည်သူအတွက်ကော အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ခြင်းမျိုးလည်း ဖြစ်ပါတယ်”လို့ မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပညာပေးအစီအစဥ်ကို ကြိုပြီးလုပ်ဆောင်သွားဖို့ အစီအစဥ်ရှိတယ်လို့သိရပါတယ်။ “လာမယ့်၁၃ရက်နေ့မှာ အစိုးရကနေပြီးတော့ အဲကိစ္စနဲပတ်သက်ပြီး လုပ်ဆောင်ရမှာတွေကို ချမှတ်ဖို့ရှိတယ် ၁၆ ရက်နေ့က ရုံးဖွင့်ရက်လည်းဖြစ်တယ်ဆိုတော့အဲနေ့မှထလုပ်လို့ အဆင်မပြေဘူးပေါ့၁၆ ရက်နေ့မတိုင်ခင်ကတည်းက ကျွန်တော်တို့ကြိုတင်စီစဥ်ထားတာရှိပါတယ်။မနက်ခင်းကနေစပြီး ဖြန့်ထားမှာဖြစ်ပါတယ်။ ဘယ်လိုဘယ်ပုံချရမယ်ဆိုတာကတော့ ၁၃ ရက်နေ့မှာမြို့နယ်အလုပ်အမှုဆောင် နဲ့တိုင်ပင်ပြီးတော့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်”လို့ လှိုင်သာယာမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမောင်ကပြောပါတယ်။ “ကားလိုင်းအသစ်တွေပြောင်းတာတော့ ကောင်းပါတယ်ဒါပေမယ့် အဲ့နေ့ကိုဘယ်လိုစီးရမယ် ဘယ်ကားစီးရမယ်ဆိုတာကိုသေသေချာချာနားမလည်သေးတော့ ယာဥ်စီးခပဲပိုပေးရမှာလား ကားတွေပဲမှားစီးမိ မလားဆိုတာ မသိသေးတော့ နည်းနည်းတော့စိုးရိမ်တာပေါ့“ လို့မြောက်ဥက္ကလာမှာနေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။ လာမယ့်ဇန်နဝါရီလ ၁၆ ရက်နေ့မှာဆိုရင်ရန်ုကုန်မြို့တွင်းမှာ ဘတ်စ်ကားလိုင်းသစ် ၆ဝ နဲ့အစားထိုးပြီး ပြေးဆွဲရတော့မှာဖြစ်ပါတယ်။ Author ဝင်းနန္ဒာ၊နှင်းနှင်း Photo Credit -ကြည်ပြာ
Source : http://ift.tt/2judIcD
via IFTTT
No comments:
Post a Comment