Tuesday, July 25, 2017

7Day News Journal

မွန်ပြည်နယ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့ရေး အခြေစိုက် စခန်းတစ်ခု တည်ဆောက်မည် မွန်ပြည်နယ် သံဖြူ ဇရပ်မြို့နယ် ကျိုက္ခမီမြို့ ပင် လယ်ကမ်းစပ်အနီးတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့ရေး အခြေစိုက် စခန်းတစ်ခု တည်ဆောက်မည် ဖြစ်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့ရုံးမှ သတင်းရရှိသည်။ အဆိုပါ ထောက်ပံ့ရေးစခန်း တည်ဆောက်မှုသည် မွန်ပြည် နယ် အစိုးရသစ်လက်ထက်တွင် ပထမဆုံး စီမံကိန်းတစ်ခုဖြစ် ကြောင်း မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်က ဆိုသည်။ ‘‘ပြည်နယ်အစိုးရကို လုပ်ဖို့ တော့လာပြောထားတယ်။ ဒီစီမံ ကိန်းကို ဘယ်တော့ အကောင်အ ထည်ဖော်မယ်ဆိုတာ ရက်အတိ အကျ မသိသေးဘူး။ ပြည်ထောင် စုက ခွင့်ပြုချက်နဲ့ တည်ဆောက် မယ်။ စီမံကိန်းလုပ်ရင်တော့ ပြည် နယ်အတွက် အခွန်ငွေ ပိုရမယ်။ ဒေသခံတွေ အလုပ်အကိုင် အခွင့် အလမ်းတွေ တိုးမယ်ဆိုတော့ ကောင်းကျိုးဖြစ်တာပေါ့’’ဟု ဦးမင်းထင်အောင်ဟန်က ပြောသည်။ ယင်းစီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်ရန် ဇူလိုင် ၁၁ ရက် နေပြည်တော်တွင် ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင် အစည်းအဝေး ၌ ဆုံးဖြတ်ခဲ့သည်။ Myanmar Offshore Supply Base Limited (MOSB) အခြေစိုက်စခန်း တည်ဆောက်ပြီးပါက ကမ်းလွန်ရေနံ လုပ်ငန်း များသို့ ဒီဇယ်အပါအဝင် လုပ်ငန်း သုံးပစ္စည်းများ ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုဝန်ကြီးဌာနမှ သိရသည်။
Source : http://ift.tt/2uwii0N
via IFTTT

No comments:

Post a Comment