Friday, July 28, 2017

ဧရာဝတီ - Covering Burma and Southeast Asia

ပြည်တွင်းမှာ ဈေးကွက်ဝင်လာမှု အချိန်ကြာလာတာနဲ့ အမျှ အောင်မြင်မှု ရရှိလာတဲ့ KTMရဲ့ တန်ဖိုးမြင့်မော်ဒယ် Adventure 1190 အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ အင်ဂျင်စနစ် အထူးကြီးမားမှုက လူတိုင်း လက်ခံနှစ်သက်ဖု့ိ ခက်ချင်ပေမယ့် စွမ်းဆောင်ရည်မြင့်မြင့်နဲ့ မော်ဒယ်ကို လိုချင် သူတွေအတွက်ကတော့ သဘောကျစရာပါ။ အင်ဂျင်စနစ်က ၇၅ ဒီဂရီအစောင်း အနေအထား ထည့်သွင်းတပ်ဆင်ထားတဲ့ ၁၁၉၅ စီစီ အရွယ် LC8 V-twin အင်ဂျင်စ နစ်ဖြစ်ပြီး အလွယ်တမ်း ပြောရရင် လက်ရှိ ပြည်တွင်းဈေးကွက်ထဲက ၁.ဝလီတာသုံး အင်ဂျင်တပ် Carryလို မော်ဒယ်ရဲ့ အင် ဂျင်ထက်တောင်မှ နည်းနည်း အရွယ်ကြီးချင်သေးတယ်။ သူက လည်ပတ်အား တမိနစ် အပတ်ရေ ၉၃၆၀ မှာတင် မြင်းကောင်ရေ ၁၂၈.၈ ကောင်အား ထိအောင် ထုတ်လုပ်ပေးနိုင် မှာပါ။ စွမ်းဆောင်ရည်မြင့်ဆိုင်ကယ် ဆိုပေမယ့် လမ်းကြမ်းမောင်း ဦးစားပေး ပုံစံ မဟုတ်လို့ ရုန်းအား အပိုင်းမှာတော့ လျော့ထား တာ တွေ့ရပြီး ၈၁.၃ပေါင်ပဲ ရှိတာ တွေ့ရပါတယ်။ ဒါပေမယ့် အလွယ်ဆုံး ရှေ့ထွက် Adventure 990 မော်ဒယ်ဆိုရင် အင် ဂျင်စနစ်က ၁၀၀၀ စီစီသုံး အင်ဂျင်တပ်ဆင်ထားပေမယ့် စွမ်းအင်မှာ မြင်းကောင်ရေ ၈၉ ကောင်ပဲ ထွက်ရှိလို့ အခု အင်ဂျင်က စွမ်းအင်ထုတ်လုပ်မှု သိသိသာသာ ပိုမို ကောင်းမွန်လာတာပါ။ အဓိက ပြိုင်ဘက်အနေနဲ့တော့ နာမည်ကျော် Ducati Multistradaကို ပြိုင်ဆိုင်ရဖို့ ရှိနေပြီး ဒီမော်ဒယ်ကတော့ မြင်းကောင် ရေ ၁၃၄ ကောင်အား ထွက်ရှိတာ တွေ့ရပါတယ်။ အခု မော်ဒယ်မှာ သဘောကျစရာကောင်းတာတချက်က အင်ဂျင်အအေးခံ စနစ်ပါ။ BMW ကနေ ဖန်တီးပေးထားတဲ့ R1200GS အမည်ရှိ အင်ဂျင်အအေးခံစနစ် ထည့်သွင်းပေးထားလို့ ခရီးဝေးရော မြန်နှုန်းမြင့်ပါ စိတ်ကြိုက် မောင်းနှင်နိုင် လာတာပဲ ဖြစ်ပါတယ်။ မော်ဒယ်က ခရီးစဉ် တမိုင်ရဲ့လေးချိုးတချိုးကို ၁၀.၆၈ စက္ကန့်တည်းနဲ့ ရောက်ရှိတယ်၊ ဒီလို တမိုင်ရဲ့ လေးချိုးတချိုးကို အ မြန်ဆုံး မောင်းနှင်နေချိန်မှာ သူ့ရဲ့အမြန်နှုန်းက ၁၂၈.၇၁မိုင်နှုန်းနဲ့ မောင်းနှင်နိုင်နေတယ်၊ မော်ဒယ်ကို အမြန်ဆုံးအနေနဲ့ တနာရီ မိုင် ၁၅၀ ထိအောင် မောင်းနိုင်တယ်။ လမ်းကြမ်းမှာ စိတ်ကြိုက် မဖြစ်ပေမယ့် ကန္တာရအတွင်းလို သွေ့ခြောက်တဲ့လမ်းမှာတော့ လမ်းကြမ်းအနေအထားဖြစ်သည့် တိုင်အောင် အကောင်းဆုံး ရုန်းကန်နိုင်တာ တွေ့ရပါတယ်။ မော်ဒယ်က လျှပ်စစ်စနစ်နဲ့ စက်နှိုးနိုင်တယ်၊ ဆီဂါလံ ၆.၁ ဂါလံထိအောင် ဆံ့ဝင်တယ်၊ ထိုင်ခုံက မြေပြင်ကနေ ၃၅လက်မ အမြင့်မှာ ရှိတယ်၊ ရှေ့ဘက် Suspensionစနစ် ကို Tube Diameterနဲ့ ထိုင်ထားပြီး နောက်ဘက် Suspensionစနစ်မှာ Single Shock ကို ထိုင်ထားတာပါ။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာ တနာရီ မိုင် ၄၀နှုန်းကနေ ၆၀နှုန်းကို မောင်းနှင်သူရဲ့ပုံစံအပေါ် မူတည်ပြီး အချိန် ၃.၂စက္ကန့်နဲ့ ရောက်အောင် မောင်းနှင်နိုင်တယ်။ ဆီတဂါလံကို ပျမ်းမျှ ၃၆မိုင်လောက်ထိအောင် စီးနင်းနိုင်တယ်၊ ဒါက အခြား အင်ဂျင် အသေးစားနဲ့အလတ်စားတပ် မော် ဒယ်တွေထက် ဆီစားနှုန်း သိသိသာသာ ပိုချင်နေပေမယ့် သူ့ရဲ့အင်ဂျင်အရွယ်နဲ့စာရင်တော့ သင့်ပါတယ်။ ဆီတိုင်ကီ အပြည့်နဲ့ ဆိုရင်တော့ ခရီးမိုင် ၂၂၆မိုင်လောက် ရောက်မှာပါ။ ဘရိတ်ပိုင်းမှာက တနာရီ မိုင် ၃၀နှုန်းက ရပ်တန့် မယ်ဆိုရင် အကွာအဝေး ပေ ၃၀မှာပဲ ရပ်ပြီး အကောင်းဆုံးသော ဘရိတ်စွမ်းဆောင်ရည်ကို တွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်မှာတော့ တန်ကြေးမြင့်မော်ဒယ် ဖြစ်လို့ Adventure 1190 ကို နေရာတိုင်းမှာ အစီးမများပေမယ့် မန္တ လေး၊ တောင်ကြီး၊ တောင်ငူနဲ့ မုံရွာနယ်တွေဘက်မှာ လူငယ်ကြိုက် အလှစီးမော်ဒယ်အနေနဲ့ စီးနင်းမှုများတာ တွေ့ရပြီး ၂၀၁၅ ခုနှစ်ထုတ် ကီလို သုည Adventure 1190 မော်ဒယ်ကို ဈေးနှုန်း သိန်း ၂၄၀ လောက်နဲ့ ရနိုင်နေတာတွေ့ရပါတယ်။ The post appeared first on ဧရာဝတီ.
Source : http://ift.tt/2tIBneV
via IFTTT

No comments:

Post a Comment