H1N1 လူနာ ၅ ဦး ထပ်တိုး ယနေ့တွင် ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009) ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅ ဦး ထပ်မံ တိုးလာပြီး ထပ်မံ သေဆုံးသူ မရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ဧရာဝတီသို့ ပြောကြားသည်။ “မနေ့ကသေတဲ့ စာရင်းအတိုင်း အားလုံးပေါင်း ၆ ဦးပဲ။ ထပ်ပြီးသေတာ မရှိဘူး ပိုးတွေ့တာကတော့ ၅ ဦး ထပ်တွေ့တယ်။ ရန်ကုန်မှာ ၄ ယောက် ပဲခူးတိုင်းက ၁ ယောက်” ဟု ဒေါက်တာ သန်းထွန်းအောင် က ပြောသည်။ ယခု H1N1 ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၅ဦးသည် ရန်ကုန်ဆေးရုံကြီးတွင် ၃ဦး ၊ မြောက်ဥက္ကလာ ဆေးရုံကြီး တွင် ၁ဦး ၊ ရန်ကုန် အရှေ့ပိုင်း ဆေးရုံကြီးတွင် ၁ ဦး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။ ဇူလိုင်လ ၁၉ ရက် မှ ဇူလိုင်လ ၂၈ ရက်နေ့အထိ ယခုထပ်မံတွေ့ရှိသူ ၅ ဦး အပါအ်ဝင် ရာသီတုပ်ကွေး H1N1 လူနာ ၃၅ ဦး အနက် ၆ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှသိရ သည်။ The post H1N1 လူနာ ၅ ဦး ထပ်တိုး appeared first on ဧရာဝတီ.
Source : http://ift.tt/2u4M76K
via IFTTT
No comments:
Post a Comment