Saturday, July 29, 2017

The Voice

Facebook အကျိုးအမြတ်များ မြင့်တက် ကမ္ဘာကျော် ဆိုရှယ်မီဒီယာကြီးတစ်ခု ဖြစ်သည့် Facebook ၏ အကျိုးအမြတ်များသည် ယမန်နှစ်ကထက် ၇၁ ရာခိုင်နှုန်း မြင့်တက်သွားပြီး ယခုနှစ်ဝက်ပိုင်းတွင်ပင် ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံ ရှိသွားပြီ ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ Facebook ရှယ်ယာများသည်လည်း ၂ ရာခိုင်နှုန်း မြင့်တက်ကာ ရှယ်ယာတစ်စောင် ပေါက်ဈေးမှာ ၁၆၆ ဒသမ ၈၃ ဒေါ်လာ ဖြစ်သွားခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် Facebook သုံးစွဲနေသူပေါင်း ၂ ဘီလျံကျော် ရှိနေပြီး အမြတ်ငွေများကို ကြော်ငြာများက ရရှိနေခြင်းဖြစ်ကာ၊ ယခုအခါ ဒေါ်လာ ၃၅ ဒသမ ၅ ဘီလီယံကျော် ပိုင်ဆိုင်ထားသည့် ကုမ္ပဏီကြီး ဖြစ်ကြောင်း AFP သတင်းတွင် ရေးသားထားသည်။
Source : https://goo.gl/Q34Q8k
via IFTTT

No comments:

Post a Comment