Bill Gates ကို ကျော်တက်ပြီး ၆ နာရီကြာ ကမ္ဘာ့ အချမ်းသာဆုံး လူသားဖြစ်ခဲ့တဲ့ Jeff Bezos ပြီးခဲ့တဲ့ ကြာသပတေးနေ့ နံနက်ပိုင်းမှာ Amazon ရဲ့ စတော့များဟာ ဈေးခုန်တက်ခဲ့ပြီး Jeff Bezos ဟာ Microsoft ရဲ့ ပူးတွဲတည်ထောင်သူ Bill Gates ကို ကျော်တက်၍ ကမ္ဘာ့ အချမ်းသာဆုံး လူသားဖြစ်ခဲ့တယ်လို့ Bloomberg က ဖော်ပြထားပါတယ်။ ဒါပေမယ့် အမေဇုန် သူဌေး Jeff Bezos ရဲ့ ကမ္ဘာ့ အချမ်းသာဆုံး လူသား စံချိန်ဟာ ၆ နာရီသာ ခံခဲ့ပါတယ်။ Bloomberg ရဲ့ Billionaire Wealth Index အရ အဲဒီ နေ့ နံနက်ပိုင်းမှာ Jeff Bezos ဟာ အမေဇုန်ရဲ့ စတော့ဈေး မြင့်တက်မှုကြောင် ဒေါ်လာ ၉၀.၆ ဘီလီယမ် ပိုင်ဆိုင်ရာကနေ စတော့ဈေးကွက် ပိတ်ချိန်မှာတော့ ၈၉.၈ ဘီလီယမ်သို့ ကျဆင်းခဲ့ပြီး Bill Gates ဟာ ကမ္ဘာ့ အချမ်းသာဆုံး လူသား နေရာကိုပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ The New York Times က အမေဇုန်ဟာ စာအုပ်လုပ်ငန်း အပြင် အခြားနယ်ပယ်များသို့ အခြေချနေပြီဆိုတဲ့ ဆောင်းပါးကို ရေးသားခဲ့ဖူးပါတယ်။ ၁၀ စုနှစ် နှစ်ခုကြာပြီး ယခုအချိန်မှာတော့ အမေဇုန် တည်ထောင်သူဟာ ကမ္ဘာ့ အချမ်းသာဆုံး လူသားအဖြစ် စံချိန်တင်နိုင်ခဲ့ပါပြီ။ Bill Gates နဲ့ Jeff Bezos တို့ဟာ ဒေါ်လာ ၉၀ ဘီလီယမ်ခန့် ချမ်းသာကြတဲ့ လူများဖြစ်ပြီး အီသီယိုးပီးယားနဲ့ သီရိလင်္ကာနိုင်ငံများရဲ့ GDP ထက်တောင် ပိုမိုများပြားတဲ့ ငွေကြေး ဖြစ်ပါတယ်။
Source : http://bit.ly/2tOLOld
via IFTTT
No comments:
Post a Comment