H1N1 ကာကွယ်ဆေးကို ကျန်းမာရေး ဝန်ထမ်များအတွက် ဦးစားပေးမည် နေပြည်တော်၊ ဇူလိုင် ၂၈ မြန်မာနိုင်ငံ ဒေသအချို့တွင် ကူးစက်နေသော H1N1 တုပ်ကွေးရောဂါ ကာကွယ်ဆေး (ထိုးဆေး) ကို ကျန်းမာရေးဝန်ထမ်းများ အတွက် ပြည်ပမှ ဦးစားပေး မှာယူထားကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်ထွန်းအောင်က ပြောကြားသည်။ ဆေးရုံးများရှိ ကျန်းမာရေးဝန်ထမ်များအတွက် ပြည်ပမှ ဦးစားပေး မှာယူရခြင်းမှာ H1N1 ရောဂါကူးစက်ခံရသူများ ရောက်ရှိလာလျှင် ပထမဆုံး ကျန်းမာရေးဝန်ထမ်များက အနီးကပ်ဆုံး ရှိခြင်းနှင့် ရောဂါသည်များကို ကုသပေးရမှုကြောင့် အန္တရာယ်ရှိသည် အနေအထား များကြောင့် ကြိုတင်ကာကွယ်သည် အနေဖြင့် ထိုးထာရမည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများအပြင် အရေးကြီပုဂ္ဂိုလ်များ အတွက်လည်း ပါဝင်ကြောင်း၊ တုပ်ကွေးရောဂါနှင့် ပတ်သက်ပြီး ကာကွယ်ဆေးများကို လူမှုအဖွဲ့အစည်းများက လှူဒါန်းမှုများ ရှိနေသည့်အပြင် အခြားနိုင်ငံများမှလည်း ကာကွယ်ဆေး အလုံးရေ တစ်သောင်းငါးထောင်ခန့် လှူဒါန်ထားသည်ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ပြောကြားသည်။ “ကျန်းမာရေးဝန်ထမ်းတွေ ဆက်ကုနိုင်မှ လူနာတွေ အသက်ရှင်မှာလေ ဒါကြောင့် ဦးစားပေးတာပေါ့” ဟု ၎င်းက ဆိုသည်။ H1N1 နှင့် ပတ်သက်ပြီး ကုသရာတွင် လိုက်နာရမည့် လမ်းညွှန်ချက်ကို ကျေးရွာသားဖွားဆရာမမှအစ အစိုးရ ဆေးရုံဆေးခန်များ ပုဂ္ဂလိကဆေးရုံများပါ လိုက်နာဆောင်ရွက်ရန် ယနေ့ ထုတ်ပြန်လိုက်ကြောင်း၊ ဆေးရုံများရှိ ဝန်ထမ်းများအတွက် နှာခေါင်းစည်းများ၊ လက်ဆေး ဂျယ်ဆပ်ပြာများ၊ ကုသရေးဆေးဝါးများကို လုံလောက်စွာ ပေးထားပြီ မကြာမီ WHO မှ ကုသရေးဆေးဝါး များ ထပ်မံရောက်ရှိလာမည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန တာဝန်ရှိသူများက ထပ်မံရှင်းပြသည်။ ဇူလိုင် ၂၆ မှ ယနေ့အထိ H1N1 ရောဂါဖြစ်ပွားသူ ၃၅ ဦးရှိပြီး ၆ ဦး သေဆုံးကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ စုံးစမ်းသိရှိရသည်။
Source : https://goo.gl/NKY2Fx
via IFTTT
No comments:
Post a Comment