Friday, July 28, 2017

ဖမ်းဆီးခံ သတင်းထောက် ၃ ဦး အာမခံလျှောက်ထားမှု တရားရုံး လက်ခံ

ဖမ်းဆီးခံ သတင်းထောက် ၃ ဦး အာမခံလျှောက်ထားမှု တရားရုံး လက်ခံ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးခံထားရသည့် သတင်းသမား ၃ဦး အပါအဝင် အမျိုးသား ၆ ဦး အာမခံရရှိရေးကို ယနေ့ သီပေါမြို့နယ် တရားရုံးထုတ်တွင် ၎င်းတို့၏ ရှေ့နေများက လျှောက်ထားခဲ့ကြောင်း သိရသည်။ အာမခံလျှောက်ထားမှုကို သီပေါမြို့နယ် တရားသူကြီးက လက်ခံခဲ့ပြီး သြဂုတ်လ ၄ ရက်နေ့ ရုံးချိန်းတွင် အာမခံပေး၊ မပေးကို ဆုံးဖြတ်မည်ဖြစ်ကြောင်း တရားခွင်အတွင်း ပြောကြားခဲ့သည်။ ဧရာဝတီမှ သတင်းထောက် ကိုလဝီဝမ်၏ ရှေ့နေ ဒေါ်ခင်မိမိက “အာမခံလျှောက်ထားတာကို တရားသူကြီး က လက်ခံထားတယ်၊ ဒီအမှု က အာမခံပေးလို့ရတဲ့ကိစ္စဖြစ်တယ်၊ တရားသူကြီးအနေနဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါ တယ်”ဟု ပြောသည်။ ရုံးချိန်းသို့ တရားလိုဖြစ်သည့် ခြေမြန်တပ်ရင်း(ခမရ ၅၀၃)မှ တပ်ရေးဗိုလ်ကြီး ဗိုလ်သက်နိုင်ဦးလည်း လာ ရောက်ထွက်ဆိုခဲ့ပြီး သတင်းသမားများအနေဖြင့် သတင်းသွားယူရာတွင် နယ်မြေခံတပ်ရင်း၊ ရဲစခန်း၊ အုပ်ချုပ်ရေးမှူးရုံး စသည်တို့ထံ ခွင့်ပြုချက် ရယူခဲ့ခြင်းမရှိ၍ အရေးယူရန် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ယင်းသို့ ပြောဆိုချက်နှင့် ပတ်သက်၍ မိမိအနေဖြင့် သတင်းထောက်များ ဖြစ်သည့်အပြင် နိုင်ငံသားများဖြစ် သည့်အတွက်လည်း မိမိတို့နိုင်ငံအတွင်း လွတ်လပ်စွာသွားလာရန် အခွင့်အရေးရှိကြောင်း ဧရာဝတီသတင်း ထောက် ဦးသိန်းဇော်(ခ) လဝီဝမ်က ပြောဆိုခဲ့သည်။ ဖမ်းဆီးခံထားရသည့် DVB သတင်းဌာနမှ သတင်းထောက် ဦးအေးနိုင်က “ကျနော်တို့သွားတဲ့လမ်းမှာ ဂိတ်မှာရှိတဲ့တပ်ကို ကျနော်တို့ကတ်တွေ၊ မှတ်ပုံတင်တွေ ပြခဲ့တယ်၊ မူးယစ်ဆေးတွေ မီးရှို့တဲ့ နေရာ မှာလည်း အစိုးရက ကြီးကြပ်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုယ်တိုင်လည်း ပါဝင်ခဲ့တာရှိပါတယ်”ဟုု ပြောသည်။ ဖမ်းဆီးခံ သတင်းသမားများအား လက်ရှိတွင် သီပေါမြို့နယ် အကျဉ်းထောင်၌ ထိန်းသိမ်းထားပြီး ၎င်းတို့နှင့် ပတ်သက်သည့် သတင်းများကို ထောင်ကဖတ်ရှုခွင့်မပေးဘဲ အထက်မှညွန်ကြားချက်ဟုဆိုကာ ၎င်းတို့ပါဝင် သည့်သတင်းများကို ထောင်က ဆုတ်ဖြဲယူထားကြောင်း သတင်းသမားများက ပြောသည်။ DVB သတင်းဌာန၏ ရှေ့နေ ဦးမောင်မောင်ဝင်းက “ထောင်ထဲမှာ သတင်းဖတ်ခွင့် ရှိပါတယ်၊ အခု ဖြတ်ပြီးမှ ပို့တဲ့ကိစ္စမျိုးကို ကျနော်တို့ရှေ့နေအဖွဲ့က အကျဉ်းထောင်နဲ့ ညှိနှိုင်းပေးပါမယ်” ဟု ပြောသည်။ ဖမ်းဆီးခံထားရသည့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးသိန်းဇော်(ခ)လဝီဝမ်၊ ဒီမိုကရက်တစ် မြန် မာ့အသံ(DVB) သတင်းဌာနမှ သတင်းထောက်ဦးအေးနိုင်နှင့် ကိုပြည့်ဘုန်းနိုင်တို့မှာ ဇွန်လ ၂၆ ရက်နေ့ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) နယ်မြေတွင် ပြုလုပ်သည့် မူးယစ် ဆေးဝါး မီးရှို့ဖျက်ဆီးပွဲသို့ သတင်းသွားရောက် ရယူပြီးအပြန်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ The post ဖမ်းဆီးခံ သတင်းထောက် ၃ ဦး အာမခံလျှောက်ထားမှု တရားရုံး လက်ခံ appeared first on ဧရာဝတီ.
Source : http://ift.tt/2w5Ol77
via IFTTT

No comments:

Post a Comment