H1N1 နှင့် ပတ်သက်ပြီး လွှတ်တော်တွင် အရေးကြီး အဆို တင်သွင်း ရာသီတုပ်ကွေးရောဂါ H1N1 နှင့် ပတ်သက်ပြီး ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် အစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆိုတခုကို ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် တင်သွင်းရာ လွှတ်တော်က လက်ခံ ဆွေးနွေးရန် သဘောတူလိုက်ကြောင်း သတင်းရရှိသည်။ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် အသေအပျောက် နည်းပါးရေး အတွက် လူနေ ထူထပ်သော ကျောင်း၊ ဈေး၊ စက်ရုံ၊ အလုပ်ရုံ၊ ရထား၊ ဘတ်(စ်)ကား၊ သဘောၤဆိပ်၊ လေဆိပ်များ အထိ ပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင် ရွက်ပေးရန် ဖြစ်သည်ဟု ဆိုသည်။ ယင်း အဆိုကို အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) မှ ကျောင်းကုန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက တင်သွင်းလိုက်ခြင်း ဖြစ်ကြောင်း၊ မည်သည့်ရက်တွင် လက်ခံ ဆွေးနွေး မည်ကိုမူ မသိရသေးကြောင်း လွှတ်တော် အသိုင်းအဝိုင်းက ပြောသည်။ “H1N1 2009 ရောဂါ လက္ခဏာအကြောင်း ပြည်သူလူထု ပိုမိုသိရှိနားလည်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ H1N1 ရောဂါထိန်းချုပ်ရေးကို ပြည်သူများနှင့်အတူ ဆောင်ရွက်နိုင်ရေးအတွက် ဖြစ်ပါတယ်”ဟု ဦးသိန်းထွန်းက လွှတ်တော် တွင် ပြောသည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် လက်ရှိ အစိုးရ၏ ဆောင်ပုဒ်ဖြစ်သော “ပြည်သူနှင့်အတူ”ဆိုသည့် ဆောင်ပုဒ် အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်၍ အစိုးရအဖွဲ့၊ ဝန်ကြီးဌာနများ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကြက်ခြေနီ၊ မီးသတ်၊ မိခင်နှင့် ကလေး၊ အမျိုးသမီး ရေးရာတို့နှင့် ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့များက ပူးပေါင်း၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာ စောနိုင်ကလည်း ၎င်းတို့ အနေဖြင့် အစိုးရ၏ H1N1 ထိန်းချုပ်ရေး ဆောင်ရွက်ချက်များကို စောင့်ကြည့်နေပြီး လိုအပ်မှသာ လွှတ်တော်သို့ တင်ပြရန် စီစဉ် ထားသော်လည်း ကြံ့ခိုင်ရေးပါတီက အရေးကြီး အဆိုအဖြစ် တင်ပြလာခြင်း ဖြစ်ကြောင်း၊ ယခု တင်ပြချက်ကိုလည်း ကြိုဆိုကြောင်း ဧရာဝတီသို့ ပြောသည်။ “ပညာပေးတာကတော့ ကောင်းတယ်။ ဘယ်လို ကာကွယ်ရမယ်ဆိုတာ ပြည်သူလူထုက ရှင်းရှင်းလင်းလင်းသိ The post H1N1 နှင့် ပတ်သက်ပြီး လွှတ်တော်တွင် အရေးကြီး အဆို တင်သွင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2v5EOQf
via IFTTT
No comments:
Post a Comment