Monday, July 31, 2017

7Day News Journal

ရန်ကုန်ရှိ နည်းပညာတက္ကသိုလ် သုံးခုတွင် လုပ်ငန်းခွင် ကျွမ်းကျင်မှု နည်းပညာ သက်မွေးသင်တန်းများ ဖွင့်မည် ရန်ကုန်တိုင်းရှိ နည်း ပညာတက္ကသိုလ်သုံးခုတွင် လုပ်ငန်းခွင်ကျွမ်းကျင်မှု နည်းပညာ သက်မွေး သင်တန်းများကို ယခု နှစ်အတွင်း ဖွင့်လှစ်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောသည်။ သန်လျင်၊ လှိုင်သာယာ၊ မှော်ဘီမြို့နယ်တို့ရှိ နည်းပညာ တက္ကသိုလ်များတွင် ညပိုင်းသင် တန်းများ ဖွင့်လှစ်နိုင်ရန် စီစဉ်နေ ပြီး နိုင်ငံတကာကဲ့သို့ပင် စက်မှုဇုန်များကို နောက်ခံထားသည့် တက္က သိုလ်များဖြစ်အောင် ဆောင်ရွက် မည်ဟု ဝန်ကြီးချုပ်က ပြောကြားသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် စက် မှုဇုန်များကို တက္ကသိုလ်များက နည်းပညာနှင့် ကျွမ်းကျင်လုပ် သားများ မွေးထုတ်ပေးနေသည့် အခြေအနေတစ်ရပ်ကိုလည်း ဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇူလိုင် ၂၉ ရက် ရန်ကုန်မြို့၌ ပြုလုပ်သည့် အသေးစား၊ အလတ်စား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာရေးဆွဲ နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြား သည်။ ‘‘နိုင်ငံတကာမှာဆိုရင် စက် မှုဇုန်နဲ့ နည်းပညာတက္ကသိုလ်တွေ က ချိတ်ဆက်ထားတယ်။ စက်မှု ဇုန်တွေအတွက် လိုအပ်တဲ့ နည်း ပညာပိုင်းနဲ့ အတတ်ပညာပိုင်းက တက္ကသိုလ်တွေကပဲ ပံ့ပိုးပေးနေ တာဖြစ်ပါတယ်’’ဟု ဦးဖြိုးမင်း သိန်းက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးရှိ နည်းပညာ တက္ကသိုလ်များတွင် အသက်မွေးဝမ်းကျောင်း နည်း ပညာကာလတို သင်တန်းများ ဖွင့်လှစ်ရန် တက္ကသိုလ်များ၌ သင်ရိုးညွှန်းတမ်း၊ သင်ကြားရေးဆရာ၊ ဆရာမ အဆင်သင့်ရှိနေပြီး ပညာရေးဝန်ကြီးဌာနက ညွှန်ကြားသည်နှင့် စတင်သင်ကြားပေးနိုင်ပြီဟု သိရသည်။ ‘‘ရန်ကုန်က နည်းပညာ တက္ကသိုလ်တွေမှာဖွင့်ဖို့ စီစဉ်နေ တာရှိတယ်။ Mechanical ပိုင်းဆိုရင် စက်ပြင်ဆင်တဲ့ သင်တန်း တွေ၊ မော်တော်ယာဉ်နဲ့ပတ်သက် တဲ့ သင်တန်းတွေ ပါမယ်။ နောက် လျှပ်စစ်နည်းပညာ သင်တန်းတွေ၊ ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ သင်တန်းတွေပါမယ်။ ဒေသမှာရှိတဲ့ အလုပ်လက်မဲ့အားလုံး အလုပ်အကိုင်ရဖို့ အခွင့်အလမ်းတွေရသွားမယ်။ ဒီလို ကျောင်းတွေမှာ ဖွင့်တဲ့အတွက် ဆရာမတို့က သူတို့ကို အသိအမှတ်ပြု လက်မှတ်တွေလည်း ပေးလို့ရတယ်။ စနစ်တကျလည်း သင်ပေးနိုင်တယ်။ အဲဒီတော့ ကျွမ်းကျင်လုပ်သားအင်အားလည်း တက်လာတာပေါ့’’ဟု သန်လျင် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်က ပြောသည်။ လုပ်ငန်းခွင်အတွင်း နည်း ပညာ ကျွမ်းကျင်လုပ်သားအင် အား လုံလောက်စေရေးနှင့် နည်း ပညာ၊ သက်မွေးပညာရေး လမ်း ကြောင်းကို ပြည်သူများ ရွေးချယ် နိုင်ရန် ရည်ရွယ်ကာ အစိုးရက နည်းပညာ၊ သက်မွေးကာလတို သင်တန်းများကို ၂၀၁၅ က စတင်ဖွင့်လှစ်ခဲ့သည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး နတ်မောက်လမ်း၌ စင်ကာပူ - မြန်မာ နည်းပညာသက်မွေးသင်တန်းကျောင်း ဖွင့်လှစ်ထားပြီး အင်ဂျင်နီယာ နည်းပညာနှင့် ဟိုတယ်ခရီးသွား ဆိုင်ရာ ခြောက်လသင်တန်းများ ပို့ချနေသည်။
Source : http://ift.tt/2tPoQXi
via IFTTT

No comments:

Post a Comment