အရက်သောက်သုံးသူတွေဟာ ငယ်စဉ်က သင်ယူခဲ့မှုတွေကို မှတ်မိလွယ်စေတယ် ကျနော်တို့တွေ အသက်အရွယ်ကြီးရင့်လာမှုနဲ့အတူ ငယ်စဉ်က ဖြစ်ပျက်ခဲ့၊ သင်ကြားခဲ့တာတွေကို မေ့ပျောက်သွားတတ်ကြ ပေမယ့် အရက်သောက်သုံးခြင်းကြောင့် အခုလို မေ့လျော့နေတတ်တဲ့ အကြာင်းအရာတွေကို ပြန်လည် မှတ်မိလွယ်စေတယ် လို့ နောက်ထပ်လေ့လာချက်တွေအရ သိလာရပါတယ်။ အထူးသဖြင့်တော့ မှတ်ဉာဏ်ပိုင်းချို့ယွင်းချက်ကို အရက်သောက်သုံးခြင်းနဲ့အတူ အတတ်နိုင်ဆုံး ကာကွယ်နိုင်လာတာ လည်း ဖြစ်ပါတယ်။ ဒါပေမယ့် အရက် အလွန်အကျွံသောက်သုံးမှုနဲ့ စစ်မှန်မှု မရှိတဲ့အရက်တွေကို သောက်သုံးမှုကတော့ မှတ်ဉာဏ်ပျက်စီးမှု ကိုတောင် အားပေးနေသလို ဖြစ်စေပါတယ်။ ပုံမှန်အနေနဲ့တော့ သင်ယူမှု မပြုသည့်တိုင်အောင် နေ့စဉ် ကျနော်တို့ တွေ့မြင်နေသမျှကို ဦးနှောက်က အလိုအလျောက် မှတ်သားထားတာ ဖြစ်ပြီး အရက်သောက်သုံးသူတွေဟာ သောက်သုံးနေချိန်မှာ မိမိ အရင်က အစောပိုင်းက ဘာတွေဖြစ်ခဲ့ တယ်၊ ဘယ်လို ခံစားရတယ်ဆိုတာတွေကို ပြန်လည်တွေးတောတတ်တာကြောင့် မှတ်ဉာဏ်ပိုင်း အမှတ်ရမှု ပိုလာစေတာ ဖြစ်တယ်လို့ သိရပါတယ်။ အင်္ဂလန်နိုင်ငံ၊ Exeter တက္ကသိုလ်က လေ့လာသူတွေက မိမိအိမ်မှာပဲ အရက်သောက်သုံးတတ်သူတွေဆီကို ကွင်းဆင်းလေ့ လာမှုတွေ လုပ်ဆောင်ခဲ့ပြီး စစ်တမ်းတွေ ထုတ်ဖော်ပြသလာခဲ့တာလည်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့လေ့လာချက်တွေဟာ အရက်သောက်သုံးမှုက ကောင်းမွန်တယ်၊ အရက်သောက်သင့်တယ်လို့ ဆိုချင်တာ မဟုတ် ပါဘူး၊ ဒါပေမယ့် အရက်သောက်သုံးသူတွေဟာ ပိုမိုတဲ့ မှတ်မိနိုင်စွမ်း ရှိတယ်ဆိုတာကို ပြချင်တာပဲ ဖြစ်ပါတယ်လို့ လေ့လာမှု အဖွဲ့ဝင်တဦးဖြစ်တဲ့ Celia Morgan က ပြောပါတယ်။ သင့်အနေနဲ့ လာမယ့်စာမေးပွဲမှာ ဖြေဆိုဖို့အတွက် စာတွေကို ပိုမို မှတ်သားကျက်မှတ်ချင်တယ် မဟုတ်လား၊ ဒါဆို အရက် နည်းနည်း ပုံမှန်သောက်ပေးမယ်ဆိုရင် မှတ်သားနိုင်စွမ်း ပိုလာစေပါလိမ့်မယ်။ မှတ်ဉာဏ်တို စွမ်းရည်ကိုတော့ အရက်က အားနည်းစေပြီး ခဏတွင်း မှတ်သားမှုမှာ အားနည်းစေချင်ပေမယ့် မှတ်ဉာဏ် ရှည် မှတ်သားနိုင်စွမ်းကိုတော့ ပိုမို ကောင်းမွန်စေတာ တွေ့ရပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ နည်းနည်းလောက် သောက်ထားပြီဆိုတာနဲ့ လေ့လာမှု ဆက်မလုပ်ပါနဲ့တော့၊ ဆက်လက် မှတ်သား နိုင်မှု အားနည်းသွားပေမယ့် အရက်နည်းနည်းသောက်ပြီး လေ့လာမှု ရပ်နားလိုက်ခြင်းက တနေကုန် သင် လေ့လာထားသ မျှတွေက ဦးနှောက်ထဲမှာ ပိုမို အချိန်ကြာကြာ မှတ်မိနေစေပါတယ်။ ကျောင်းသား ၈၈ ယောက်ကို အုပ်စု ၂ စု ခွဲလိုက်တယ်၊ ဘာသာရပ်လေ့လာမှု ဆိုင်ရာ သင်ကြား မှတ်သားမှုကို လုပ်ဆောင် စေတယ်၊ တဖွဲ့က လေ့လာမှု လုပ်ဆောင်ပြီး အရက်သောက်တယ်၊ နောက်တဖွဲ့က လေ့လာမှု လုပ်ပြီး အရက် မသောက်ဘူး၊ နောက်နေ့မှာ သူတို့ကို တန်းတူ သင်ကြားပေးလိုက်တဲ့ ဘာသာရပ်သင်ခန်းစာတွေကို ပြန်လည် မေးခွန်း ထုတ် စစ်ဆေးချိန်မှာ အရက်သောက်ထားသူတွေက ပိုမို မှတ်မိ သိရှိနေတာ တွေ့လာရတာပါ။ ဦးနှောက်ရဲ့ Hippocampus အပိုင်းက အရမ်းအရေးကြီးပါတယ်၊ သူက မှတ်ဉာဏ်ရှည် မှတ်သားမှုအပိုင်းနဲ့ ချိတ်ဆက်နေ ပြီး မှတ်ဉာဏ်တိုမှတ်သားမှုကနေ မှတ်ဉာဏ်ရှည် မှတ်သားမှုကို အရက်ကြောင့် ပိုမို ထိရောက် ကောင်းမွန်လာစေတာဖြစ် တယ်လို့ Morgan ဆိုပါတယ်။ ဘာသာရပ်လေ့လာမှုနဲ့တင် မဟုတ်သေးဘဲ ပုံရိပ်ပိုင်းဆိုင်ရာ မှတ်သားမှု လေ့လာချက်တွေမှာဆိုရင် အရက်သောက်သုံးသူ တွေကို ပုံရိပ်တွေကို ပိုမို မှတ်မိနေကြတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လေ့လာသူတွေက အရက်သောက်များရင်တော့ စိတ် ဖိစီးမှု ဖြစ်လာပြီး စိတ်ကျရောဂါ ခံစားရနိုင်သလို မှတ်ဉာဏ်အတွက်ရော ကျန်းမာရေးအတွက်ပါ ပိုမို ထိခိုက်ပျက်စီးမှု ရှိစေ မယ်လို့ ဆိုပါတယ်။ အရက်သောက်သုံးမှုက မှန်ကန်စနစ်ကျမယ်ဆိုရင် မှတ်ဉာဏ်အတွက် ပိုလို့ ကောင်းမွန်စေပါတယ်၊ အလွန်အကျွံမဖြစ်စေဖို့ သင့်တင့်ရုံပဲ သောက်သုံးသင့်ပါတယ်။ အကောင်းဆုံးကတော့ အရက် ၂ ပက်ထက် ပိုမသောက်သင့်သလို ၂ပက်လောက် ပုံမှန် သောက်သုံးပေးလို့ ရပါတယ်လို့ လေ့ လာချက်မှာ ဆိုထားတာ တွေ့ရပါတယ်။ Ref: http://ift.tt/2vkOSG2 The post အရက်သောက်သုံးသူတွေဟာ ငယ်စဉ်က သင်ယူခဲ့မှုတွေကို မှတ်မိလွယ်စေတယ် appeared first on ဧရာဝတီ.
Source : http://ift.tt/2wdwpYA
via IFTTT
No comments:
Post a Comment